အောင်မြင်ပြည့်စုံ (AMPS) ကုမ္ပဏီ မှ မန်နေးဂျင်း ဒါရိုက်တာ ကိုသူရအောင်နှင့် အင်တာဗျူး (အပိုင်း-၁) - Property Interview from iMyanmarHouse.com
1955 ကြိမ် ကြည့်ရှု့ ပြီး

အောင်မြင်ပြည့်စုံ (AMPS) ကုမ္ပဏီ မှ မန်နေးဂျင်း ဒါရိုက်တာ ကိုသူရအောင်နှင့် အင်တာဗျူး (အပိုင်း-၁)

Posted by မေသက်နှင်း (iMyanmarHouse.com)

အောင်မြင်ပြည့်စုံ (AMPS) ကုမ္ပဏီကို ၂၀၁၀ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး ယခင် AM Construction မှ အမည်ပြောင်းလဲထားကြောင်း သိရပါသည်။ လက်ရှိတွင် လုံးချင်းအိမ်ရာ၊ အထပ်မြင့် အိမ်ရာများ အများဆုံး တည်ဆောက်နေကြောင်း၊ မကြာမီ ၁၈ထပ်ခွဲ Project တစ်ခု တည်ဆောက်ရန် စီစဉ်ထားကြောင်း ရေကျော်ဈေးကို ပြန်လည် တည်ဆောက်ရာတွင်လည်း Developer အဖြစ်တာဝန်ယူထားကြောင်း သိရပါသည်။

လက်ရှိဆောင်ရွက်နေသော Project စုစုပေါင်း (၁၃)ခုရှိပြီး မကြာမီ ရောင်းချတော့မည် Project (၄)ခု ရှိပါသည်။ဆရာစံလမ်းတွင် တည်ဆောက်နေသော Treasure Residence မှာ swimming pool, Gym Room ကဲ့သို့ facilities အပြည့်အစုံ ပါဝင်ပြီး (1) Sqft လျှင် (၂)သိန်းကျပ် မှ (၂)သိန်းခွဲကျပ်ဝန်းကျင်ထိ သတ်မှတ်ထားပါသည်။

ထို့အပြင် အခြား Project များနေဖြင့် 9 Mile Avenue, 50 Street Condominium, Aung Chan Thar Condominium, Aung Zay Ya Condominium, khine Shwe Yee Condominium, Marlar Myaing Residence, Min Ye` Kyaw Swar Condominium, Thitsar Yeik Thar Condminium စသည်တို့ကိုလည်း တည်ဆောက်နေကြောင်း သိရပါသည်။ဆောက်လုပ်သော Project များ၏ Safety ပိုင်းနှင့် ပတ်သက်၍ အရည်အသွေးပြည့်မှီအောင်ဆောင်ရွက်ထားကြောင်း ပြောသွားပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)