TPL Myanmar အိမ်၊ခြံ၊မြေ လုပ်ငန်းမှ Managing Director မသဲသဲ နှင့် အင်တာဗျူး - Property Interview from iMyanmarHouse.com
1690 ကြိမ် ကြည့်ရှု့ ပြီး

TPL Myanmar အိမ်၊ခြံ၊မြေ လုပ်ငန်းမှ Managing Director မသဲသဲ နှင့် အင်တာဗျူး

Posted by မေသက်နှင်း (iMyanmarHouse.com)

TPL Myanmar အိမ်၊ခြံ၊မြေ လုပ်ငန်းကို 2011 ခုနှစ်မှ စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ဗဟန်း မြို့နယ်၊ ရန်ကင်းမြို့နယ်၊ မရန်းကုန်းမြို့နယ်များမှာ အများဆုံးအကျိုးဆောင်ပေးရသော
မြို့နယ်များဖြစ်ပြီး နိုင်ငံခြားသားများကို အများဆုံး အကျိုးဆောင်ပေးရကြောင်းသိရသည်။

ယခုလက်ရှိ ရန်ကင်းမြို့နယ်၏ မြေပေါက်ဈေးမှာ တစ်ပေပတ်လည်ဈေးနှုန်းကို (၂)သိန်းခွဲခန့် ရှိကြောင်း၊အရောင်းနှင့် အငှားတွင် အငှားကို ပို၍ ၀န်ဆောင်မှုပေးရကြောင်း ပြောသွားပါသည်။အစိုးရမှ အခွန်နှုန်းထား
အသစ်များ ချမှတ်ထားသောကြောင့် ၀ါကျွတ်ချိန်တွင် ဈေးအလွန်အကျွံ
ထပ်မံတက်မည် မဟုတ်ကြောင်း သိရပါသည်။

အိမ်၊ခြံ၊မြေ ရောင်း ၀ယ်ငှား အကျိုးဆောင်ပေးခြင်း အပြင် ကန်ထရိုက်နှင့် မြေရှင်ကြား ဆက်သွယ်ညှိနှိုင်းပေးခြင်း ကိုလည်း ပြုလုပ်ပေးပါသည်။ထိုသို့ အကျိုးဆောင်ရာတွင် တစုံ တရာ ပြသနာများမဖြစ်စေရန် သဘောတုစာချုပ်များချုပ်ဆိုထားသင့်ကြောင်း
သတိပေးပြောသွားပါသည်။

iMyanmarHouse.com
အခမဲ့ အိမ်၊ခြံ၊မြေ ရောင်းဝယ်ငှားဝဘ်ဆိုဒ်

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)