သင်္ဂဟ အကျိုးဆောင်လုပ်ငန်းမှ တာပန်ရှိသူ မဆုမွန်ထွေး နှင် အင်တာဗျုး
Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)
သင်္ဂဟ အကျိုးဆောင်လုပ်ငန်းကို ၂၀၁၄ ခုနှစ် မတ်လ တွင် စတင်လုပ်ကိုင် ခဲ့ကြောင်း၊အကျိုးဆောင်အနေဖြင့် သာကေတမြို့ နယ်၊ရန်ကင်းမြို့ နယ် နှင့်
တောင်ဒဂုံ အင်းဝအိမ်ရာ တို့ တွင်အကျိုးဆောင်ပေးနေပြီး၊သာကေတ မြို့ နယ်
တွင် အများဆုံး အကျိုးဆောင် ပေးနေရကြောင်းလည်းသိရသည်။
သာကေတ မြို့ နယ်ရှိ တိုက်ခန်းဈေးနှုန်းသည် လမ်းအမျိုးအစား အလိုက်
ကွာခြားမှု ရှိပြီး လမ်းမတန်း တွင်ရှိသော မြေညီထပ်တိုက်ခန်းများမှာ
သိန်း ၂၀၀၀ ၀န်းကျင်တွင် ရှိကြောင်းသိရသည်။ပွင့် လင်းရာသီ ရောက်ရှိ
လာသောကြောင့် သာကေတ ရှိ အိမ်ငှားဈေးကွက်မှာ သွက်လာကြောင်းကို
လည်း ပြောသည်။
တောင်ဒဂုံမြို့ နယ်တွင် အငှားဈေးကွက်ထက် ၊အရောင်းဈေးကွက်သာ အဖြစ်များကြောင်း လည်းသိရသည်။ဝန်ဆောင်မှု့ ပေးရာတွင်လည်း ၄င်းတို့ ထံ
အပ်နှံထားသော အိမ်များ အတွက် အကောင်းဆုံး ၀န်ဆောင်မှုများ နှင့် အတူ
ရေ ၊မီး ရသည်အထိဆောင်ရွက်ပေးကြောင်းသိရသည်။သာကေတမြို့နယ်ရှိ အိမ်အငှားဈေးကွက်သည် ယခင်နှစ်များထက် များစွာမြင့် တက်လာမှုကြောင့် 
၎င်းတို့ အနေဖြင့် အခက်အခဲ တွေ့ ရကြောင်းကိုလည်း ပြောပြပေးခဲ့ပါသည်။