M.K.T Construction Co.,Ltd မှ CEO ဦးမျိုးမြင့် နှင့် အင်တာဗျူး (အပိုင်း-၁) - Property Interview from iMyanmarHouse.com
2499 ကြိမ် ကြည့်ရှု့ ပြီး

M.K.T Construction Co.,Ltd မှ CEO ဦးမျိုးမြင့် နှင့် အင်တာဗျူး (အပိုင်း-၁)

Posted by မေသက်နှင်း (iMyanmarHouse.com)

M.K.T Construction Co.,Ltd ကို 2008 ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး 1990 ခုနှစ်မှ စတင် လုပ်ကိုင်နေခဲ့ကြောင်း သိရပါသည်။ M.K.T Construction Co.,Ltd အနေဖြင့် ဟိုတယ်များ၊ Condo Project များ၊ တက္ကသိုလ်ကျောင်းများ၊ အခြေခံပညာကျောင်းများ၊ ဆေးရုံများ၊ စက်မှုဇုန်များ၊ ဝန်ထမ်းအိမ်ရာများ အစရှိသော အဆောက်အဦးများအားလုံးနီးပါး တာဝန်ယူတည်ဆောက်နေကြောင်း သိရပါသည်။

ယခုလက်ရှိတွင် Condo Prject များ အနေဖြင့် Zayar Thiri Condo မှာ Pent House အမိုးပိုင်းအထိ ပြီးစီးနေပြီး (၃၃)ခန်းတွဲ၊ (၈)ထပ်ခွဲ Condo ဖြစ်သည်။စုစုပေါင်း အခန်း(၂၃)ခန်း၊ ကားပါကင် ပါဝင်ပြီး ကမာရွတ်မြို့နယ်၊ လှည်းတန်း၊ ဇေယျာသီရိလမ်းတွင် တည်ရှိပါသည်။အခန်းအကျယ်အဝန်းကို (1400) Sqft, (1650) Sqft နှင့် (1800) Sqft ဟူ၍ (၃)မျိုးခွဲခြားထားပါသည်။

ဒုတိယ Condo Project ဖြစ်သည့် Shwe Poe Eain Condo မှာ လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်းတွင် တည်ရှိပြီး (၁၂)ထပ်ခွဲ အဆောက်အဦးဖြစ်ပြီး အခန်းတစ်ခန်းလျှင် (4000) Sqft ကျော်ခန့် အကျယ်အဝန်း ရှိကြောင်း သိရပါသည်။ထိုနည်းတူစွာ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်တွင် (၄)ခန်း၊ (၈)ထပ်ခွဲဖြင့် စုစုပေါင်း (၃၆)ခန်း ပါဝင်ပြီး Basement ပါဝင်ပြီး ကားပါကင်လည်း ပါဝင်ကြောင်း သိရပါသည်။

ထို့အပြင် အောက်ကြည့်မြင်တိုင်လမ်းမကြီးပေါ် အနောက်ပိုင်းဆေးရုံရှေ့တွင်လည်း (၁၂)ထပ်ခွဲ Condo Project အဖြစ် တည်ဆောက်ရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ လက်ရှိရုံးတည်ရှိရာ 42nd Street Condo မှာ တည်ဆောက်ပြီးစီးနေသည့် အပြင် ရောင်းချရန်အခန်းမှာ Pent House (၃)ခန်းသာ ကျန်ရှိကြောင်း ပြောသွားပါသည်။ယခုလက်ရှိ M.K.T Construction မှ တည်ဆောက်သော Condo Project များတွင် Facilities ပိုင်း နှင့် ပတ်သက်၍ Customer များစိတ်ကျေနပ်အောင် ဝန်ဆောင်မှုပေးကြောင်း သိရပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)