အိမ်ဖြူတော် အကျိုးဆောင်လုပ်ငန်းမှတာဝန်ရှိသူကိုသက်ဦးနှင့်အင်တာဗျုး - Property Interview from iMyanmarHouse.com
1268 ကြိမ် ကြည့်ရှု့ ပြီး

အိမ်ဖြူတော် အကျိုးဆောင်လုပ်ငန်းမှတာဝန်ရှိသူကိုသက်ဦးနှင့်အင်တာဗျုး

Posted by ကေခိုင်ကျော်ထွေး (iMyanmarHouse.com)

အိမ်ဖြူတော်အကျိုးဆောင်လုပ်ငန်းကို၂၀၀၉ခုနှစ်တွင်စတင်လုပ်ကိုင်ခဲ့ပြီး၊လက်ရှိအကျိုးဆောင်ပေးရသော မြို့နယ်များအနေဖြင့် ကျောက်မြောင်း၊
တာမွေ၊ဘောက်ထော်၊သန်လျင်တို့ဖြစ်ကြောင်းသိရသည်။ ဘောက်ထော်တွင်မြေကွက်များကိုအများဆုံးအကျိုးဆောင်ပေးနေရပြီး၊တာမွေနှင့်ကျောက်မြောင်းအနီးတဝိုက်တွင်ရှိသောတိုက်ခန်းများကိုလည်းအကျိုးဆောင်ပေးဖြစ်ကြောင်းသိရသည်။ယုဇနပလာဇာအနီးရှိဆိုင်ခန်းများကိုလည်းအကျိုးဆောင်ပေးနေပြီး၊အရောင်းနှင့်အငှားတွင် အငှားကိုပိုအကျိုးဆောင်ပေးရကြောင်းပြောပြခဲ့သည်။

အိမ်၊ခြံ၊မြေလုပ်ငန်းများသည် ငွေကြေးတက်နိုင်ပါကရင်းနှီးမြုပ်နုံဖို့အတွက် သင့်တော်မှုရှိကြောင်းသိရသည်။မြေကွက်များသည်ပိုသင့်တော်မှုရှိပြီး၊
အကျိုးအမြတ်ပိုမိုရရှိကြောင်းသိရသည်။ပေ၄၀၊၆၀အကျယ်အ၀န်းရှိသော
မြေကွက်များကိုအဝယ်များပြီး၊ရင်းနှီးမြုပ်နုံသူများသာလာရောက်ဝယ်
ယူကြကြောင်းသိရသည်။

ပွင့်လင်းကာလရောက်ရှိလာသော်လည်းအိမ်၊ခြံ၊မြေဈေးနှုန်းအပြောင်းအလဲ
မရှိနိုင်ကြောင်းသိရသည်။လက်ရှိအိမ်ခြံမြေဈေးကွက်တွင် မြေကွက်ကြီးများထက်၊လူအများစုတက်နိုင်သောဈေးနှုန်းနှင့်သင့်တော်သည့် မြေကွက် အချို့သာအရောင်းအဝယ်ဖြစ်နေကြောင်းပြောပြခဲ့သည်။

နောက်ဆုံးပြောကြားချင်တဲ့ အကြုံပြုချက်အနေဖြင့် ဝယ်ရောင်းလုပ်ကြမည့် သူများအနေဖြင့်မိမိအပ်နုံသည့်ကုမ္ပဏီသည်နာမည်ခိုင်မာမှုရှိ၊မရှိ၊စာချုပ်စာတမ်း
ပြည့်စုံခိုင်မာမှုရှိ၊မရှိတို့ကိုသေချာစွာစစ်ဆေးပြီးမှသာအရောင်းအဝယ်
ပြုလုပ်ကြပါလို့ ပြောပြခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)