ရွှေခရေ အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ မမာချို နှင့် အင်တာဗျုး
Posted by မေသက်နှင်း (iMyanmarHouse.com)
ရွှေခရေ အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းကို ၂၀၀၀ ခုနှစ်လောက်မှ
စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ကမာရွတ်မြိုံနယ်အပြင် အခြားမြို့နယ်များ
ကိုလည်း အကျိုးဆောင်ပေးကြောင်း သိရပါသည်။ ယခုလက်ရှိ ကမာရွတ်မြို့နယ်အတွင်း တိုက်ခန်းနှင့် ကွန်ဒိုများ ကို အများဆုံး အကျိုးဆောင်ပေးရကြောင်း သိရပါသည်။
အိမ်ငှားဈေးများ မြင့်တက်ရခြင်းမှာ နယ်မှ လာရောက် အလုပ်လုပ်ကိုင်သူ များပြားလာသောကြောင့် ဖြစ်နိုင်ကြောင်း၊ အိမ်ငှားဈေးများမှာ တစ်နှစ်ထက် တစ်နှစ် ပို၍မြင့်တက်လာသောကြောင့် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးခြင်းမှာ ကောင်းမွန်ကြောင်း ပြောသွားပါသည်။
အိမ်၊ ခြံ၊ မြေ အရောင်းအ၀ယ်ပြုလုပ်သူများ အနေဖြင့် စာရွက်စာတမ်းများကို သေချာစွာ စစ်ဆေးသင့်ကြောင်း၊ ယခုအခါတွင် စာရွက်စာတမ်းအတုများရှိနေနိုင်ခြင်းကြောင့် ဂရုစိတ်ဝယ်ယူစေလိုကြောင်း အကြံပြုပေးသွားပါသည်။
iMyanmarHouse.com
အခမဲ့ အိမ်၊ခြံ၊မြေ ရောင်းဝယ်ငှားဝဘ်ဆိုဒ်