225 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ခရစ္စမတ်မှာ နေအိမ်ကို ဒီလိုလေးဆင်ယင်ကြမယ်

 

 

[Unicode]

 

ဒီဇင်ဘာလရဲ့ နှင်းဖွေးဖွေးလေးတွေနဲ့ ရာသီဥတုအေးအေးလေးကို စပြီး ခံစားရပြီဆိုရင် ခရစ်စမတ်ကာလ ပျော်ရွှင်မှုတွေလည်း ရောက်လာတော့မှာပါ။ ခရစ္စမတ်ကာလ အားလပ်ရက်ပိတ်ရက်တွေဆို လူတိုင်းလူတိုင်း ပျော်ရွှင်စွာနဲ့ ဖြတ်သန်းတတ်ကြပါတယ်။ ချစ်ခင်ရတဲ့ မိသားစုတွေ အတူဆုံစည်းပြီး ပါတီလုပ်ကြတာ၊ ခရီးတွေ အတူထွက်ကြတာ၊ နေအိမ်မှာ ကလေးလေးတွေအတွက် ခရစ္စမတ်ပျော်ပွဲရွှင်ပွဲလေးတွေလုပ်ပြီး ပျော်ရွှင်စရာ အခိုက်အတန့်လေးတွေ ဖန်တီးပေးကြတာ စသဖြင့် ချစ်စရာကောင်းတဲ့ ခရစ္စမတ်အချိန်အခါသမယကို ဖြတ်သန်းကြတာဖြစ်ပါတယ်။

 

ခရစ္စမတ်မှာ နေအိမ်ကို ဒီလိုလေးဆင်ယင်ကြမယ်

ခရစ္စမတ်လို့ ပြောလိုက်တာနဲ့ နေအိမ်တွေမှာ ခရစ္စမတ်ကာလအပြင်အဆင်လေးတွေကို မိသားစုတွေ အတူ ဖန်တီးပြင်ဆင်ကြရတာဟာလည်း ပျော်ရွှင်မှုတစ်ခုပါပဲ။ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေ၊ စိတ်ကူးလေး တွေက နေအိမ်မှာပဲ အလွယ်တကူ ခရစ္စမတ် အပြင်အဆင်လေးတွေ လိုက်လုပ်ကြည့်လို့ ရပါတယ်။ လက်မှုနဲ့ ကိုယ်တိုင်လုပ်တဲ့ ပစ္စည်းလေးတွေက တကယ့်ကို မှ ချစ်စရာကောင်းပြီး အမှတ်တရ တန်ဖိုးလို့လည်း ထားရပါ တယ်နော်။


အိမ်ရှေ့တံခါးလေးက ခရစ္စမတ်အပြင်အဆင်လေးကို ဒီလိုလေး အလွယ်တကူလုပ်ကြည့်ပါ။

 

ခရစ္စမတ်မှာ နေအိမ်ကို ဒီလိုလေးဆင်ယင်ကြမယ်

အိမ်အပြင်ဘက် တံခါးလေးမှာ လှပတဲ့ ပန်းခွေလေးက တကယ့်ကိုမှ နွေးထွေးပြီး ဆွဲဆောင်မှုရှိပါတယ်။ ဧည့်သည်တွေကို နွေးနွေးထွေးထွေး ဖိတ်ခေါ်နိုင်မယ့် ခရစ္စမတ်အပြင်အဆင်လေးကို ကိုယ်တိုင်လုပ်နိုင်ပါတယ်။ အခုပုံထဲမှာ ပြထားတဲ့ ဒီဇိုင်းလေးကတော့ ပါစတာ ခြောက်လေးတွေနဲ့ လုပ်ထားတာပါ။ ပါစတာ ခြောက်တွေကို ရွှေရောင်ဆေးမှုတ်ပြီး ပန်းခွေပုံစံ ကော်နဲ့ကပ်လိုက်ပါတယ်။ ပြီးရင်တော့ အနီရောင် ဖဲပြားစက္ကူလေးတွေနဲ့ ဆက်ပြီး ကပ်ပါ။ ထင်းရှူးသီးခြောက်လေးတွေလည်း ကပ်ပြီး အလှဆင်နိုင်ပါတယ်။ ဒါဆိုရင် ချစ်စရာကောင်းတဲ့ ခရစ္စမတ်ပန်းခွေလေးကို အလွယ်တကူလေး ရလာမှာပါ။

