Estate Myanmar Co.,Ltd မှ Director ကိုထူးမြတ်နိုင် နှင့် အင်တာဗျူး (အပိုင်း-၁) - Property Interview from iMyanmarHouse.com
2179 ကြိမ် ကြည့်ရှု့ ပြီး

Estate Myanmar Co.,Ltd မှ Director ကိုထူးမြတ်နိုင် နှင့် အင်တာဗျူး (အပိုင်း-၁)

Posted by မေသက်နှင်း (iMyanmarHouse.com)

Estate Myanmar Co.,Ltd မှာ အိမ်၊ ခြံ၊ မြေ နှင့် ပတ်သက်သောလုပ်ငန်းများကို ၂၀၀၃ခုနှစ်မှ စတင်ခဲ့ပြီး ၂၀၁၀တွင် စနစ်တကျ ဖွဲ့စည်းလုပ်ကိုင်ခဲ့ကြောင်း သိရပါသည်။ရုံးချူပ်တည်ရှိရာ ကမာရွတ်မြို့နယ်မှာ အများဆုံးအကျိုးဆောင်ပေးရသော မြို့နယ်ဖြစ်သည်။ Estate Myanmar Co.,Ltd အနေဖြင့် လက်ရှိတွင် ရုံးခွဲ (၂)ခု ဖွင့်လှစ်ထားပြီး နောက်ထပ်ရုံးခွဲများထပ်မံဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရပါသည်။

ကွန်ဒိုများ၊ တိုက်ခန်းများ အသစ်ဆောက်လုပ်မှုများကြောင့်၂၀၁၅ ခုနှစ် တစ်နှစ်ပတ်လုံးတွင် အငှားဈေးကွက် နှင့် အရောင်းဈေးကွက် နှစ်ခုလုံးတွင် အခန်းအသစ်များ ပေါ်ထွက်လာနိုင်ပြီး လက်ရှိမြင့်တက်နေသော အိမ်၊ ခြံ၊ မြေ ဈေးများ အတိုင်းအတာ တစ်ခုအထိ လျော့ကျလာနိုင်ကြောင်း ပြောသွားပါသည်

အကျိုးဆောင် မပါဝင်ပဲ အရောင်းအဝယ်လုပ်ကိုင်ပါက အခက်အခဲများစွာ မရှိနိုင်သော်လည်း အကျိုးဆောင်ဖြင့် လုပ်ကိုင်ဖြင်းဖြင့် မိမိစိတ်တိုင်းကျသည်အထိ ရွေးချယ်မှုများ ပြုလုပ်ပေးနိုင်ခြင်း၊ လိုအပ်သော အကြံဥာဏ်များ ပေးနိုင်ခြင်း၊ စာရွတ်စာတမ်းများ သေချာစွာစစ်ဆေးပေးခြင်း စသော အားသာချက်များ ရှိကြောင်း သိရပါသည်။ထို့ကြောင့် အရောင်းအဝယ်တစ်ခု ပြုလုပ်မည်ဆိုပါက တတ်သိနားလည်သူများထံမှ အကူအညီယူရန် ဝန်မလေးစေချင်ကြောင်း အကြံပြုချက်ပေးသွားပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)