Amarapura Construction Co.,Ltd မှ General Manager ဦးကံညွှန့် နှင့် အင်တာဗျူး (အပိုင်း-၂)
Posted by မေသက်နှင်း (iMyanmarHouse.com)
ဆောက်လုပ်ရေးလုပ်ငန်းများအပြင် ကွန်ကရစ်လုပ်ငန်းကို လည်း လုပ်ကိုင်ကြောင်း သိရပါသည်။အဆောက်အဦး ဆောက်လုပ်ရာတွင် အသုံးပြုသော အုတ်၊ သဲ၊ ကျောက် အစရှိသော ပစ္စည်းများ ထားရန် နေရာအခက်အခဲများ ဖြေရှင်းနိုင်ပြီး လိုအပ်သော စံနှုန်းထားများ ပြည့်မှီအောင်ပေးနိုင်ကြောင်း သိရပါသည်။
ကွန်ကရစ်လုပ်ငန်းမှာ လူနေထိုင်မှုဘဝတွင် လုံခြုံမှုပိုမိုရရှိ စေနိုင်ရန် ရည်ရွယ်၍ လုပ်ကိုင်ခြင်း ဖြစ်ကြောင်း သိရပါသည်။ ယခုအခါ ဆောက်လုပ်ရေးပိုင်းတွင် စည်းစနစ်မကျသော အပိုင်းများစွာရှိကြောင်း၊ လူအများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် သက်ဆိုင်သောကြောင့် ကျွမ်းကျင်ပညာရှင်များမှ သေချာစွာ စစ်ဆေးသင့်ကြောင်း အကြံပြုပေးသွားပါသည်။
လက်ရှိတွင် အဆောက်အဦးများစွာ ဆောက်လုပ်နေသော်လည်း ဝယ်ယူသူများအနေဖြင့် အနည်းငယ် တုန့်ဆိုင်းနေကြောင်း၊ သို့သော် လမ်းမကြီးများ၊Down Town မြို့နယ်၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ လွယ်ကူ၍ လုံခြုံမှုရှိသော နေရာများတွင် ဈေးကွက် ပို၍ ကောင်းမွန်ကြောင်း သိရပါသည်။ယခု ၂၀၁၅ ခုနှစ်မှာ ခန့်မှန်းရန် ခက်ခဲသော
နှစ်ဖြစ်ပြီး ဆောက်လုပ်ရေး ဈေးကွက် မတည်ငြိမ်နိုင်ကြောင်း ထင်မြင်ချက် ပေးသွားပါသည်။