ငွေကြယ်အိမ် ဆောက်လုပ်ရေးလုပ်ငန်းမှ ဒါရိုက်တာ ကိုသီဟကိုကိုနှင့် အင်တာဗျုး
Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)
ငွေကြယ်အိမ် ဆောက်လုပ်ရေးလုပ်ငန်းကို ၂၀၁၂ ခုနှစ်မှ စ၍ လုပ်ကိုင်
ခဲ့ကြောင်းနှင့် မြေရှင်များနှင့် ညှိနှိုင်း၍ အခန်းပေး အခန်းယူ ပုံစံမျိုးဖြင့်
အများဆုံးဆောက်လုပ်ဖြစ်နေကြောင်း သိရသည်။အိမ်၊ခြံ၊မြေ အကျိုးဆောင်
လုပ်ငန်းကိုလည်း လုပ်ကိုင်နေကြောင်းနှင့်မြို့နယ်အစုံကို အကျိုးဆောင်
ပေးနေကြောင်း သိရသည်။
မိမိတို့ ကုမ္ပဏီတွင် ကြိုပွိုင့်တိုက်ခန်းများကိုလည်း ရရှိနိုင်ကြောင်းနှင့်
တောင်ဥက္ကလာမြို့နယ်တွင် အများဆုံး ဆောက်လုပ်ဖြစ်နေကြောင်း
သိရသည်။ဝယ်ယူသူများမှာလည်း မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် အလုပ် လုပ်ကိုင်နေကြသော မြန်မာလူမျိုးများမှလည်း ၀ယ်ယူကြကြောင်း
သိရသည်။ဆောက်လုပ်ရေးလုပ်ငန်းပိုင်းနှင့် ပတ်သက်၍လည်း မြို့တော်
စည်ပင်မှချမှတ်ထားသော Structure အတိုင်း တိတိကျကျလိုက်နာ၍
ဆောင်ရွက်ပေးသောကြောင့် အဆောက်အဦး၏ ကြံ့ခိုင်မှု့နှင့် ပတ်သက်၍ အလုံးစုံအာမခံပေးနိုင်ပါကြောင်း ပြောသည်။
လက်ရှိကာလ ရန်ကုန်မြို့တော်ကြီးတွင် ဆောက်လုပ်ရေးလုပ်ငန်းများ များစွာ
ပေါ်ပေါက်လာသော်လည်း အခန်းရောင်းလိုအားနှင့် ၀ယ်လိုအားယှဉ်လျှင်
ရောင်းလိုအားမှာမြင့်တက်လျှက်ရှိပြီး ၀ယ်လိုအားမှာ များစွာကျဆင်း
နေသောကြောင့် မိမိတို့ အနေဖြင့် စောင့်ကြည့်နေသောကြောင့် အတိအကျ
ခန့်မှန်း၍ မရနိုင်ပါကြောင်း ပြောကြားသွားခဲ့ပါသည်။