အောင်သမာဓိ အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးအောင်မြင့်နှင့် အင်တာဗျုး - Property Interview from iMyanmarHouse.com
1787 ကြိမ် ကြည့်ရှု့ ပြီး

အောင်သမာဓိ အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးအောင်မြင့်နှင့် အင်တာဗျုး

Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)

အောင်သမာဓိ အိမ်၊ခြံ၊မြေ လုပ်ငန်းကို ၁၉၉၆ခုနှစ်မှ စ၍ လုပ်ကိုင်ခဲ့ကြောင်းနှင့် ရန်ကုန်မြို့တွင် ရုံးခန်းခွဲ အနေဖြင့် ငါးခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း
ပြောသည်။မြို့နယ်အလိုက် ရောင်း၊၀ယ်၊ငှား အနေဖြင့် Down Town
ခြောက်မြို့နယ်တွင် တိုက်ခန်းဖြစ်ပြီး၊ လုံးချင်းအနေဖြင့် ကမ္ဘာအေးလမ်းမနှင့်
ပြည်လမ်းတစ်လျှောက်တွင် အငှားနှင့် Down Town ခြောက်မြို့နယ်
မဟုတ်သော ကျန်မြို့နယ်များတွင် မြေကွက် အရောင်းအ၀ယ်ဖြစ်ကြောင်း သိရသည်။

လှိုင်မြို့နယ်၏ အိမ်၊ခြံ၊မြေ ဈေးကွက်မှာ အင်းစိန်လမ်းမတစ်လျှောက်တွင်
မြေဈေးနှုန်း အကောင်းဆုံးဖြစ်နေကြောင်းနှင့် တိုက်ခန်းငှားဈေးအနေဖြင့်
၁၂၅၀ sqft ဆိုလျှင် သိန်းသုံးဆယ်မှ လေးဆယ်ကြားရှိပြီး ရောင်းဈေးဆိုလျှင် သိန်းငါးထောင်မှ လေးထောင်ကြားရှိကြောင်း သိရသည်။

အောင်သမာဓိ အကျိုးဆောင်မှ လာရောက်အပ်နှံကြသော Customer များအား အမြန်ဆုံးအရောင်းအ၀ယ် ဖြစ်ပြီး ရောင်းမှားဝယ်မှား မဖြစ်အောင် အဓိကထား၍
ဆောင်ရွက်ပေးပါကြောင်းနှင့် နိုင်ငံခြားသားများကိုလည်း ၀န်ဆောင်မှု့ပေးပါ
ကြောင်းကိုလည်း ပြောကြားသွားခဲ့သည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)