267 ကြိမ် ကြည့်ရှု့ ပြီး
Recycle လုပ်ချင်တဲ့ အိမ်ရှင်မတို့အတွက် Do It Yourself ပန်းအိုးလေးများ
[Unicode]
အိမ်ရှင်မတို့ရေ.... အိမ်မှာ ပစ္စည်းအဟောင်းလေးတွေရှိရင် အဟောင်းဆိုင်ကို မပို့ပစ်လိုက်ပါနဲ့။ အပင်စိုက်ရတာလဲ ဝါဿနာပါ၊ ငွေကုန်တာလဲ မခံနိုင်တဲ့ လေဒီများအတွက် ဒီတစ်ခေါက်မှာတော့ သုံးပြီးသားပစ္စည်းအဟောင်းလေးတွေကို အပင်အိုးလေးတွေအဖြစ်ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာကို ပြောပြပေးချင်လို့ပါရှင့်။
 Recycle လုပ်ချင်တဲ့ အိမ်ရှင်မတို့အတွက် Do It Yourself ပန်းအိုးလေးများ
ပန်းခရားအိုးလေးရှေ့ထား ချစ်စကားလေးတွေပြောရအောင်...
Recycle လုပ်ချင်တဲ့ အိမ်ရှင်မတို့အတွက် Do It Yourself ပန်းအိုးလေးများ
ရေနွေးအိုးခရားအဟောင်းလေးတွေကို ဆေးလှလှလေးသုတ် ၊ပန်းရနံ့တွေငှဲ့ထုတ်နိုင်မယ့် ပန်းခရားအိုးလေးအဖြစ် အသွင်ပြောင်းလို့ရနိုင်တယ်နော်။ အိမ်ရှေ့ခန်းမှာ Decoration တစ်ခုအဖြစ်ထားချင်သလား။
Recycle လုပ်ချင်တဲ့ အိမ်ရှင်မတို့အတွက် Do It Yourself ပန်းအိုးလေးများ
အိမ်ဝရံတာမှာ ကြိုးလေးနဲ့ဆွဲထားမလား၊ ပန်းခရားလေးနဲ့အလှဓာတ်ပုံရိုက်မလား။ သဘာဝရဲ့ သစ်ပင်အလှလေးတွေကို အိမ်ထဲအလည်ခေါ်ထားချင်တဲ့ အိမ်ရှင်မတို့အတွက် ရေနွေးခရားအိုးလေးတွေကို ပန်းအိုးလှလှလေးတွေအဖြစ်အရောင်ခြယ်သလိုက်ပါတော့။
ဆီသွတ်ဘူးတွေဝယ်တယ် နို့ဆီခွက်တွေဝယ်တယ်
Recycle လုပ်ချင်တဲ့ အိမ်ရှင်မတို့အတွက် Do It Yourself ပန်းအိုးလေးများ
ငါးသေတ္တာဘူး၊ အိမ်သုတ်ဆေးဘူး၊ နို့ဆီဘူး ၊ဆီသွတ်ဘူးတို့ ကုန်သွားတဲ့အခါမှာလွင့်ပစ်မယ့်အစား ဆေးလှလှလေးတွေသုတ်ပြီး ပန်းအိုးလေးအဖြစ်ပြောင်းလဲနိုင်ပါတယ်။
Recycle လုပ်ချင်တဲ့ အိမ်ရှင်မတို့အတွက် Do It Yourself ပန်းအိုးလေးများ
အိမ်ရှေ့တံခါး သို့မဟုတ် အိမ်နံပါတ်နားမှာ ချိတ်ဆွဲထားခြင်းဖြင့် ကိုယ့်အိမ်ကို ရှယ်အလှဆင်နိုင်ပါတယ်။ ပန်းပင်လှလှလေးတွေစိုက်မလား ၊ စိမ်းစိမ်းစိုစိုသစ်ပင်ပုလေးတွေထည့်စိုက်မလား။ Recyle လုပ်ဖို့ရာ သံခွက်လေးတွေက အကောင်းဆုံးပဲနော်။
