ခတ္တာမျိုးမျိုး အိမ်၊ ခြံ၊ မြေ လုပ်ငန်းမှ တာဝန်ရှိသူ မချိုမာနှင့် အင်တာဗျူး
Posted by မေသက်နှင်း (iMyanmarHouse.com)
ခတ္တာမျိုးမျိုး အိမ်၊ ခြံ၊ မြေ လုပ်ငန်းကို ၂၀၀၂ခုနှစ်မှ စတင် လုပ်ကိုင်ခဲ့ကြောင်း သိရပါသည်။သုဝဏ္ဏ မြို့နယ်၊ သာကေတ မြို့နယ်၊ တောင်ဥက္ကလာ မြို့နယ် နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် အများဆုံး အကျိုးဆောင်ပေးရကြောင်း သိရပါသည်။
ရုံးခန်းတည်ရှိရာ သုဝဏ္ဏမြို့နယ်၏ ဈေးကွက် အခြေအနေမှာ အတိအကျပြောရန် အခက်အခဲရှိနေပြီး ကြိုက်ရောင်းကြိုက်ဝယ်
ဈေးကွက်ဖြစ်နေကြောင်း သိရပါသည်။အငှားဈေးကွက်တွင် ငှားလိုသူများနေသော်လည်း ငှားရန်နေရာ ရှားပါးနေကြောင်း သိရပါသည်။
ဒဂုံဆိပ်ကမ်း မြို့နယ်မှာ ယခုအချိန်တွင် အရောင်းအဝယ်အေးသွားပြီး ဝါတွင်းကာလတွင်သာ အရောင်းအဝယ် အဖြစ်များကြောင်း သိရပါသည်။ဒဂုံဆိပ်ကမ်း မြို့နယ်မှာ အနာဂတ်တွင် အရမ်း တိုးတက်လာမည့် နေရာတစ်ခုဖြစ်ကြောင်း ယခုလက်ရှိတွင် လည်း ယခင်ထက်ပို၍ ဈေးကွက် မြင့်မားလာကြောင်း သိရပါသည်။
ရောင်းသူ၊ ဝယ်သူအားလုံး အခွန်ဆောင်ရခြင်းကြောင့်
ရောင်းသူဘက်မှလည်း ရောင်းဈေးမြင့်တက်နေပြီး ဝယ်သူများအနေဖြင့်လည်း ဝယ်ယူရန် ချင့်ချိန်စဉ်းစားနေသော အနေအထားဖြစ်ကြောင်း ပြောသွားပါသည်။ မိမိတို့ထံ ရောက်ရှိလာသော customer ကို စိတ်တိုင်းကျသည်အထိ ဝန်ဆောင်မှုပေးကြောင်း သိရပါသည်။