iMyanmarHouse.com မှ Managing Director ဦးနေမင်းသူ နှင့် Mandalay FM အင်တာဗျူး (အပိုင်း-၂) - Property Interview from iMyanmarHouse.com
2144 ကြိမ် ကြည့်ရှု့ ပြီး

iMyanmarHouse.com မှ Managing Director ဦးနေမင်းသူ နှင့် Mandalay FM အင်တာဗျူး (အပိုင်း-၂)

Posted by မေသက်နှင်း (iMyanmarHouse.com)

အိမ်၊ ခြံ၊ မြေ ပူဖောင်းပေါက်သည်ဆိုခြင်းမှာ ဈေးနှုန်းများ များစွာကျဆင်းသွားကာ ဈေးကွက်တစ်ခုလုံး ပျက်ဆီးသွားခြင်းကို ဆိုလိုခြင်း ဖြစ်ပါသည်။ဥပမာအားဖြင့် ၁၉၉၇ ခုနှစ်တွင် ထိုင်းနိုင်ငံတွင် တစ်ကြိမ်၊ ၂၀၀၈ခုနှစ်တွင် အမေရိကန်နိုင်ငံတွင် တစ်ကြိမ်၊ ဘဏ်လုပ်ငန်းများအနေဖြင့် အိမ်၊ ခြံ၊ မြေ ကဏ္ဍတွင် ရင်းနှီးမြုပ်နှံရန်အတွက် ချေးငွေအများအပြားထုတ်ပေးခဲ့ခြင်းဖြစ်သည်။
ဈေးကွက်ထဲတွင် ဈေးကျစ ပြုလာခြင်းကြောင့် ဝယ်ယူသူနည်းပါးလာကာ လက်ဝယ်ရှိ အိမ်၊ ခြံ၊ မြေများကို ရရာဈေးဖြင့် ထုတ်ရောင်းလာကြသည်။ဘဏ်များမှာ ချေးငွေများ ပြန်လည်မရရှိသော်လည်း ဗဟိုဘဏ်မှ ပြန်လည်ကယ်ဆယ်ခြင်းကြောင့် ဒေဝါလီမခံခဲ့ခြင်းဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံမှ ဆောက်လုပ်နေသော Project အများစုမှာ ဘဏ်ချေးငွေဖြင့် ဆောက်လုပ်နေကြခြင်း ဖြစ်ပြီး ဝယ်ယူသူ နည်းပါးလျက်ရှိပါသည်။ငွေကြေးလည်ပတ်မှုနှုန်း နည်းပါးနေခြင်းကြောင့် နောက်ဆုံးတွင် ဘဏ်လုပ်ငန်းများပေါ်သို့ပါ သက်ရောက်မှု ရှိနိုင်ကြောင်း ပြောသွားပါသည်။ဆောက်လုပ်ရေးလုပ်ငန်းများ အနေဖြင့် လုပ်ငန်းအသစ်စတင်ရန် စောင့်ကြည့်နေကြဆဲကာလပင် ဖြစ်သည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)