 

ခရစ္စမတ်သစ်ပင်ကိုလည်း ထူးထူးခြားခြားလေး လုပ်ကြမယ်။

 

ခရစ္စမတ်မှာ နေအိမ်ကို ဒီလိုလေးဆင်ယင်ကြမယ်

 

ခရစ္စမတ် သစ်ပင်ဆိုတာနဲ့ လုပ်နေကြ ထင်းရှူးသစ်ပင်မှာ မီးလုံးတွေ ချိတ်၊ ပါဆယ်ပုံးတွေ ချတာက အရမ်းကို ရိုးရှင်းလွန်းပါတယ်။ အခုတော့ ကိုယ်ပိုင်ဖန်တီးတဲ့ ပုံစံနဲ့ ခရစ္စမတ်သစ်ပင်လှလှလေးကို အလွယ်တကူပဲ ဖန်တီးလို့ ရပါတယ်။ အရွယ်အစားမတူတဲ့ သစ်သားချောင်း အသေးလေးတွေ လိုအပ်ပြီးတော့ အလယ်အူတိုင် သစစ်သားချောင်းတစ်ချောင်းမှာ လျိုထိုးပြီး အဲ့ဒီ သစ်သားလေးအပိုင်းတွေကို ကော်နဲ့ ထပ်ထပ်ပြီး သစ်ပင်လိုပုံစံ ရုပ်လုံးဖော်လိုက်ပါ။ ပြီးရင်တော့ ခရစ်စမတ် ပစ္စည်းလေးတွေဖြစ်တဲ့ ရောင်စုံ ဘောလုံးလေးတွေ၊ မီးလုံးလေးတွေ၊ ခေါင်းလောင်းတွေ၊ ဖဲပြားလေးတွေကို ကိုယ်နှစ်သက်သလို ကပ်လိုက်ရင် ချစ်စရာကောင်းပြီး ရိုးရှင်းရဲ့ ခရစ္စမတ် သစ်ပင်လေးရလာပြီပေါ့။

ခရစ္စမတ်မှာ နေအိမ်ကို ဒီလိုလေးဆင်ယင်ကြမယ်

 

အရိုးရှင်းဆုံး စိတ်ကူး နောက်တစ်မျိုးအနေနဲ့ ပုံထဲကလို သစ်ကိုင်းချောင်းလေးတစ်ချာင်းကို ယူပါ။ စိတ်ကြိုက်ချိုးခတ်ထားတဲ့ သစ်သားချောင်းလေးမှာ ခရစ္စမတ် အလှဆင်ပစ္စည်းလေးတွေ ချိတ်ဆွဲပြီး ထောင်ထားလို့ ရမယ့် အခံတစ်ခုပေါ် ထားလိုက်ရင် အလွယ်ကူဆုံးနဲ့ ထူးထူးခြားခြားလေး ဖြစ်နေမယ့် ခရစ္စမတ်သစ်ပင်လေး ရပါပြီနော်။

 

ခရစ္စမတ်ဖယောင်းတိုင်၊ အလင်းမီးတိုင်လေးကိုလည်း ဒီလိုမျိုးလေး လုပ်လို့ရတယ်နော်။

 

ခရစ္စမတ်မှာ နေအိမ်ကို ဒီလိုလေးဆင်ယင်ကြမယ်

 

ကိုယ့်အိမ်မှာ အရွယ်အစားမျိုးစုံရှိတဲ့ ဖယောင်းတိုင်လေးကို စိတ်ကြိုက်သုံးနိုင်လို့ အပိုငွေ ကုန်ကျစရာ မလိုပါဘူးနော်။ ဖယောင်းတိုင်လေးရဲ့ ဘေးပတ်ပတ်လည်မှာ သစ်ကြပိုးခေါက်အချောင်းလေးတွေ ပတ်လည်စီပြီးတော့ အလှကြိုးလေးနဲ့ ချည်လိုက်ရုံပါပဲ။ ပြီးရင်တော့ လေးညှင်းပွင့်လေးတွေ၊ ထင်းရှူးသီးလေးတွေ၊ ဖဲပွင့်လေးတွေနဲ့ ပုံထဲမှာ ပြထားသလို အလှဆင်နိုင်ပါတယ်။

