ထက်အောင်သျှိုင်း အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်စိုးနှင့် အင်တာဗျုး
Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)
ထက်အောင်သျှိုင်း အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ချိန်မှာ ၂၀၀၇ခုနှစ်ခန့်က ဖြစ်ကြောင်းနှင့် တာမွေမြို့နယ်ကို အများဆုံးအကျိုးဆောင်
ဖြစ်နေကြောင်း ပြောသည်။တာမွေမြို့နယ်၏ အိမ်၊ခြံ၊မြေ ဈေးကွက်မှာ
အနည်းငယ် အေးလျက်ရှိကြောင်း သိရသည်။
လက်ရှိ ကာလတွင် အိမ်၊ခြံ၊မြေ ဈေးကွက်အေးနေရခြင်းမှာ အခွန်ဈေးနှုန်း
ပြောင်းလဲခြင်း၊ အခွန်ဈေးနှုန်းနှင့် ပတ်သက်၍လည်း ရောင်းသူဝယ်သူများမှ
စောင့်ကြည့် အနေအထားမျိုးရှိနေခြင်းကြောင့်လည်း ဖြစ်ကြောင်း သိရသည်။
ဝန်ဆောင်မှု့အနေဖြင့် လာရောက်အပ်နှံကျသော Customer များအတွက် Data များကို မီဒီယာများတွင် အခမဲ့ကြေငြာပေးခြင်း၊ အရောင်းအ၀ယ်နှင့်
ငှားရမ်းမှု့အပိုင်းတွင်လည်း ရှေ့နေများနှင့် စာချုပ်စာတမ်းကို အခမဲ့ဆောင်ရွက်
ပေးကြောင်း သိရသည်။အကြံပြုပြောကြားချက် အနေဖြင့် တိကျသော
အကျိုးဆောင်များ၊ ကုမ္ပဏီများနှင့် ဆက်သွယ်၍သာ လုပ်ငန်းများကို အပ်နှံ
စေလိုကြောင်းကို ပြောကြားသွားခဲ့ပါသည်။