Royal King အိမ်၊ခြံ၊မြေ အကျိုးဆောင် မှ ကိုကျော်ဝဏ္ဍထွန်း နှင့်  အင်တာဗျုး - Property Interview from iMyanmarHouse.com
1620 ကြိမ် ကြည့်ရှု့ ပြီး

Royal King အိမ်၊ခြံ၊မြေ အကျိုးဆောင် မှ ကိုကျော်ဝဏ္ဍထွန်း နှင့်  အင်တာဗျုး

Posted by ကေခိုင်ကျော်ထွေး (iMyanmarHouse.com)

Royal King အကျိုးဆောင် လုပ်ငန်းကို ၂၀၁၃ ခုနုစ် တွင် စတင် လုပ်ကိုင်ခဲ့ပြီး
အများဆုံး အကျိုးဆောင် ပေးဖြစ်နေသောမြို့ နယ်များမှာ လှိုင်မြို့ နယ်၊ ကမာရွက်
မြို့ နယ် ၊မရမ်းကုန်း မြို့ နယ် နှင့်  ဗဟန်းမြို့ နယ် တို့ ဖြစ်ကြောင်း သိရသည်။
လက်ရှိ လှိုင်မြို့ နယ် တွင် တိုက်ခန်းအများအပြား ဆောက်လုပ်နေပြီး ၄င်း
တိုက်ခန်းများ သည် တန်ဖိုး သင့်တင့်ပြီး မြို့ ထဲ သို့ သွားလာရ လွယ်ကူ
အဆင်ပြေသော ကြောင့် လှိုင်မြို့ နယ်တွင်အများဆုံး အရောင်းအဝယ်ဖြစ်
နေကြောင်း သိရသည်။

စီးပွားရေး လုပ်ငန်းလုပ်ကိုင်ချင်သူများ အတွက် အိမ်၊ခြံ၊မြေ လုပ်ငန်းနှင့်
ဆောက်လုပ်ရေး လုပ်ငန်း များသည် အသင့်တော်ဆုံး ဖြစ်နေပြီး ရင်းနှီးမြုပ်နှံ
သူများသည် အိမ်၊ခြံ၊မြေ ဈေးကွက်သို့ ဝင်ရောက်လာ ခြင်း ကြောင့်ဈေးနှုန်း
များ မြင့်မားလာ ရခြင်း ဖြစ်သည် ဟုပြောကြားခဲ့ သည်။ရင်းနှီးမြုပ်နှံလိုသူများ
အနေဖြင့်  ရောင်းမည့် သူ ၏ ပိုင်ဆိုင်မှုအထောက်အထား ခိုင်မာမှုရှိ၊ မရှိ၊
ရင်းနှီးမြုပ်နှံမည့် နေရာအနေအထား၊ မိမိ အတွက်အကျိုးအမြတ်ရှိ၊ မရှိ တို့ 
ကိုသေချာချင့်ချိန်စဉ်းစားပြီးမှ ဝယ်ယူပါက ရေရှည်တွင် မိမိအတွက်အကျိုးရှိမှာ
ဖြစ်ကြောင်းပြောပြခဲ့ သည်။

အကြုံပြု ချက်အနေဖြင့်  ဝယ်ယူသူများ အနေ ဖြင့်  မိမိ တို့ အား အကျိုးဆောင်
ပေးမည့် အကျိုးဆောင် များအပေါ် အရင်ဆုံး လေ့လာ သင့် ကြောင်း ၊မိမိတို့ အား
အမှန်တကယ် စိတ်ကျေနပ်မှုရှိ အောင် ဝန်ဆောင်မှု ပေးနိုင် ကြောင်း သိရှိမှ သာ
လျှင်ယုံကြည်မှု ရှိရှိ ဖြင့် စိတ်ချ လက်ချ ဝယ်ယူ သင့် ကြောင်း ကိုလည်း ပြောပြ
ပေး ခဲ့ ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)