ခရစ္စမတ်မှာ နေအိမ်ကို ဒီလိုလေးဆင်ယင်ကြမယ်

ဒါ့အပြင် ပုံထဲကလို ဖန်ပုလင်းအရွယ်အစားအစုံလေးတွေနဲ့လည်း အလင်းတိုင်လေး ထည့်ပြီးတော့ အပြင်ဘက်က ဖဲပြားကြိုးလေးချည်၊ ထင်းရှူး အခတ်လေးတွေ၊ သစ်ပင်လေးတွေနဲ့လည်း အလှဆင်နိုင်ပါသေးတယ်။

 

 

ခရစ္စမတ်အပြင်အဆင် အရုပ်ကလေးတွေကိုလည်း မိမိဘာသာ ချုပ်လုပ်ဖန်တီးနိုင်ပါသေးတယ်။

 

ခရစ္စမတ်မှာ နေအိမ်ကို ဒီလိုလေးဆင်ယင်ကြမယ်

လက်မှုပညာကျွမ်းတဲ့သူတွေ၊ အပ်ချုပ်တတ်တဲ့သူတွေကတော့ ဒီချစ်စရာကောင်းတဲ့ အရုပ်လေးတွေကို ကိုယ်တိုင်ကိုယ်ကျ ပုံဖော်ချုပ်လုပ်လို့ရပါတယ်။ ဂွမ်းပိတ်စလေးတွေကို အနီရောင်၊ အစိမ်းရောင်၊အဖြူရောင်၊ အညို ရောင်အစရှိသဖြင့် ခရစ္စမတ် အရောင်လေးတွေ ရွေးချယ်လိုက်ပါ။ သစ်ပင်လေးတွေ၊ အသဲပုံလေး၊ ကြယ်လေး၊ သမင်လေး၊ လှုပ်မြင်းလေး၊ လက်အိပ်လေး၊ ပန်းခွေလေး၊ နှင်းပွင့်လေးတွေ စသဖြင့် အရုပ်လေးတွေကို ဂွမ်းပိတ်စလေးတွေနဲ့ မိမိနှစ်သက်ရာ ပုံဖော် ချုပ်လုပ်နိုင်ပါတယ်နော်။

 

သားသားမီးမီးတို့ အကြိုက် ခရစ္စမတ်အရုပ်ကလေးတွေလည်း လုပ်ကြမယ်။

 

ခရစ္စမတ်မှာ နေအိမ်ကို ဒီလိုလေးဆင်ယင်ကြမယ်

 

အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး လုပ်လို့ရမယ့် ခရစ္စမတ်အပြင်အဆင်လေးပါနော်။ တစ်ရှူးစက္ကူတွေ ကုန်သွားတဲ့ အခါ အလယ်အူတိုင်က စက္ကူလိပ်လေးတွေက ဒီနေရာမှာ တအားအသုံးဝင်ပါတယ်။ စက္ကူလိပ်လေးတွေကို ရောင်စုံခြယ်ပြီး အရုပ်ကလေးတွေ ဆွဲပါ။ ပုံမှာ ပြထားသလို နှင်းလူသား၊ ခရစ္စမတ် ဘိုးဘိုး၊ ခရစ်စမတ်သစ်ပင်၊ နှင်းအိမ်လေးတွေ စတာတွေကို စိတ်ကူးရရင် ရသလောက် ဖန်တီးနိုင်တာမို့လို့ သားသားမီးမီးလေး တွေလည်း သဘောကျမှာ သေချာပါတယ်။

 ခရစ္စမတ်မှာ နေအိမ်ကို ဒီလိုလေးဆင်ယင်ကြမယ်

ကဲဒီလောက်ဆိုရင်..ပျော်ရွှင်စရာ ခရစ်စမတ်ကာလလေးမှာ နေအိမ်လေးထဲ ချစ်စရာကောင်းတဲ့ ခရစ္စမတ် အပြင်အဆင်လေးတွေ လုပ်ကြည့်ဖို့ စိတ်ကူးရလောက်ပြီထင်ပါတယ်နော်။ ချမ်းအေးလွန်းတဲ့ ဒီဇင်ဘာနဲ့ ခရစ္စမတ်အချိန်အခါလေးမှာ iMyanmarHouse စာဖတ်ပရိသတ်တွေ အေးချမ်းသာယာပြီး ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်….....

