Close Friend အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးကံမြင့်နှင့် အင်တာဗျုး - Property Interview from iMyanmarHouse.com
1990 ကြိမ် ကြည့်ရှု့ ပြီး

Close Friend အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးကံမြင့်နှင့် အင်တာဗျုး

Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)

Close Friend အိမ်၊ခြံ၊မြေ အကျိုးဆောင် လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ချိန်မှာ တစ်နှစ်ခန့်သာ ရှိသေးကြောင်းနှင့် အကျိုးဆောင်ဖြစ်နေသော မြို့နယ်များ
အနေဖြင့် ရန်ကုန်မြို့နယ် တစ်ခုလုံးနှင့် ပြင်ဦးလွင်၊မိတ္ထီလာ အစရှိသော
မြို့များကိုလည်း လက်လှမ်း မီသလို ဆောင်ရွက်ပေးနေကြောင်း သိရသည်။

တောင်ဥက္ကလာမြို့နယ်တွင် အိမ်၊ခြံ၊မြေ ဈေးကွက် အခြေအနေမှာ အ၀ယ်
ဈေးကွက်ထက် အငှားဈေးကွက် ပိုအလုပ် ဖြစ်နေကြောင်းနှင့်
မြောက်ဒဂုံမြို့နယ်ရှိ မြေကွက်ပေါက်ဈေးမှာ တောင်ဥက္ကလာမြို့နယ်ရှိ
ပေါက်ဈေးနှင့် သိသိသာသာ ကွာဟမှု့ သိပ်မရှိကြောင်း ကိုလည်း သိရသည်။
သို့ရာတွင် လက်ရှိ အများဆုံး အရောင်းအ၀ယ်ဖြစ်နေသော မြို့နယ်မှာ အရှေ့ဒဂုံမြို့နယ် ဖြစ်ကြောင်းနှင့် ၄င်းမြို့နယ်ရှိ မြေကွက်များ၏ ပေါက်ဈေး
များမှာလည်း သင့်တင့်မျှတသော ဈေးနှုန်းဖြစ်သောကြောင့် ၀ယ်ရောင်း လုပ်ကိုင်သူများလည်း ၀ယ်ယူကြကြောင်း သိရသည်။

နိုင်ငံတော်မှ အခွန်နှုန်းထားများ သတ်မှတ်လိုက်သော်လည်း တိတိ ကျကျ
လိုက်နာမှု့များ မရှိသောကြောင့် ကြိုက်ရောင်းကြိုက်ဝယ် ပုံစံ မျိုးသာ
အရောင်းအ၀ယ် ဖြစ်နေကြောင်း ကိုလည်း ပြောကြားသည်။ မြို့သစ်စီမံကိန်း အစီအစဉ်ကို ဖျက်သိမ်းလိုက်သောကြောင့် မိမိတို့ အကျိုးဆောင် အနေနှင့်
သိသိသာသာ ထိခိုက်မှု့များ မရှိသော်လည်း ပြည်သူများ အတွက် နစ်နာမှု့များ
ရှိကြောင်းနှင့် မိမိတို့ အကျိုးဆောင် ကုမ္ပဏီ အနေဖြင့် လာရောက် အပ်နှံ
ကြသော Customer များအား အမှား အယွင်းမရှိအောင် အတတ်နိုင်ဆုံး ကြိုးစား၍ ဆောင်ရွက် ပေးနေကြောင်းကိုလည်း ပြောကြား သွားခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)