Estate Myanmar Co.,Ltd မှ Director ကိုထူးမြတ်နိုင် နှင့် အင်တာဗျူး (အပိုင်း-၂) - Property Interview from iMyanmarHouse.com
2223 ကြိမ် ကြည့်ရှု့ ပြီး

Estate Myanmar Co.,Ltd မှ Director ကိုထူးမြတ်နိုင် နှင့် အင်တာဗျူး (အပိုင်း-၂)

Posted by မေသက်နှင်း (iMyanmarHouse.com)

အိမ်၊ ခြံ၊ မြေ လောကတွင် ယခုလက်ရှိ ထူးခြားချက်အနေဖြင့် အခွန်နှုန်းထား အသစ်များ ပေါ်ထွက်လာခြင်းကြောင့် အရောင်းအဝယ် အနည်းငယ် အေးသွားကြောင်း သိရပါသည်။ကားဈေးကွက် နှင့် ဒေါ်လာဈေးကွက်များ မတည်ငြိမ်သည့် အခြေအနေတွင် အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ အာမခံချက် ပိုများသောကြောင့် ရင်းနှီးမြှုပ်နှံမှုများလာကြောင်း တွေ့ရပါသည်။

ရန်ကုန်မြို့၏ အထင်ကရနေရာများ၊ Down Town မြို့နယ်များတွင် တစ်ပေပတ်လည်ဈေးနှုန်းမှာ (၁၀)သိန်း အထက်တွင်ရှိကြောင်း၊ ပတ်ဝန်းကျင် နှင့် မြေအခြေအနေပေါ် မူတည်၍ ဈေးနှုန်းကွာခြားချက်များ ရှိနိုင်ကြောင်း ပြောသွားပါသည်။ရန်ကုန်မြို့တွင် လူဦးရေ ထူထပ်လာသောကြောင့် မြို့သစ်တည်ဆောက်မည်ဆိုပါက လူနေထိုင်ရန် အဆင်ပြေလွယ်ကူမှသာလျှင် အကျိုးရှိနိုင်ကြောင်း သိရပါသည်။

Estate Myanmar Co.,Ltd အနေဖြင့် customer များအပေါ်တွင် အကောင်းဆုံးဝန်ဆောင်မှုပေးနေကြောင်း၊ လိုအပ်ချက်များရှိပါက ဝေဖန် အကြံပြုနိုင်ကြောင်း၊ ယခုထက်ပို၍ ဝန်ဆောင်မှုပေးနိုင်ရန် အစဉ်အမြဲ ကြိုးစားနေကြောင်း ပြောသွားပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)