သရဖူ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ မခိုင်မြတ်ဝေ နှင့် အင်တာဗျူး - Property Interview from iMyanmarHouse.com
1096 ကြိမ် ကြည့်ရှု့ ပြီး

သရဖူ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ မခိုင်မြတ်ဝေ နှင့် အင်တာဗျူး

Posted by မေသက်နှင်း (iMyanmarHouse.com)

သရဖူ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းကို ၂၀၁၁ခုနှစ်မှ စတင် လုပ်ကိုင်ခဲ့ခြင်း
ဖြစ်ပါသည်။ဒဂုံအရှေ့ပိုင်း မြို့နယ် နှင့် ဒဂုံမြောက်ပိုင်းမြို့နယ်များကို အဓိကထားသော်လည်း ကျန်မြို့နယ်များ အားလုံးကိုလည်း အကျိုးဆောင်ပေးကြောင်း သိရပါသည်။မြေကွက်များကို အများဆုံး အကျိုးဆောင်ပေးရပြီး လုံးချင်း နှင့် တိုက်ခန်းများလည်း အကျိုးဆောင်ပေးရပါသည်။

ယခုလက်ရှိတွင် အိမ်၊ ခြံ၊ မြေ ဈေးကွက်အခြေအနေမှာ အနည်းငယ်
ငြိမ်သက်နေကြောင်း သိရပါသည်။ရင်းနှီးမြှုပ်နှံသူများအပြင် ကန်ထရိုက်လုပ်ငန်းများလည်း များပြားလာကြောင်း၊ အချိန်ကာလ ပေါ်မူတည်၍ ဈေးကွက် အခြေအနေ ပြောင်းလဲမှုများရှိကြောင်း သိရပါသည်။မြောက်ဒဂုံမြို့နယ်၏ လုံးချင်းဈေးမှာ သိန်း(၁၀၀၀) မှ သိန်း(၁၅၀၀) ဝန်းကျင်ခန့်ရှိကြောင်း၊ မြေကွက် ဈေးမှာ အနည်းဆုံး သိန်း(၁၀၀၀) ဝန်းကျင်ခန့် ပေါက်ဈေးရှိကြောင်း သိရပါသည်။

Customer တစ်ယောက်အနေဖြင့် အိမ်၊ ခြံ၊ မြေ ဝယ်ယူမည်ဆိုပါက မိမိ၏ လိုအပ်ချက် နှင့် ကိုက်ညီသော အမျိုးအစားကို သေချာစွာ
ရွေးချယ်ဝယ်ယူသင့်ကြောင်း၊ ဝယ်ယူပြီးပါက မိမိပိုင်ဆိုင်မှု
သေချာစေရန် ဆောင်ရွက်သင့်ကြောင်း ပြောသွားပါသည်။၂၀၁၅ ခုနှစ်တွင် အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ပုံမှန်အတိုင်း လည်ပတ်နေနိုင်ပြီး ယခင်ကဲ့သို့ ဈေးကစားမှုများ မရှိနိုင်တော့ကြောင်း ပြောသွားပါသည်။

No.1 Property Website in Myanmar
www.iMyanmarHouse.com

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)