ရတနာသိုက် အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ မမြတ်ဆုဝင်းနှင့် အင်တာဗျုး
Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)
ရတနာသိုက် အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်း စတင်လုပ်ကိုင်ခဲ့သည်မှာ
နှစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်းနှင့် မြို့နယ်အနေဖြင့် Down Town၊ ပုဇွန်တောင်နှင့်
ဗိုလ်တစ်ထောင်မြို့နယ်များကို အများဆုံး အကျိုးဆောင်ဖြစ်နေကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်နှင့် ဗိုလ်တစ်ထောင်မြို့နယ်တို့၏ အိမ်၊ခြံ၊မြေ ဈေးကွက်မှာ ဆိုင်ခန်းများ၊ ရုံးခန်းများ အသုံးပြုရန်အတွက် အငှားဈေးကွက် အများဆုံး
ဖြစ်လျက် ရှိကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် ပုဇွန်တောင်မြို့နယ်ဆိုလျှင် တစ်ပေပတ်လည်ကို တစ်သိန်း
ခုနှစ်သောင်းမှ တစ်သိန်းရှစ်သောင်း အထိရှိကြောင်း သိရသည်။လက်ရှိကာလ
အိမ်၊ခြံ၊မြေ ဈေးကွက်တွင် အခွန်ဈေးနှုန်း အပြောင်းအလဲများကြောင့် ၀ယ်ရောင်း
လုပ်ကိုင်သူများ နည်းပါးသွားပြီးဈေးကွက် အနည်းငယ် အေးသွားသော်လည်း
အမှန်တကယ် ရောင်းချင်သူများသာ ရှိတော့ကြောင်း သိရသည်။
အကြံပြုချက်အနေဖြင့် ရောင်းသူများဘက်မှ ဈေးနှုန်းသတ်မှတ်ရာတွင် လက်ရှိ
ပေါက်ဈေးကိုသာ တောင်းဆိုစေလိုကြောင်းနှင့် Customer များဘက်မှလည်း
အချိန်ကုန်သက်သာ၍ တိကျသောအချက်အလက်များကို ပေးနိုင်သော
အကျိုးဆောင်များနှင့် ဆက်သွယ်စေလိုကြောင်းကိုလည်း ပြောကြား
သွားခဲ့ပါသည်။