 

ခရစ္စမတ်မှာ နေအိမ်ကို ဒီလိုလေးဆင်ယင်ကြမယ်

 


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

ခရစၥမတ္မွာ ေနအိမ္ကို ဒီလိုေလးဆင္ယင္ၾကမယ္

 


ဒီဇင္ဘာလရဲ႕ ႏွင္းေဖြးေဖြးေလးေတြနဲ႔ ရာသီဥတုေအးေအးေလးကို စၿပီး ခံစားရၿပီဆိုရင္ ခရစ္စမတ္ကာလ ေပ်ာ္႐ႊင္မႈေတြလည္း ေရာက္လာေတာ့မွာပါ။ ခရစၥမတ္ကာလ အားလပ္ရက္ပိတ္ရက္ေတြဆို လူတိုင္းလူတိုင္း ေပ်ာ္႐ႊင္စြာနဲ႔ ျဖတ္သန္းတတ္ၾကပါတယ္။ ခ်စ္ခင္ရတဲ့ မိသားစုေတြ အတူဆုံစည္းၿပီး ပါတီလုပ္ၾကတာ၊ ခရီးေတြ အတူထြက္ၾကတာ၊ ေနအိမ္မွာ ကေလးေလးေတြအတြက္ ခရစၥမတ္ေပ်ာ္ပြဲ႐ႊင္ပြဲေလးေတြလုပ္ၿပီး ေပ်ာ္႐ႊင္စရာ အခိုက္အတန္႔ေလးေတြ ဖန္တီးေပးၾကတာ စသျဖင့္ ခ်စ္စရာေကာင္းတဲ့ ခရစၥမတ္အခ်ိန္အခါသမယကို ျဖတ္သန္းၾကတာျဖစ္ပါတယ္။

ခရစၥမတ္လို႔ ေျပာလိုက္တာနဲ႔ ေနအိမ္ေတြမွာ ခရစၥမတ္ကာလအျပင္အဆင္ေလးေတြကို မိသားစုေတြ အတူ ဖန္တီးျပင္ဆင္ၾကရတာဟာလည္း ေပ်ာ္႐ႊင္မႈတစ္ခုပါပဲ။ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေလးေတြ၊ စိတ္ကူးေလး ေတြက ေနအိမ္မွာပဲ အလြယ္တကူ ခရစၥမတ္ အျပင္အဆင္ေလးေတြ လိုက္လုပ္ၾကည့္လို႔ ရပါတယ္။ လက္မႈနဲ႔ ကိုယ္တိုင္လုပ္တဲ့ ပစၥည္းေလးေတြက တကယ့္ကို မွ ခ်စ္စရာေကာင္းၿပီး အမွတ္တရ တန္ဖိုးလို႔လည္း ထားရပါ တယ္ေနာ္။


အိမ္ေ႐ွ႕တံခါးေလးက ခရစၥမတ္အျပင္အဆင္ေလးကို ဒီလိုေလး အလြယ္တကူလုပ္ၾကည့္ပါ။

 

အိမ္အျပင္ဘက္ တံခါးေလးမွာ လွပတဲ့ ပန္းေခြေလးက တကယ့္ကိုမွ ေႏြးေထြးၿပီး ဆြဲေဆာင္မႈ႐ွိပါတယ္။ ဧည့္သည္ေတြကို ေႏြးေႏြးေထြးေထြး ဖိတ္ေခၚႏိုင္မယ့္ ခရစၥမတ္အျပင္အဆင္ေလးကို ကိုယ္တိုင္လုပ္ႏိုင္ပါ တယ္။ အခုပုံထဲမွာ ျပထားတဲ့ ဒီဇိုင္းေလးကေတာ့ ပါစတာ ေျခာက္ေလးေတြနဲ႔ လုပ္ထားတာပါ။ ပါစတာ ေျခာက္ေတြကို ေ႐ႊေရာင္ေဆးမႈတ္ၿပီး ပန္းေခြပုံစံ ေကာ္နဲ႔ကပ္လိုက္ပါတယ္။ ၿပီးရင္ေတာ့ အနီေရာင္ ဖဲျပားစကၠဴေလးေတြနဲ႔ ဆက္ၿပီး ကပ္ပါ။ ထင္း႐ွဴးသီးေျခာက္ေလးေတြလည္း ကပ္ၿပီး အလွဆင္ႏိုင္ပါတယ္။ ဒါဆိုရင္ ခ်စ္စရာေကာင္းတဲ့ ခရစၥမတ္ပန္းေခြေလးကို အလြယ္တကူေလး ရလာမွာပါ။