Recycle လုပ်ချင်တဲ့ အိမ်ရှင်မတို့အတွက် Do It Yourself ပန်းအိုးလေးများ
ခြေလှမ်းတိုင်းမှာ ပန်းပွင့်ဖို့
Recycle လုပ်ချင်တဲ့ အိမ်ရှင်မတို့အတွက် Do It Yourself ပန်းအိုးလေးများ
စီးလို့မရတော့တဲ့ ဘွတ်ဖိနပ်အစုတ်ကလေးတွေများရှိခဲ့ရင် မလွှတ်ပစ်လိုက်ပါနဲ့။ ဘာလို့ဆို ဘွတ်ဖိနပ်လေးတွေထဲမှာ ပန်းလေးတွေစိုက်ပျိုးလို့ရလို့ပါနော်။
Recycle လုပ်ချင်တဲ့ အိမ်ရှင်မတို့အတွက် Do It Yourself ပန်းအိုးလေးများ
ပန်းလှလှလေးတွေကို ဘွတ်ဖိနပ်အတိုအရှည်လေးတွေမှာစိုက်ထားလိုက်ရင်တော့ ပန်းဖိနပ်လေးဖြစ်သွားပြီးပေါ့။ ခြံထဲကပန်းအိုးကြားတွေထဲ ပန်းဖိနပ်လေးတွေကိုအလှဆင်နိုင်ပါသေးတယ်။
ပန်းအိုးလေးတစ်ဖြစ်လဲ ဖယောင်းခွက်လေးများ....
Recycle လုပ်ချင်တဲ့ အိမ်ရှင်မတို့အတွက် Do It Yourself ပန်းအိုးလေးများ
ချစ်စရာကောင်းသပ်ရပ်လှပလွန်းတဲ့ ဖယောင်းခွက်လေးတွေဟာ ဖယောင်းကုန်သွားတဲ့အခါမှာ လွှတ်ပစ်ဖို့ နှမျောစရာကောင်းလွန်းတယ်လေနော်။ ဖယောင်းခွက်လေးထဲကို မြေဆွေးလေးနည်းနည်းထည့်ပြီး သစ်ပင်ပန်းပင်လေးတွေစိုက်လို့ရပါတယ်လို့....။
Recycle လုပ်ချင်တဲ့ အိမ်ရှင်မတို့အတွက် Do It Yourself ပန်းအိုးလေးများ
သိုးမွှေးထိုးတတ်တဲ့လေဒီများရှိရင် ကြိုးလေးကျစ်ပြီး ဝရံတာမှာအလှချိတ်ဆွဲထားနိုင်ပါတယ်။ ပန်းလေးတွေအပြည့်နဲ့လေဒီတို့ရဲ့ ဝရံတာလေးဟာ အောက်က လမ်းသွားလမ်းလာတွေအဖို့ မော့မကြည့်ပဲမနေနိုင်အောင်ဆွဲဆောင်နေမှာပါ။
Recycle လုပ်ချင်တဲ့ အိမ်ရှင်မတို့အတွက် Do It Yourself ပန်းအိုးလေးများ
ဒီကနေ့ကတော့ ပန်းအိုးကလေးအဖြစ်ပြောင်းလဲလို့ရနိုင်တဲ့အသုံးအဆောင်အဟောင်းလေးတွေကိုတင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။ အိမ်ဝရံတာလေးမှာ အလှချိတ်ဆွဲထားနိုင်ပြီး လေအဝှေ့မှာ လွှင့်ပျံ့လာတဲ့ပန်းရနံ့သင်းသင်းလေးနဲ့ နေ့သစ်တိုင်းကို အစပျိုးလိုက်ပါ ချစ်သောပရိတ်သတ်များရှင့်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)