Winner Strength အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်း မှ ဦးဘုန်းမြင့် နှင့် တွေ့ဆုံမေးမြန်းခြင်း - Property Interview from iMyanmarHouse.com
1483 ကြိမ် ကြည့်ရှု့ ပြီး

Winner Strength အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်း မှ ဦးဘုန်းမြင့် နှင့် တွေ့ဆုံမေးမြန်းခြင်း

Posted by မေသက်နှင်း (iMyanmarHouse.com)

Winner Strength အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းကို
၂၀၀၄ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ကြောင်းသိရသည်။အငှားပိုင်းတွင် တိုက်ခန်း နှင့် ကွန်ဒို များကို ပိုအကျိုးဆောင် ပေးနေရကြောင်း ၊အရောင်းပိုင်းတွင်ဗဟန်းမြို့နယ်၊ လှည်းတန်း နှင့် ရန်ကုန်-အင်းစိန်လမ်းမပေါ် များတွင် အများဆုံး အကျိုးဆောင် ပေးနေရကြောင်း သိရသည်။

၎င်း မြို့နယ်များတွင် အများဆုံးအကျိုးဆောင်ပေးနေရခြင်း မှာ
လုပ်ငန်းရှင် နိုင်ငံခြားသားများ နေထိုင်ရန်အတွက် ဖြစ်ကြောင်း သိရသည်။

အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်း အပြင် ဂိုဒေါင်၊ စက်ရုံ များကိုလည်း အကျိုးဆောင် ပေးခြင်း၊ ဆောက်လုပ်ရေးပိုင်းတွင်လည်းကန်ထရိုက်နှင့်
မြေရှင်ကြား ညှိနှိုင်း ပေးခြင်း၊ကားအရောင်းအ၀ယ်နှင့်ပတ်သက်သော လုပ်ငန်းများကို အကျိုးဆောင် ပေးခြင်းနှင့် နယ်မြို့များဖြစ်သော
ပုသိမ်၊လားရှိုး၊တောင်ကြီး၊မြ၀တီ၊တာချီလိတ်မြို့များကိုလည်း အကျိုးဆောင် ပေးပြီးအများဆုံးမှာ လုပ်ငန်းလုပ်ရန် ၊ရုံးခွဲဖွင့်ရန်
အတွက်ဖြစ်ပြီး ကော်ဖီခြံ၊လိမ္မော်ခြံကဲ့သို့ ခြံ ရောင်းဝယ်ခြင်း၊အပန်းဖြေအိမ်များ
ငှားခြင်း၊ရောင်းခြင်း၊၀ယ်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးကြောင်း သိရသည်။

အိမ်၊ခြံ၊မြေ ဈေးနှုန်းမှာ အမြင့်ဆုံးနီးပါးသို့ရောက်ရှိ သွားသောကြောင့် အရောင်းအ၀ယ်မှာ အနည်းငယ်ရပ်တန့်သွားကြောင်းလည်း သိရသည်။
တိုက်ခန်းများပိုများလာစေရန် ရန်ကုန်မြို့လယ်ရှိ နှစ်(၂၀)ကျော်နေပြီဖြစ်သော အဆောက်အဦးဟောင်းများကိုရန်ကုန်မြို့တော် စည်ပင်သာယာ မှ ဖျက်သိမ်းပြီး အဆင့်မြင့်တိုက်ခန်းများ ဆောက်လုပ်မည် ဆိုပါက လူအများစုမှာ မြို့ထဲတွင်နေထိုင်နိုင်ပြီး သွားရေးလာရေးကိစ္စများ အဆင်ပြေလွယ်ကူနိုင်မည် ဟု အကြံပေးပြောကြားခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)