68 RESIDENCE မှ တာဝန်ရှိသူ မကေသီခိုင်နှင့် အင်တာဗျုး - Property Interview from iMyanmarHouse.com
1964 ကြိမ် ကြည့်ရှု့ ပြီး

68 RESIDENCE မှ တာဝန်ရှိသူ မကေသီခိုင်နှင့် အင်တာဗျုး

Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)

68 Residence ကို ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားရာတွင် ယခုလုပ်ငန်း၏ ရင်းနှီးမြုပ်နှံသူမှာ ရွှေနန်းတော် ရတနာဆိုင်မှ ဖြစ်ကြောင်း၊
ထိုကြောင့် ရွှေနန်းတော် မှ ၄င်းတို့၏ ရတနာများကို ၀ယ်ယူ အားပေးနေကြသော
Customer များနှင့် ကွန်ဒိုကို စိတ်ဝင်စားကြသော Customerများ အား
ကျေးဇူးတုံ့ပြန်သော အနေဖြင့် ဆောက်လုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

68 Residence ကို အထပ်ပေါင်း ၂၆ ထပ်ဖြင့် ဆောက်လုပ်ထားပြီး၊ ငလျင်ဒဏ် ၉ ရစ်ခ်ျတာစကေး ခံနိုင်ရည်ရှိကြောင်းနှင့် အဆောက်အဦး၏ နည်းပညာ
ပိုင်းကိုလည်း နိုင်ငံခြားမှ ကျွမ်းကျင် ပညာရှင်များနှင့် တည်ဆောက်လျက်
ရှိကြောင်း ကိုလည်း သိရသည်။68 Residence ကို အခန်းပေါင်း ၃၆၉ ခန်းဖြင့်
ဖွဲ့စည်း တည်ဆောက်ထားပြီး၊ ၁၅၁ ခန်းကို Service Apartmant အနေဖြင့်
ဆောင်ရွက် ထားကြောင်း၊ ရောင်းချမှု့ အပိုင်းတွင်လည်း ၇၀%ခန့် ရောင်းချ
ထားပြီး ဖြစ်ကြောင်း ကိုလည်း သိရသည်။

လက်ရှိကာလတွင်လည်း လာရောက်ဝယ်ယူကြသော Customer များကို
၎% Discount ပေးထားကြောင်း ဖေဖော်ဝါရီလတွင်လည်း Promotion
အစီအစဉ်များ ရှိကြောင်းကိုလည်း သိရသည်။68 Residence မှ
ဝယ်ယူကြသော Customer များ၏ လုံခြုံမှု့ နှင့် ပတ်သတ်၍လည်း Smart Home System အသုံးပြု ထားကြောင်း နှင့် 68 Residence ကို စိတ်ဝင်စား၍
လာရောက် လေ့လာကြသော Customer များ၊ ၀ယ်ယူ အားပေးကြသော
Customer များ ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ကို မကေသီခိုင် မှ
ပြောကြား သွားခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)