 

ခရစၥမတ္သစ္ပင္ကိုလည္း ထူးထူးျခားျခားေလး လုပ္ၾကမယ္။

 

ခရစၥမတ္ သစ္ပင္ဆိုတာနဲ႔ လုပ္ေနၾက ထင္း႐ွဴးသစ္ပင္မွာ မီးလုံးေတြ ခ်ိတ္၊ ပါဆယ္ပုံးေတြ ခ်တာက အရမ္းကို ႐ိုး႐ွင္းလြန္းပါတယ္။ အခုေတာ့ ကိုယ္ပိုင္ဖန္တီးတဲ့ ပုံစံနဲ႔ ခရစၥမတ္သစ္ပင္လွလွေလးကို အလြယ္တကူပဲ ဖန္တီးလို႔ ရပါတယ္။ အ႐ြယ္အစားမတူတဲ့ သစ္သားေခ်ာင္း အေသးေလးေတြ လိုအပ္ၿပီးေတာ့ အလယ္အူတိုင္ သစစ္သားေခ်ာင္းတစ္ေခ်ာင္းမွာ လ်ိဳထိုးၿပီး အဲ့ဒီ သစ္သားေလးအပိုင္းေတြကို ေကာ္နဲ႔ ထပ္ထပ္ၿပီး သစ္ပင္လိုပုံစံ ႐ုပ္လုံးေဖာ္လိုက္ပါ။ ၿပီးရင္ေတာ့ ခရစ္စမတ္ ပစၥည္းေလးေတြျဖစ္တဲ့ ေရာင္စုံ ေဘာလုံးေလးေတြ၊ မီးလုံးေလးေတြ၊ ေခါင္းေလာင္းေတြ၊ ဖဲျပားေလးေတြကို ကိုယ္ႏွစ္သက္သလို ကပ္လိုက္ရင္ ခ်စ္စရာေကာင္းၿပီး ႐ိုး႐ွင္းရဲ႕ ခရစၥမတ္ သစ္ပင္ေလးရလာၿပီေပါ့။ အ႐ိုး႐ွင္းဆုံး စိတ္ကူး ေနာက္တစ္မ်ိဳးအေနနဲ႔ ပုံထဲကလို သစ္ကိုင္းေခ်ာင္းေလးတစ္ခ်ာင္းကို ယူပါ။ စိတ္ႀကိဳက္ခ်ိဳးခတ္ထားတဲ့ သစ္သားေခ်ာင္းေလးမွာ ခရစၥမတ္ အလွဆင္ပစၥည္းေလးေတြ ခ်ိတ္ဆြဲၿပီး ေထာင္ထားလို႔ ရမယ့္ အခံတစ္ခုေပၚ ထားလိုက္ရင္ အလြယ္ကူဆုံးနဲ႔ ထူးထူးျခားျခားေလး ျဖစ္ေနမယ့္ ခရစၥမတ္သစ္ပင္ေလး ရပါၿပီေနာ္။

 

ခရစၥမတ္ဖေယာင္းတိုင္၊ အလင္းမီးတိုင္ေလးကိုလည္း ဒီလိုမ်ိဳးေလး လုပ္လို႔ရတယ္ေနာ္။

 

ကိုယ့္အိမ္မွာ အ႐ြယ္အစားမ်ိဳးစုံ႐ွိတဲ့ ဖေယာင္းတိုင္ေလးကို စိတ္ႀကိဳက္သုံးႏိုင္လို႔ အပိုေငြ ကုန္က်စရာ မလိုပါဘူးေနာ္။ ဖေယာင္းတိုင္ေလးရဲ႕ ေဘးပတ္ပတ္လည္မွာ သစ္ၾကပိုးေခါက္အေခ်ာင္းေလးေတြ ပတ္လည္စီၿပီးေတာ့ အလွႀကိဳးေလးနဲ႔ ခ်ည္လိုက္႐ုံပါပဲ။ ၿပီးရင္ေတာ့ ေလးညႇင္းပြင့္ေလးေတြ၊ ထင္း႐ွဴးသီးေလးေတြ၊ ဖဲပြင့္ေလးေတြနဲ႔ ပုံထဲမွာ ျပထားသလို အလွဆင္ႏိုင္ပါတယ္။ ဒါ့အျပင္ ပုံထဲကလို ဖန္ပုလင္းအ႐ြယ္အစားအစုံေလးေတြနဲ႔လည္း အလင္းတိုင္ေလး ထည့္ၿပီးေတာ့ အျပင္ဘက္က ဖဲျပားႀကိဳးေလးခ်ည္၊ ထင္း႐ွဴး အခတ္ေလးေတြ၊ သစ္ပင္ေလးေတြနဲ႔လည္း အလွဆင္ႏိုင္ပါေသးတယ္။

