ဝင်းရွှေဝါ အိမ် ၊ ခြံ ၊ မြေ လုပ်ငန်းမှ ဒေါ်မို့မို့အောင် နှင့် အင်တာဗျူး
Posted by ဝေဖြိုးသူ (iMyanmarHouse.com)
အိမ် ၊ ခြံ ၊ မြေလုပ်ငန်းစတင် လုပ်ကိုင်တဲ့ ၁၉၉၅ ခုနှစ် ကစပြီး အိမ် ၊ ခြံ ၊ မြေ ဈေးနှုန်းသည်အတက်ဘက် သို့သာ ရောက်ရှိနေကြောင်း ။ အငှား နှင့် အရောင်း အကျိုးဆောင် ရခြင်းမှာ တူညီမှု့ရှိကြောင်း ။ ကွန်ဒိုတိုက်ခန်း သည်ပိုပြီး အကျိုးဆောင်ရ ၊အငှား ၊ အရောင်းသွက် ဟုပြောကြားခဲ့ ။နိုင်ငံခြားသားများသည် မြေပိုင်ဆိုင်ခွင့် မရှိသေးသောကြောင့် ကွန်ဒိုတိုက်ခန်း ကိုစိတ်ဝင်စားခြင်း ဖြစ်ကြောင်း ။
ကမ္ဘာအေးဘုရားလမ်းတွင် မြေဈေးနှုန်းမှာ ၁ပေပတ်လည်ကို ၈သိန်း ၊ ပြည်လမ်းတွင် ၁ပေပတ်လည်ကို ၁၀သိန်းဈေး ပေါက်နေကြောင်းခန့်မှန်းပြောကြား ။ ရင်းနှီးမြှပ်နှံသူ အနေ နှင့် အသင့်တော်ဆုံးမှာ မြေကွက်ဖြစ်ကြောင်း ထင်မြင်ချက် ကိုဒေါ်မို့မို့အောင် မှ ပြောပြပေးသွားပါတယ် ။