အဉ္ဇလီဖြိုး ဆောက်လုပ်ရေးလုပ်ငန်းမှ မခင်နဒီလင်း နှင့်အင်တာဗျုး
Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)
အဉ္ဇလီဖြိုး ဆောက်လုပ်ရေးလုပ်ငန်းကို ၂၀၀၀ခုနှစ် မှစ၍ လုပ်ကိုင်
ခဲ့ကြောင်းနှင့် ဆောက်လုပ်ပေးရာတွင်လည်း ကွန်ဒို၊တိုက်ခန်း များကို
အများဆုံးဆောက်လုပ်ဖြစ်နေကြောင်း သိရသည်။မြို့နယ် အနေဖြင့်
စမ်းချောင်း၊လှိုင်၊ကမာရွတ်၊တာမွေ၊ကျောက်မြောင်း အစရှိသည်တို့တွင် အများဆုံးဆောက်လုပ်ခဲ့ကြောင်းပြောသည်။
တိုက်ခန်းတည်ဆောက်ရာတွင်လည်း မိမိတို့ ကုမ္ပဏီမှ Developer အဖြစ်တည်ဆောက်မှု့များရှိသလို၊ မြေပိုင်ရှင်နှင့် ပူးပေါင်း၍ တည်ဆောက်
မှု့များလည်း ရှိကြောင်း သိရသည်။Payment ပိုင်း နှင့် ပတ်သက်၍လည်း မိမိတို့ဘက်မှ တသမတ်တည်း သတ်မှတ်ထားခြင်းမျိုး မရှိကြောင်းနှင့်
Customer များ အဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက်ပေးကြောင်း
ပြောကြားသည်။
မိမိတို့ အဉ္ဇလီဖြိုး ဆောက်လုပ်ရေးမှ နေထိုင်သူများ အဆင်ပြေစေရန်
အတွက် အဆင်သင့် နေထိုင်နိုင်ရန်ဆောင်ရွက် ပေးထားကြောင်းနှင့်
ကြိုပွိုင့် ၀ယ်ယူထားသူများမှလည်း မိမိတို့လိုချင်သော ပုံစံမျိုးရှိပါကလည်း ကြိုတင်၍ ညှိနှိုင်းဆောင်ရွက်ပေးပါကြောင်း ပြောသည်။
တိုက်ခန်းဈေးနှုန်းများမှာလည်း ပျမ်းမျှအနေဖြင့် အနည်းဆုံး ၁၉*၅၀ ပေ
ပြင်ဆင်ပြီးဆိုလျှင် သိန်း ၅၅၀ မျှရှိကြောင်းနှင့် ကွန်ဒိုဆိုလျှင်လည်း
၂၀၀၀ sqft ဆိုလျှင် သိန်း ၃၆၀၀ ခန့်ရှိကြောင်း ကိုပြောကြားသွားခဲ့ပါသည်။