သဇင်နီ အိမ်၊ခြံ၊မြေ အကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူ မသဇင်နီနှင့် အင်တာဗျုး
Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)
သဇင်နီ အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်း စတင် လုပ်ကိုင်ခဲ့ချိန်မှာ ၂၀၁၀ ခုနှစ်ခန့် ကဖြစ်ကြောင်းနှင့် အများဆုံး အကျိုးဆောင် ဖြစ်နေသော
မြို့နယ်များမှာ မြောက်ဒဂုံ၊အရှေ့ဒဂုံ၊တောင်ဒဂုံနှင့် ဒဂုံဆိပ်ကမ်းတို့ဖြစ်ကြောင်း သိရသည်။မြောက်ဒဂုံမြို့နယ်၏ အိမ်၊ခြံ၊မြေ ဈေးကွက် အခြေအနေမှာ အနည်းငယ် အေးလျှက်ရှိကြောင်းနှင့် ဈေးနှုန်းများမှာလည်း အပြောင်းအလဲ သိပ်မရှိကြောင်း သိရသည်။
မြောက်ဒဂုံမြို့နယ်တွင် အိမ်၊ခြံ၊မြေ ဈေးကွက် အရောင်း အ၀ယ်ဖြစ်နေရခြင်းမှာ ၀ယ်ရောင်း လုပ်ကိုင်သူများနှင့် မြို့တွင်း နေထိုင်သူများမှာ မြောက်ဒဂုံမြို့နယ်၏
မြေဈေးနှုန်းသည် မြို့တွင်းနှင့် ယှဉ်လျှင် ကွာခြားမှု့များ ရှိသောကြောင့် အ၀ယ်လိုက် နေရခြင်း ဖြစ်ကြောင်းလည်း သိရသည်။တန်ဖိုးနည်း အိမ်ရာများ၏
ရောင်းအားမှာလည်း ယခင် ကလောက် အရောင်းအ၀ယ် မဖြစ်ကြောင်းနှင့်
တန်ဖိုးနည်း အိမ်ရာများ ၀ယ်ယူလိုပါကလည်း ၄င်းတို့ထံတွင် ၀ယ်ယူ
နိုင်ကြောင်းလည်း သိရသည်။
မြောက်ဒဂုံမြို့နယ်၏ မြေကွက်များအား ၀ယ်ယူသူ အများစုမှာ နိုင်ငံခြားသားများ
ဖြစ်ကြောင်းနှင့် ၀ယ်ရောင်းလုပ်ကိုင်ရန်နှင့် ၄င်းတို့ကိုယ်တိုင် နေထိုင်ရန်အတွက်
ဝယ်ယူကြခြင်းများလည်း ရှိကြောင်း သိရသည်။ဝန်ဆောင်မှု့ပေးရာတွင်လည်း အရောင်းအ၀ယ်များဖြစ်ပါက မိမိတို့ဘက်မှ အဆင်ပြေသလို အကျိုးဆောင်ခကို
ညှိနှိုင်း၍ ယူရကြောင်းကိုလည်း မသဇင်နီမှ ပြောကြား သွားခဲ့ပါသည်။