စက်တင်ဘာစတား အိမ် ၊ ခြံ ၊ မြေ လုပ်ငန်း မှ ဒေါ်နုနုထွေး နှင့် အင်တာဗျူး
Posted by ဝေဖြိုးသူ (iMyanmarHouse.com)
လတ်တလော အများဆုံးအကျိုးဆောင်ပေးသော မြို့နယ်မှာ ဒဂုံမြို့သစ် ၊ သင်္ဃန်းကျွန်း ၊ တောင်ဥက္ကလာပ မြို့နယ် များဖြစ်ပြီး ၊ မြေကွက်သည် အခွန်မဆောင်ရသောကြောင့် ရောင်းအားကောင်း ဟုပြောကြား သည်။ပိုင်ဆိုင်မှု့ ခိုင်မာခြင်း သည် ဂရန်မြေပေါ်တွင်ဆောက်ထားသော လုံးချင်းအိမ် ဖြစ်ကြောင်း ။ ရန်ကုန်မြို့နယ် ရှိ ရောင်းအားကောင်းသော မြို့နယ် တွင်မြေဈေးနှုန်းများ ၁ပေပတ်လည်ကို ၆ သောင်းအထက် ၀န်းကျင် ရှိသည်ဟုဆိုသည် ။
ရင်းနှီးမြှပ်နှံသူအနေနှင့် အသင့်တော်ဆုံးမှာ မြေကွက်ဖြစ်ကြောင်း အကြံပေးပြောကြားခဲ့သည်။နောက်ဆုံးအကျိုးဆောင်ပေးလိုက်သော မြို့နယ်မှာမရမ်းကုန်း မြို့နယ်ရွှေဟင်္သာကွန်ဒို ၃၆၀၀ စတုရန်းပေ အကျယ် ကိုသိန်း ၈၀၀၀နှင့် အကျိုးဆောင်ပေးလိုက်ရပြီး ၊ အိမ်၊ ခြံ ၊ မြေ လောကတွင် လုံးချင်းအိမ်ရာ စီမံကိန်းကို အရစ်ကျ ၀ယ်ယူခြင်းမှာ အရောင်းတက်လာတာကို တွေ့ရကြောင်း ဒေါ်နုနုထွေး မှပြောပြပေးသွားပါတယ် ။