Your Property Finder Co.,Ltd မှ Managing Director မမေသူနှင့် အင်တာဗျူး(အပိုင်း-၂)
Posted by မေသက်နှင်း (iMyanmarHouse.com)
ယခုအခါတွင် မြန်မာနိုင်ငံတွင် condominium များ ရေပန်းစားလာပြီး International Standard မှီသော Condominium များမှာ customer များ၏ စိတ်ဝင်စားမှုကို အများဆုံးရရှိလာကြောင်း သိရပါသည်။ထိုသို့ အဆင့်မြင့် ကွန်ဒိုများ တည်ဆောက်လာခြင်းကြောင့် မိမိနေထိုင်သော နေအိမ်အတွင်းမှာပင် Life Style ကို အပြည့်အဝ ခံစားနိုင်မည် ဖြစ်ကြောင်း ပြောသွားပါသည်။
ရောင်းချနေသာ အဆင့်မြင့် ကွန်ဒိုများ ဆောက်လုပ်ပြီးစီးမည့် အချိန်တွင် မြန်မာနိုင်ငံသားများ သာမက အကြောင်း အမျိုးမျိုးကြောင့် လာရောက်ငှားရမ်း နေထိုင်သော နိုင်ငံခြားသားများအားလုံး လက်ရှိထက် ပိုမို အဆင့်အတန်းရှိသော လူနေမှုဘဝတွင် နေထိုင်နိုင်မည် ဖြစ်သည်။
စင်္ကာပူနိုင်ငံ နှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၏ဈေးကွက်မှာ များစွာ မဖွံ့ဖြိုးသေးသော်လည်း ရှေ့ဆက်တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ဝယ်လိုအားရှိသကဲ့သို့ ရောင်းလိုအားလည်း များသောကြောင့် အနာဂတ်တွင် ယခုထက်မက အလားအလာကောင်းနိုင်ကြောင်း ပြောသွားပါသည်။
iMyanmarHouse.com
အခမဲ့ အိမ်၊ခြံ၊မြေ ရောင်းဝယ်ငှားဝဘ်ဆိုဒ်