 

ခရစၥမတ္အျပင္အဆင္ အ႐ုပ္ကေလးေတြကိုလည္း မိမိဘာသာ ခ်ဳပ္လုပ္ဖန္တီးႏိုင္ပါေသးတယ္။

 

လက္မႈပညာကြၽမ္းတဲ့သူေတြ၊ အပ္ခ်ဳပ္တတ္တဲ့သူေတြကေတာ့ ဒီခ်စ္စရာေကာင္းတဲ့ အ႐ုပ္ေလးေတြကို ကိုယ္တိုင္ကိုယ္က် ပုံေဖာ္ခ်ဳပ္လုပ္လို႔ရပါတယ္။ ဂြမ္းပိတ္စေလးေတြကို အနီေရာင္၊ အစိမ္းေရာင္၊အျဖဴေရာင္၊ အညိဳ ေရာင္အစ႐ွိသျဖင့္ ခရစၥမတ္ အေရာင္ေလးေတြ ေ႐ြးခ်ယ္လိုက္ပါ။ သစ္ပင္ေလးေတြ၊ အသဲပုံေလး၊ ၾကယ္ေလး၊ သမင္ေလး၊ လႈပ္ျမင္းေလး၊ လက္အိပ္ေလး၊ ပန္းေခြေလး၊ ႏွင္းပြင့္ေလးေတြ စသျဖင့္ အ႐ုပ္ေလးေတြကို ဂြမ္းပိတ္စေလးေတြနဲ႔ မိမိႏွစ္သက္ရာ ပုံေဖာ္ ခ်ဳပ္လုပ္ႏိုင္ပါတယ္ေနာ္။

 

သားသားမီးမီးတို႔ အႀကိဳက္ ခရစၥမတ္အ႐ုပ္ကေလးေတြလည္း လုပ္ၾကမယ္။

 

အလြယ္ကူဆုံးနဲ႔ အ႐ိုး႐ွင္းဆုံး လုပ္လို႔ရမယ့္ ခရစၥမတ္အျပင္အဆင္ေလးပါေနာ္။ တစ္႐ွဴးစကၠဴေတြ ကုန္သြားတဲ့ အခါ အလယ္အူတိုင္က စကၠဴလိပ္ေလးေတြက ဒီေနရာမွာ တအားအသုံးဝင္ပါတယ္။ စကၠဴလိပ္ေလးေတြကို ေရာင္စုံျခယ္ၿပီး အ႐ုပ္ကေလးေတြ ဆြဲပါ။ ပုံမွာ ျပထားသလို ႏွင္းလူသား၊ ခရစၥမတ္ ဘိုးဘိုး၊ ခရစ္စမတ္သစ္ပင္၊ ႏွင္းအိမ္ေလးေတြ စတာေတြကို စိတ္ကူးရရင္ ရသေလာက္ ဖန္တီးႏိုင္တာမို႔လို႔ သားသားမီးမီးေလး ေတြလည္း သေဘာက်မွာ ေသခ်ာပါတယ္။

 

ကဲဒီေလာက္ဆိုရင္..ေပ်ာ္႐ႊင္စရာ ခရစ္စမတ္ကာလေလးမွာ ေနအိမ္ေလးထဲ ခ်စ္စရာေကာင္းတဲ့ ခရစၥမတ္ အျပင္အဆင္ေလးေတြ လုပ္ၾကည့္ဖို႔ စိတ္ကူးရေလာက္ၿပီထင္ပါတယ္ေနာ္။ ခ်မ္းေအးလြန္းတဲ့ ဒီဇင္ဘာနဲ႔ ခရစၥမတ္အခ်ိန္အခါေလးမွာ iMyanmarHouse စာဖတ္ပရိသတ္ေတြ ေအးခ်မ္းသာယာၿပီး ေပ်ာ္႐ႊင္စြာ ျဖတ္သန္းႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္….....

 


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)