ပြည်ငြိမ်းသူ Construction Co.,Ltd မှ Director ကိုဇာနည်ရဲအောင် နှင့် အင်တာဗျူး (အပိုင်း-၁)
Posted by မေသက်နှင်း (iMyanmarHouse.com)
ပြည်ငြိမ်းသူ Construction Co.,Ltd ကို ၂၀၀၈ခုနှစ် မတ်လမှ စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ယခုလက်ရှိတွင် ဆောက်လုပ်ရောင်းချနေသော Condominium Project များ အနေဖြင့် လှိုင်မြို့နယ်၊ ဓမ္မာရုံလမ်းရှိ “DANATHUKHA Condominium” နှင့် ၇ မိုင်၊ ပြည်သူ့လမ်းရှိ “7Miles Condominium” (၂)ခုရှိကြောင်း သိရပါသည်။ထို့အပြင် ပြည်လမ်း၊ ၆ မိုင်ခွဲ၊
ရွှေဟင်္သာလမ်း တွင်လည်း လုပ်ငန်း မစတင်ရသေးသော Condomimium Project တစ်ခုရှိသေးကြောင်း သိရပါသည်။
“DANATHUKHA Condominium” မှာ (၂)ခန်းတွဲ၊ (၈)ထပ်တိုက် ဖြစ်ပြီး အပေါ်တွင် Pent House ပါဝင်ခြင်း၊ Ground Floor တွင် ကားပါကင်ပါဝင်ပြီး၊
အခန်းပေါင်း (၁၆)ခန်း နှင့် အခန်းအားလုံးအတွက် ကားပါကင် အလုံအလောက် ထည့်သွင်းတည်ဆောက်ထားပါသည်။ထိုCondo၏ Structure Design ပုံမှန် နှင့်
ခြားနားသော Design ကို အသုံးပြုထားပြီး Foundation ပိုင်းမှ စတင်၍ ပိုမို
ခိုင်ခန့်အောင် တည်ဆောက်ထားပါသည်။အခန်းအမျိုးအစားအနေဖြင့် Room A-(2316)Sqft နှင့် Room B-(2253)Sqft ဟူ၍ (၂)မျိုး ခွဲခြားထားပါသည်။
Safety ပိုင်းနှင့် ပတ်သက်၍ Ground Floor တွင် CCTV Camera တပ်ဆင်ထားခြင်း၊ Lobby တွင် Card Systemဖြင့် ထားရှိပေးခြင်း၊ လုံခြုံရေးဝန်ထမ်းများထားရှိပေးခြင်းတို့ စီစဉ်ထားပါသည်။အိပ်ခန်း(၄)ခန်း ပါဝင်သော လူနေအိမ်ခန်းများ၊ အခြား(၂)ခန်းတွဲ၊ (၈)ထပ်တိုက် များနှင့် ခြားနားစွာ ဓါတ်လှေကား (၂)စင်း ပါဝင်ခြင်း၊ ကောင်းမွန်သော ရေသန့်စင်စနစ်ပါဝင်ခြင်း စသော အကြောင်းအရာများကြောင့် ဝယ်ယူသူများ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိနိုင်ပါသည်။