DWG အိမ်၊ခြံ၊မြေ လုပ်ငန်းမှ တာဝန်ရှိသူ ကိုဇော်ဇော်လွင် နှင့် တွေ့ဆုံမေးမြန်းခြင်း - Property Interview from iMyanmarHouse.com
1385 ကြိမ် ကြည့်ရှု့ ပြီး

DWG အိမ်၊ခြံ၊မြေ လုပ်ငန်းမှ တာဝန်ရှိသူ ကိုဇော်ဇော်လွင် နှင့် တွေ့ဆုံမေးမြန်းခြင်း

Posted by မေသက်နှင်း (iMyanmarHouse.com)

DWG အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်း ကို စင်္ကာပူနိုင်ငံတွင် ၁၉၉၃ခုနှစ်မှစတင်လုပ်ကိုင်ခဲ့ ပြီး မြန်မာနိုင်ငံတွင်၂၀၁၃ခုနှစ်
နှစ်ကုန်ပိုင်း မှ စတင် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

စင်္ကာပူနိုင်ငံတွင် အိမ်၊ခြံ၊မြေ ၀ယ်လိုသော customer များ အတွက် စင်္ကာပူကုမ္ပဏီနှင့် ချိတ်ဆက်ပေး ပြီး မြန်မာနိုင်ငံ အိမ်၊ခြံ၊မြေ လုပ်ငန်းတွင် အရောင်း၊အငှား အပြင် စာချုပ်စာတမ်း ပိုင်းနှင့်ပတ်သက်၍
ဂရန်လျှောက်ခြင်း၊ အမည်ပေါက်ပြောင်းခြင်း တို့ကို ၀န်ဆောင်မှုပေးကြောင်း သိရသည်။

ဝါတွင်းကာလရောက်ရှိတော့မည် ဖြစ်သောကြောင့် အငှားဘက်တွင် အနည်းငယ်အေးလာပြီး အရောင်းဘက်တွင် ပို၍အားသာလာသည် ဟုသိရသည်။ဝါကျွတ်ချိန် အတွက် ရင်းနှီးမြှုပ်နှံသူ ပိုမိုများပြားလာသည်။
customer များအကျိုးဆောင်မပါပဲ ၀ယ်ယူခြင်းက ရွေးချယ်ခွင့်နည်းပါးစေပြီး
တိကျသေချာသော အာမခံမရရှိနိုင်ကြောင်း သိရသည်။

အခွန်နှုန်းလျော့ချပေးမည်ဆိုပါက ရောင်းသူနှင့် ၀ယ်သူကြား ပို၍အဆင်ပြေလာမည်ဟု ထင်ကြောင်း ပြောကြားခဲ့သည်။ယခုလက်ရှိတွင် ကမာရွတ်မြို့နယ်အတွင်းတွင် အရောင်းရော အငှားပါ ဈေးနှုန်း
အဆမတန် မြင့်တက်လာပြီး တချို့customer များမှာ အနည်းငယ် စဉ်းစားမှုများရှိသည်ဟုလည်းသိရသည်။

နိုင်ငံခြားသားအများစုမှာ သူတို့နှင့်အများဆုံးအဆင်ပြေနိုင်သော ကွန်ဒိုများကိုသာနေအိမ်၊ရုံးခန်းများအတွက် အငှားများကြောင်း သိရသည်။ဒီနေ့ခေတ် အိမ်၊ခြံ၊မြေ လောကတွင် အရင်ကထက်
ဈေးနှုန်းအများအပြား မြင့်တက်လာခြင်းမှာ ထူးခြားသည် ဟုလည်းပြောကြားခဲ့ပါသည်။

iMyanmarHouse.com
အခမဲ့ အိမ်၊ခြံ၊မြေ ရောင်းဝယ်ငှားဝဘ်ဆိုဒ်

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)