မဘုတ် အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ မဘုတ်နှင့် အင်တာဗျုး - Property Interview from iMyanmarHouse.com
2335 ကြိမ် ကြည့်ရှု့ ပြီး

မဘုတ် အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ မဘုတ်နှင့် အင်တာဗျုး

Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)

မဘုတ် အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းကို ၂၀၁၃ ခုနှစ်မှ စ၍ လုပ်ကိုင်
ခဲ့ကြောင်းနှင့် မရန်းကုန်းမြို့နယ်ရှိ မုဒိတာကွန်ဒိုနှင့် အင်းစိန်မြို့နယ်ရှိ မုဒိတာ
ကွန်ဒို တို့ကိုသာ အဓိကထား အကျိုးဆောင်ပေးနေကြောင်း သိရသည်။
မရန်းကုန်းမြို့နယ်ရှိ မုဒိတာကွန်ဒို (၁)တွင် လက်ရှိ ဈေးကွက်မှာ အနည်းငယ်
အေးနေကြောင်း၊ ဈေးနှုန်းအနေဖြင့် သိန်း၃၀၀ ၀န်းကျင်အတွင်း တည်ရှိ
နေကြောင်း သိရသည်။

မုဒိတာကွန်ဒို(၁)တွင် အငှားအများဆုံးဖြစ်နေကြောင်းနှင့် နိုင်ငံခြားသားများလည်း
ငှားရမ်းနေထိုင်ကြကြောင်းသိရသည်။မုဒိတာ (၂)တွင်လည်း သိန်း ၁၉၀ ဆိုလျှင်
အသင့်နေထိုင်နိုင်သော တိုက်ခန်းကိုရရှိနိုင်ပြီး၊စာရွက်စာတမ်းနှင့် ပတ်သက်
၍လည်း ကုမ္ပဏီတွင် အမည်ပေါက် ပြောင်းလဲနိုင်သောကြောင့် အ၀ယ်လိုက်
ကြောင်းပြောသည်။

ယခုလိုတိုက်ခန်းများကို တည်ဆောက်ပေးခြင်းအားဖြင့် အခြားသော တိုက်ခန်းများနှင့် မတူပဲ လုံခြုံမှု့ပိုရှိသည်ဟု ခံစားရကြောင်းနှင့် တိုက်ခန်းကို
အရစ်ကျဝယ်၍ ပေးသွင်းရာတွင်လည်း တစ်လမှ သုံးသိန်းကျပ်လောက်သာ ကျသင့်သောကြောင့် လူလတ်တန်းစားများအတွက် တိုက်ခန်းကိုယ်ပိုင်များ
ရရှိနိုင်သောကြောင့် ကောင်းမွန်ကြောင်း ပြောကြားသွားခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)