အောင်ပြည်စိုး အိမ်၊ခြံ၊မြေ အကျိုးဆောင် လုပ်ငန်းမှ ကိုမျိုးမင်း၊မဖြူမာ တို့နှင့် အင်တာဗျုး
Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)
အောင်ပြည်စိုး အိမ်၊ခြံ၊မြေ အကျိုးဆောင် လုပ်ငန်း စတင်လုပ်ကိုင်ခဲ့ချိန်မှာ ၂၀၀၇ ခုနှစ် ခန့်ကဖြစ်ကြောင်းနှင့် အကျိုးဆောင် ဖြစ်နေသော မြို့နယ်များမှာ
ပုဇွန်တောင်၊စမ်းချောင်း၊မှော်ဘီ၊လှည်းကူးနှင့် နေပြည်တော် အစရှိသော မြို့နယ် အစုံလိုက် အကျိုးဆောင် ပေးနေရကြောင်း သိရသည်။
အိမ်၊ခြံ၊မြေ ဈေးကွက် အခြေအနေမှာလည်း လက်ရှိကာလတွင် အငှားဈေးကွက်
ပိုဖြစ်နေကြောင်းနှင့် ဈေးကစားမှု့များလည်းရှိနေကြောင်း သိရသည်။ထိုသို့
ဈေးကစားမှု့များကြောင့် အချို့သော သူများမှာ ဈေးမတက်နိုင်၍ မြို့ပြင်သို့
ပြောင်း၍ ငှားရမ်းနေထိုင်မှု့များပင် ရှိကြောင်းသိရသည်။
နိုင်ငံခြားသားများကိုလည်း ၀န်ဆောင်မှု့ ပေးနေကြောင်းနှင့် Down Town
မြို့နယ်များကို သာ ဦးစားပေး ရွေးချယ် ငှားရမ်းကြကြောင်းလည်း ပြောသည်။
အစိုးရမှ မြေဈေးနှုန်းများ သတ်မှတ်လိုက်ပြီးနောက်ပိုင်း ကာလတွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူများမှ ၀ယ်ယူမှု့များ ရှိသော်လည်း ပြည်တွင်း
ရင်းနှီးမြှုပ်နှံသူများမှာ စောင့်ကြည့်လျက် ရှိနေကြောင်းလည်း သိရသည်။
အကြံပြု ပြောကြားချက် အနေဖြင့် လက်ရှိအချိန် ကာလတွင် ရန်ကုန်မြို့၏
လူဦးရေမှာ တိုးပွားလျက် ရှိနေသောကြောင့် အိမ်၊ခြံ၊မြေ ဈေးကွက်မှာ မှေးမှိန်
သွားလိမ့်မည်ဟု မထင်မြင် မိကြောင်းနှင့် နောက်ပိုင်း ကာလတွင်လည်း
အိမ်၊ခြံ၊မြေ လောကမှာ ယခုထက်ပို၍ ကျယ်ပြန့်လာလိမ့်မည်ဟု ထင်မြင်
မိကြောင်းကိုလည်း ပြောကြား သွားခဲ့ပါသည်။