ကံကောင်း အိမ်၊ ခြံ၊ မြေလုပ်ငန်းမှ တာဝန်ရှိသူ ဦးညီညီနိုင် နှင့် အင်တာဗျုး - Property Interview from iMyanmarHouse.com
1133 ကြိမ် ကြည့်ရှု့ ပြီး

ကံကောင်း အိမ်၊ ခြံ၊ မြေလုပ်ငန်းမှ တာဝန်ရှိသူ ဦးညီညီနိုင် နှင့် အင်တာဗျုး

Posted by မေသက်နှင်း (iMyanmarHouse.com)

ကံကောင်း အိမ်၊ ခြံ၊ မြေလုပ်ငန်းသည် ၁၉၉၁ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ရုံးခန်းတည်ရှိရာ မြောက်ဒဂုံ အပါအ၀င် တောင်ဒဂုံမြို့နယ်၊ အရှေ့ဒဂုံမြို့နယ် များကို အများဆုံးအကျိုးဆောင်ပေးကြောင်း သိရပါသည်။

လူနေထူထပ်လာမှုကြောင့် လည်း အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ ဆက်လက် မြင့်မားနေခြင်း ဖြစ်ကြောင်း၊ ပထမလ နှင့် ဒုတိယလ ဈေးနှုန်းများ၏ ကွာခြားချက် များစွာ ကြီးမားကြောင်း သိရပါသည်။ဝယ်လိုအား နှင့် ရောင်းလိုအားတွင် ဝယ်လိုအားများနေခြင်းကြောင့် ဈေးနှုန်းမြင့်တက်လာကြောင်း၊အမှန်တကယ်
နေထိုင်ရန်မဟုတ်ပဲ ဈေးကစားလိုသော လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံခြင်းကြောင့် ဈေးနှုန်းမြင့်မားနေခြင်းသာဖြစ်သည်။

ယခုလက်ရှိ အကျိုးဆောင်ပေးနေရသော မြို့နယ်များတွင် အချက်အချာကျသော လမ်းမကြီးများပေါ်တွင် ပို၍အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။
မြောက်ဒဂုံမြို့နယ်တွင် တည်ဆောက်နေသော ဗထူး အိမ်ရာစီမံကိန်း နှင့် ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်းများမှာ တန်ဖိုးနည်းအိမ်ရာဟု ဆိုသော်လည်း အခြေခံလူတန်းစားများအတွက် အဆင်မပြေနိုင်သေးကြောင်း ပြောသွားပါသည်။

iMyanmarHouse.com
အခမဲ့ အိမ်၊ခြံ၊မြေ ရောင်းဝယ်ငှားဝဘ်ဆိုဒ်

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)