အာရှမင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ Managing Director ကိုကောင်းမင်းခန့်နှင့် အင်တာဗျူး
Posted by မေသက်နှင်း (iMyanmarHouse.com)
အာရှမင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းသည် ACL Group ၏ ကုမ္ပဏီခွဲတစ်ခု ဖြစ်ပြီး၂၀၁၁ ခုနှစ်မှ စတင် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပါသည်။ လက်ရှိတွင် ရုံးခန်းတည်ရှိရာ ဗဟန်းမြို့နယ်အပါအဝင် ကမ္ဘာအေးဘုရားလမ်း နှင့် ပြည်လမ်းမဘေးတစ်လျှောက် ကို အကျိုးဆောင်ပေးရပြီး အကျိုးတူလုပ်ငန်းများ ပိုများလာကြောင်း သိရပါသည်။
လက်ရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက် အခြေအနေမှာ လမ်းအနေအထား၊
မြေကွက်အနေအထား နှင့် ပတ်ဝန်းကျင် အခြေအနေပေါ်မူတည်ပြီး
ဈေးနှုန်းပြောင်းလဲမှုများစွာ ရှိနိုင်ပါသည်။ရန်ကုန်မြို့၏ အထင်ကရ လမ်းမကြီးပေါ်များတွင် တစ်ပေပတ်လည် မြေဈေးနှုန်းများမှာ (၁၀)သိန်းပတ်ဝန်းကျင်ခန့် ရှိကြောင်း သိရပါသည်။ အိမ်၊ ခြံ၊ မြေဈေး
မြင့်တက်ခြင်းမှာ အမှန်တကယ် နေထိုင်သူ နည်းပါးပြီး လုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမှု တစ်ခုအနေဖြင့် ဝင်ရောက်ဈေးကစားနေသောကြောင့် ဟုပြောသွားပါသည်။
အိမ်ပိုင်ဆိုင်မှု မရှိသေးသော အခြေခံလူတန်းစားများ အတွက် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ခြင်းအပြင် မြို့ထဲတွင် လူနေထိုင်မှု ကျပ်တည်းမနေရန်အတွက် နေရာအနှံတွင် ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း အကြံပေးသွားပါသည်။ဒလ၊ တွံတေးဘက်များတွင် မြို့သစ်တည်ရန် စီစဉ်နေခြင်းမှာ အတည်တကျ မဟုတ်သေးသော်လည်း အမှန်တကယ် တည်မည် ဆိုပါက အဆင်ပြေနိုင်ကြောင်း၊ ဖြစ်သင့်သော အစီအစဉ်ဖြစ်ကြောင်း သိရပါသည်။
No.1 Property Website in Myanmar
www.iMyanmarHouse.com