“The Illustra at Phosein” Codominium မှ အရောင်းပိုင်း တာဝန်ရှိသူ မမေဝင့်သူ နှင့် အင်တာဗျူး
Posted by မေသက်နှင်း (iMyanmarHouse.com)
“The Illustra at Phosein” Codominium ကို ဖိုးစိန်လမ်းပေါ်တွင်Pyae Sone Win Nang Co.,Ltd မှ တည်ဆောက်နေခြင်းဖြစ်သည်။The Illustra Project တွင် စုစုပေါင်း(၃၁)ထပ် ပါဝင်ပြီး ပျမ်းမျှအနေဖြင့် Basement တွင် ကားပါကင် တည်ရှိပြီး Ground Floor မှာ Hotel Style Loby ဖြစ်ပြီး ပြင်ပမှလူများ အလွယ်တကူမဝင်နိုင်ရန် Waiting Area ပါဝင်ကြောင်း သိရပါသည်။
Level(1) to Level (5) မှာ ကားပါကင်များဖြစ်ပြီး Level(6) မှ စတင်၍ လူနေအိမ်ခန်းများ အနေဖြင့် စုစုပေါင်း(၂၀၈)ခန်းပါဝင် ဆောက်လုပ်ထားကြောင်း သိရပါသည်။ အခန်း အမျိုးအစားများအနေဖြင့် Two Bedrooms, Three Bedrooms , Four Bedrooms & Pent House ဟူ၍ (၄)မျိုး ခွဲခြားထားပါသည်။အခန်းအမျိုးအစား နှင့် View ပေါ်မူတည်၍ ပျမ်းမျှအားဖြင့် US$ 5000 ခန့် ကွာခြားကြောင်း ပြောသွားပါသည်။
ရောင်းချမှု စုစုပေါင်းမှာ (25%)ကျော်ခန့် ရောင်းချပေးပြီး One square ft ကို 270,000 ကျပ်မှ 450,000 ကျပ်ထိ ရှိကြောင်း၊ အသုံးပြုသော ပစ္စည်းများ အားလုံးမှာ Quality ကောင်းသော Europe Brand များကို သာ အသုံးပြုထားကြောင်း သိရပါသည်။Level (20)ကို Relax Area အနေဖြင့် ပြုလုပ်ထားပါသည်။
ကားပါကင် အနေဖြင့် (၂၅၂)နေရာ ပါဝင်ပြီး 24 Hours Security System & CCTV system ထားရှိထားခြင်း၊ Fire Alarm & Fire Extinguisher များထားရှိခြင်း၊ ဝင်ပေါက်(၃)ခုထားရှိထားခြင်းကြောင့် နေထိုင်မည့်သူများ အားလုံးအတွက် အဆင်ပြေနိုင်မည် ဖြစ်သည်။ယခု Project ၏ထူးခြားချက်မှာ “The Illustra at Phosein” ကဲ့သို့ “The Illustra at ……..”ဟူ၍ နောက်ထပ် Project များ ထပ်မံ တည်ဆောက်သွားရန် စီစဉ်ထားကြောင်း ပြောသွားပါသည်။
No.1 Property Website in Myanmar
www.iMyanmarHouse.com