လင်းသန့် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူ ဦးလင်းသန့်နှင့် အင်တာဗျုး
Posted by ကေခိုင်ကျော်ထွေး (iMyanmarHouse.com)
လင်းသန့် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းကို ၁၉၉၇ ခုနှစ်တွင် စတင် လုပ်ကိုင်ခဲ့ပြီး၊ လင်းသန့် အကျိုးဆောင် ရုံးခန်းကို ၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။လက်ရှိကာလတွင် မြို့ ထဲတစ်ဝိုက် ကိုသာအများဆုံး အကျိုးဆောင်ပေးနေကြောင်း သိရသည်။ဒေါပုံနှင့် သာကေတ မြို့ နယ်များတွင် အရောင်းအဝယ်ဖြစ်သောကြောင့် ၄င်းမြို့ နယ်များတွင် အခြေချ နေထိုင်ကာ အိမ်ခြံမြေလုပ်ငန်းကို လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။
၎င်းထံလာရောက် အပ်နှံကြသူများအနေဖြင့် အခြေချနေဖို့ထိုင်ဖို့ ထက် ရင်းနှီးမြုပ်နုံမှု အတွက်သာ ပိုမိုလာရောက် ကြကြောင်း သိရှိရသည်။ လက်ရှိ အိမ်ခြံမြေဈေးကွက် အခြေအနေသည်ေ ရာင်းလိုအားနှင့် ဝယ်လိုအား ကွာဟသည့် အနေအထားသို့ ရောက်ရှိနေကြောင်း သိရှိရသည်။ ၂၀၁၅ နှစ်သစ် အတွက် အိမ်ခြံမြေဈေးနှုန်း အတက်အကျသည် ငွေကြေးဖောင်းပွမှုပေါ်တွင် မူတည်နေကြောင်း ပြောပြပေးခဲ့ပါသည်။