Myatmingalar Codominium မှ အရောင်းပိုင်း တာဝန်ရှိသူ မမေဝင့်သူ နှင့် အင်တာဗျူး - Property Interview from iMyanmarHouse.com
1482 ကြိမ် ကြည့်ရှု့ ပြီး

Myatmingalar Codominium မှ အရောင်းပိုင်း တာဝန်ရှိသူ မမေဝင့်သူ နှင့် အင်တာဗျူး

Posted by မေသက်နှင်း (iMyanmarHouse.com)

Myatmingalar Codominium ကို အမှတ်(၃၁၃)၊ ပြည်လမ်း၊ စမ်းချောင်းမြို့တွင် Myanmar Seilone Co.,Ltd မှ တည်ဆောက်နေပါသည်။ Myatmingalar Codominiumသည် စုစုပေါင်း(၁၇)ထပ် ပါဝင်ပြီး ပျမ်းမျှအနေဖြင့် Ground Floor(2)ထပ်၊ ပထမ Ground Floor မှာ ကားပါကင်ဖြစ်ပြီး ဒုတိယ Ground Floor မှာ Residence office အနေဖြင့်ထားပေးကြောင်း သိရပါသည်။

Level (1) & (2) မှာ ကားပါကင်ဖြစ်ပြီး Level(3) မှာ Facilities Floor အနေဖြင့် ရေကူးကန် နှင့် Gym ပါဝင်မည် ဖြစ်သည်။Level(4) မှ စတင်၍ လူနေအိမ်ခန်းများအဖြစ် (၄၈) ခန်း ပါဝင် ဖွဲ့စည်း တည်ဆောက်ထားကြောင်း သိရပါသည်။ထူးခြားချက်မှာ Unit(A),Unit(B),Unit(C) တွင် Western Kitchen & Asian Kitchen ဟူ၍ Kitchen Type (2)မျိုး ထည့်သွင်းပေးထားခြင်း၊ (3)Bedrooms ပါဝင်သောအခန်းများမှာ Master Bedrooms အဖြစ် ထားရှိခြင်း ဖြစ်ကြောင်း သိရပါသည်။

Myatmingalar Codominium မှာ ပြည်လမ်းမပေါ်တွင် တည်ရှိသောကြောင့် Location ကောင်းကြောင်း၊ အခန်းပေါင်း(၄၈)တွင် မိသားစု (၄၈)စုသာ
နေထိုင်မည် ဖြစ်သောကြောင့် လူဦးရေ နည်းပါးမည် ဖြစ်သည်။
ယခုလက်ရှိ ရောင်းချပေးမှုမှာ (၅၀)% ကျော် ရောင်းချပြီးစီးကာ ဈေးနှုန်းအနေဖြင့် (1)square ft ကို သုံးသိန်းကျော်မှ စတင်ကြောင်း သိရပါသည်။ Myatmingalar Codominium သည် Myanmar Seilone Co.,Ltd မှ ပိုင်ဆိုင်သော (၀.၂၇၅)ဧက ကျယ်သောမြေပေါ်တွင် ၃နှစ်ခန့် ဆောက်လုပ်မည်
ဖြစ်ကြောင်း ပြောသွားပါသည်။

iMyanmarHouse.com
အခမဲ့ အိမ်၊ခြံ၊မြေ ရောင်းဝယ်ငှားဝဘ်ဆိုဒ်

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)