အောင် အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ မအေးအေးဝင်းနှင့် အင်တာဗျုး - Property Interview from iMyanmarHouse.com
1651 ကြိမ် ကြည့်ရှု့ ပြီး

အောင် အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ မအေးအေးဝင်းနှင့် အင်တာဗျုး

Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)

အောင် အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ချိန်မှာ ၁၀နှစ် ကျော်ခန့် ရှိပြီ ဖြစ်ကြောင်းနှင့် အများဆုံး အကျိုးဆောင် ဖြစ်နေသော
မြို့နယ်များမှာ လှိုင်မြို့နယ် (၄)ရပ်ကွက်၊(၅)ရပ်ကွက် နှင့် ဘူတာရုံလမ်း တို့ဖြစ်ကြောင်း သိရသည်။ပွင့်လင်းကာလ ရောက်ရှိလာသော်လည်း
အိမ်၊ခြံ၊မြေ ဈေးကွက် မှာ အေးနေသေးကြောင်းနှင့် တိုက်ခန်း အရောင်းနှင့်
အငှားတွင် အငှားကိုသာ အကျိုးဆောင် ပေးနေရကြောင်းလည်း သိရသည်။

တိုက်ခန်း အငှားလောကတွင် အိမ်ရှင်များမှ ခြောက်လတစ်ကြိမ် အိမ်ခန်းငှားဈေးများ တိုးတောင်းသည့် အတွက် မိမိတို့အနေဖြင့်
အကျိုးဆောင် ပေးရာတွင်လည်း အခက်အခဲများ ရှိကြောင်းနှင့် အိမ်ရှင်များ ဘက်မှလည်း နှစ်ရှည်စာချုပ်များထက် လတိုစာချုပ်များကိုသာ စာချုပ်
ချုပ်ဆိုချင်ကြကြောင်းလည်း သိရသည်။

အစိုးရမှ အိမ်၊ခြံ၊မြေ အခွန်ဈေးနှုန်းများကို သတ်မှတ်လိုက်သော်လည်း လက်တွေ့ လာရောက် ကောက်ခံမှု့များ မရှိသောကြောင့် ကြိုက်ရောင်း ကြိုက်ဝယ် ပုံစံဖြင့်သာ အရောင်းအ၀ယ်ဖြစ်နေကြောင်းလည်း ပြောကြားသည်။
အကြံပြု ပြောကြားလိုသည်မှာလည်း အစိုးရအနေဖြင့် အိမ်၊ခြံ၊မြေ လောကကို
ထိထိရောက်ရောက် ထိန်းချုပ်လိုပါက ရပ်ကွက်များ အတွင်းသို့ ကိုယ်တိုင်
ကိုယ်ကျ လာရောက်၍ စာရင်း ကောက်စေလိုကြောင်းကိုလည်း မအေးအေးဝင်း
မှ ပြောကြားသွားခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)