ဒုံးယာဉ် အိမ်၊ခြံ၊မြေ အကျိုးဆောင် လုပ်ငန်းမှ မန်နေဂျာ မငုဝါတင့်နှင့် အင်တာဗျုး - Property Interview from iMyanmarHouse.com
2299 ကြိမ် ကြည့်ရှု့ ပြီး

ဒုံးယာဉ် အိမ်၊ခြံ၊မြေ အကျိုးဆောင် လုပ်ငန်းမှ မန်နေဂျာ မငုဝါတင့်နှင့် အင်တာဗျုး

Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)

ဒုံးယာဉ် အိမ်၊ခြံ၊မြေ လုပ်ငန်းကို ၂၀၁၄ခုနှစ်၂လပိုင်းတွင် စတင်လုပ်ကိုင်
ခဲ့ကြောင်း သိရပြီး၊အငှားဈေးကွက် ပိုမိုဖြစ်ထွန်း နေကြောင်းနှင့် ဒဂုံမြို့နယ်ကို
အများဆုံး အကျိုးဆောင် ပေးနေရကြောင်းသိရသည်။

နိုင်ငံခြားသားများအား အစိုးရမှ နေထိုင်ခွင့် ပေးပြီးနောက်ပိုင်း အငှားဈေးကွက်
ပိုလိုက်လာသော်လည်း၊တစ်ချို့သော အိမ်ရှင်များမှာ နိုင်ငံခြားသားများအား
ငှားရမ်းရာတွင် တာဝန်ခံ ပေးမယ့်သူ ရှိမှသာ ငှားရမ်းမှု့ကို လက်ခံ
ကြကြောင်းလည်း သိရသည်။အငှား လိုက်လာသောကြောင့် ဈေးနှုန်း
အနည်းငယ် မြင့်တက်မှု့ ရှိလာသော်လည်း အစိုးရမှ တန်ဖိုးနည်း အိမ်ရာများ
ဆောက်လုပ် ပေးနေသောကြောင့် ဈေးနှုန်း အနေဖြင့် သင့်တင့် ပါကြောင်း
ကိုလည်းပြောကြားသည်။

လှိုင်မြို့နယ်၏ အိမ်၊ခြံ၊မြေ ဈေးကွက်မှာလည်း အငှားနှင့် အရောင်း နှစ်မျိုးလုံး အကျိုးဆောင် နေရကြောင်းနှင့် အငှား ဈေးနှုန်းများမှာလည်း အနိမ့်ဆုံး
နှစ်သိန်းမှ အများဆုံး ဆယ့်ငါးသိန်းထိရှိကြောင်း၊ တိုက်ခန်း၏ အကျယ်အ၀န်းနှင့်
နေရာဒေသ၊ ပတ်ဝန်းကျင်၊ သင်တန်းများ ဖွင့်လှစ်နိုင်မှု့ အပေါ် မှုတည်ပြီး ဆယ်သိန်း အထက်တွင် ရှိကြောင်း ကိုလည်း သိရသည်။

အကျိုးဆောင် ပေးရာတွင်လည်း လာရောက်အပ်နှံကြသော Customer များ စိတ်တိုင်းကျသည် အထိ လုပ်ဆောင် ပေးနေပါကြောင်း ကိုလည်း
ပြောကြားသည်။အိမ်၊ခြံ၊မြေ လောက၏ ထူးခြားသတင်း အနေဖြင့် သီလ၀ါ စက်မှု့ဇုံ ဘက်ပိုင်းတွင် Project များ လုပ်ကိုင်မည့် သတင်းများကြောင့်
အငှားနှင့် အရောင်း နှစ်ခုစလုံး အ၀ယ်လိုက်လာပြီး၊ဒဂုံမြို့နယ် အရှေ့ပိုင်းနှင့်
မြောက်ပိုင်း တို့တွင်လည်း ဂိုဒေါင်ငှားရမ်းမှု့ ပိုမိုဖြစ်ထွန်း လာကြောင်းကိုလည်း
ပြောကြား သွားခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)