Grand Mya Kan Thar Condominium(Tagaungbwar Co.,Ltd) မှ ဒါရိုက်တာ ကိုသူရထွန်း နှင့် အင်တာဗျူး(အပိုင်း-၁) - Property Interview from iMyanmarHouse.com
2860 ကြိမ် ကြည့်ရှု့ ပြီး

Grand Mya Kan Thar Condominium(Tagaungbwar Co.,Ltd) မှ ဒါရိုက်တာ ကိုသူရထွန်း နှင့် အင်တာဗျူး(အပိုင်း-၁)

Posted by မေသက်နှင်း (iMyanmarHouse.com)

Grand Mya Kan Thar Condominium ကို တေကာင္ဘြားကုမၸဏီမွ
မြကန်သာအိမ်ရာ၊ လှိုင်မြို့နယ်တွင် တည်ဆောက်နေပါသည်။ Grand Mya Kan Thar Condominium ကို နေထိုင်သူများအတွက် Facilities အပြည့်အစုံ နှင့် နိုင်ငံတကာ အဆင့်မှီစွာ နေထိုင်နိုင်ပြီး လုံခြုံစိတ်ချရသော အိမ်ရာတစ်ခု
ဖော်ဆောင်လိုသော ရည်ရွယ်ဖြင့် ဆောက်လုပ်ခြင်း ဖြစ်ပါသည်။

ထို Condo တွင် Ground Floor အပါအဝင် အထပ်စုစုပေါင်း (၁၈)ထပ်ပါဝင်ပြီး ကားပါကင်(၄)လွှာတွင် ကားအစီးရေ(၃၃၀)ခန့် နေရာကျယ်ဝန်းမည်ဖြစ်သည်။ (၅)လွှာမှ (၁၆)လွှာအထိ လူနေခန်းများဖြစ်ပြီး (၁၇)လွှာ နှင့် (၁၈)လွှာတို့တွင် Pent House များ ထည့်သွင်း တည်ဆောက်ထားကြောင်း သိရပါသည်။(၅)လွှာ နှင့် (၆)လွှာတွင် Relax Area များအပြင် လူနေအိမ်(၅)ခန်းနှုန်း၊ (၇)လွှာ မှ (၁၆)လွှာအထိ တစ်လွှာတွင်(၇)ခန်းနှုန်း တာဝါနှစ်ခုဖြစ်၍ (၁၄)ခန်း၊ Pent House (၁၂)ခန်း စုစုပေါင်း(၁၇၂)ခန်း ပါဝင်မည် ဖြစ်ကြောင်း သိရပါသည်။

အခန်းဖွဲ့စည်းမှုပုံစံ (၇)မျိုးရှိပြီး အခန်းအကျယ်အဝန်းမှာ အနည်းဆုံး(1348 sqft) မှ အများဆုံး(2169 sqft) ထိကျယ်ဝန်းပါသည်။(၁၄)ထပ်အထိ တစ်ပေပတ်လည်
ဈေနှုန်းများမှာ အခန်းကျဉ်း (210,000)ကျပ်၊ အခန်းကျယ် (230,000)ကျပ် ဖြင့် လည်းကောင်း၊ (၁၅)ထပ်နှင့်(၁၆)ထပ်တွင် အခန်းကျဉ်း(230,000)ကျပ်၊ အခန်းကျယ်(245,000)ကျပ် ဖြင့်လည်းကောင်း ရောင်းချပေးကြောင်း သိရပါသည်။

No.1 Property Website in Myanmar
www.iMyanmarHouse.com

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)