iMyanmarHouse.com မှ Managing Director ဦးနေမင်းသူ နှင့် Mandalay FM အင်တာဗျူး (အပိုင်း-၁) - Property Interview from iMyanmarHouse.com
3812 ကြိမ် ကြည့်ရှု့ ပြီး

iMyanmarHouse.com မှ Managing Director ဦးနေမင်းသူ နှင့် Mandalay FM အင်တာဗျူး (အပိုင်း-၁)

Posted by မေသက်နှင်း (iMyanmarHouse.com)

၂၀၁၂ခုနှစ်မတိုင်ခင်တွင် မြန်မာနိုင်ငံတွင် လူအများစုမှာ မိမိတို့ ရင်းနှီးမြှုပ်နှံရန် အတွက် အိမ်၊ ခြံ၊ မြေ ဈေးကွက် အပြင် တခြားကဏ္ဍ များစွာရှိကြောင်း၊ ၂၀၁၂ခုနှစ်နောက်ပိုင်းတွင် ကားဈေးကွက်မှာ ဈေးနှုန်း ကျဆင်းသွားသည့်အပြင် ရွှေ နှင့် ဒေါ်လာဈေးကွက်မှာ ဈေးအတက်အကျများလွန်းသောကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ အဓိကရင်းနှီးမြှုပ်နှံရန် နေရာတစ်ခု ဖြစ်လာကြောင်း ပြောသွားပါသည်။
ပြည်ပနိုင်ငံများမှ တရားမဝင်ငွေကြေးအများစုမှာ အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းသို့ စီးဆင်းလာသောကြောင့် ဈေးနှုန်းများ အဆမတန် မြင့်တက်သွားရခြင်း ဖြစ်ကြောင်း သိရပါသည်။ယခု ၂၀၁၅ခုနှစ်တွင် အရောင်းအဝယ် အလွန်အေးနေခြင်းမှာ လာမည့် ရွေးကောက်ပွဲရလဒ်၊ အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှုဈေးကွက် ပေါ်ထွက်လာမည် ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရဘက်မှ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် အခွန်နှုန်းထားများဖြင့် ပြန်လည် ထိန်းချုပ်ထားခြင်း နှင့် တရားမဝင် ငွေကြေးစီးဆင်းမှုကို ပြန်လည်ထိန်းချုပ်ထားခြင်း တို့ကြောင့် ဖြစ်သည်ဟု ပြောသွားပါသည်။
၂၀၁၅ ခုနှစ်တွင် မည်သို့ဖြစ်လာမည်ကိုစောင့်ကြည့် နေဆဲဖြစ်ကြောင်း၊ ရွေးကောက်ပွဲရလဒ်ကောင်းပါက ယခုအချိန်တွင် ရပ်တန့်နေသော အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ပြန်လည် ဦးမော့လာနိုင်ကြောင်း ထင်မြင်ချက် ပေးသွားပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)