398 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

သင့်အိမ်အား အသစ်တစ်ဖန်ခံစားရစေရန် လွယ်ကူသော အိမ်အလှဆင်စိတ်ကူးပေါင်း ၂၀ (အပိုင်း-၁)

 

[Unicode]


သင့်တွင် အိမ်ကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ ငွေအများကြီးသုံးသည်ဖြစ်စေ မရှိသည်ဖြစ်စေ သို့မဟုတ် သင်ပြန်လည်အလှဆင်လိုသော အခန်းတစ်ခုရှိသည်ဖြစ်စေ သင့်နေရာအား ပြောင်းလဲရန် လွယ်ကူသောနည်းလမ်းများစွာရှိပါသည်။ အသစ်အဆန်းဖြစ်စေမည့် အပြောင်းအလဲအနည်းငယ်ကို လိုချင်သူများအတွက် အိမ်အလှဆင်စိတ်ကူးပေါင်း ၂၀ ရှိသည့်အနက် ၁၀ မျိုးကို အောက်မှာ ဖတ်ရှုပြီး လိုက်ပါလုပ်ဆောင်နိုင်ပါသည်။

 

၁။ သင့်ထိုင်ခုံများကို အားဖြည့်ရန် နောက်မှီခေါင်းအုံးများ သုံးပါ

သင့်အိမ်အား အသစ်တစ်ဖန်ခံစားရစေရန် လွယ်ကူသော အိမ်အလှဆင်စိတ်ကူးပေါင်း ၂၀ (အပိုင်း-၁)

နောက်မှီခေါင်းအုံးကောင်းတစ်လုံး၏ စွမ်းအားကို ဘယ်တော့မှ လျှော့မတွက်လိုက်ပါနှင့်။ သင့်ပရိဘောဂအပိုင်းအစတွေကို မပြောင်းချင်ဘူး (ဒါမှမဟုတ် ရှင်းရှင်းပြောရရင် မတတ်နိုင်ဘူး) ဆိုလျှင်တောင် ချစ်စရာကောင်းသည့် ခေါင်းအုံးများကို ရောစပ်ထည့်လိုက်ခြင်းက ဘယ်အခန်းကိုမဆို အလွယ်တကူ ပြန်လည်ဆန်းသစ်စေနိုင်ပါသည်။ မတူညီသောအရောင်များ၊ ပုံစံများဖြင့် စမ်းသပ်ကြည့်ပါ—ပြီးတော့ ပေါ်လွင်ထင်ရှားထင်းနေသော ခေါင်းအုံးမျိုးကို ထားရှိရန် မကြောက်ပါနှင့်။


၂။ သင့်ဘားလှည်းကို ပြောင်းလဲပါ

သင့်အိမ်အား အသစ်တစ်ဖန်ခံစားရစေရန် လွယ်ကူသော အိမ်အလှဆင်စိတ်ကူးပေါင်း ၂၀ (အပိုင်း-၁)

သင့်ဘားလှည်းကို အလှဆင်ရန် အဆုံးမရှိသောနည်းလမ်းများ ရှိသော်လည်း ၎င်းသည် သင့်အိမ်အလှဆင်ရန်အတွက် ရိုးရှင်းသောနည်းလမ်းဖြစ်ပါသည်။ သင်၏ အမိုက်ဆုံး ဖန်ထည်များကို သိမ်းဆည်းရန်၊ ရောင်စုံပန်းပွင့်လေးများ ထည့်ရန် ဒါမှမဟုတ် သင်၏ အရက်နှင့် ဝိုင်ပုလင်းများနှင့်အတူ အလှဆင်ပစ္စည်း သေးသေးလေးများကို ထည့်ရန် အသုံးပြုနိုင်ပါသည်။ သင့်ကိုယ်ပိုင်စတိုင်နှင့် လိုက်ဖက်သော အသွင်အပြင်ကို ရွေးချယ်လိုက်ပါ၊ ကြည်နူးဖွယ်ကောင်းနေပါလိမ့်မည်။

 

၃။ ထင်ရှားပေါ်လွင်သော နံရံတစ်ဖက် ဖန်တီးပါ

သင့်အိမ်အား အသစ်တစ်ဖန်ခံစားရစေရန် လွယ်ကူသော အိမ်အလှဆင်စိတ်ကူးပေါင်း ၂၀ (အပိုင်း-၁)

အကယ်၍ သင်က အိမ်မှာ ပစ္စည်းပစ္စယများများရှိသည်ကို ကြိုက်သူတစ်ဦး သိပ်မဟုတ်သည့်တိုင် သင့်အိမ်ရှိ နံရံတိုင်းကို နံရံကပ်နောက်ခံပုံ သို့မဟုတ် ပန်းချီအနုပညာဖြင့် ဖုံးအုပ်၍လည်းမထားလိုပါက ထင်ရှားပေါ်လွင်သော နံရံတစ်ဖက် ဖန်တီးကြည့်ပါ။

 

၄။ ပရိဘောဂ အချက်အချာနေရာ တစ်ခုတွင် ရင်းနှီးမြှုပ်နှံပါ

သင့်အိမ်အား အသစ်တစ်ဖန်ခံစားရစေရန် လွယ်ကူသော အိမ်အလှဆင်စိတ်ကူးပေါင်း ၂၀ (အပိုင်း-၁)

သူတို့၏အိမ်တွင် အချက်အခြာနေရာအသစ်ကို လုံးလုံးထည့်ချင်သော်လည်း လုံးလုံးလျားလျားပြန်လည်မွမ်းမံရန် မတတ်နိုင် (သို့မဟုတ်) လုံးလုံးလျားလျားပြန်လည်မမွမ်းမံချင်သူများအတွက် အမှန်တကယ်နှစ်သက်သော ပရိဘောဂတစ်ခုတွင် ရင်းနှီးမြှုပ်နှံကြည့်ရန် (အခရာကျသော ပရိဘောဂတစ်ခုထားရှိရန်/ထို့အတွက် ငွေသုံးရန်) အကြံပေးပါရစေ။ ၎င်းသည် Instagram တွင် သင်မြင်ဖူးသည့် ရင်သပ်ရှုမောဖွယ်ရာ အိပ်ရာတစ်ခု၊ အမြင့်ဆုံးသော လက်တင်ကုလားထိုင် သို့မဟုတ် သင်လိုချင်နေသော မီးဖိုချောင်စားပွဲပင် ဖြစ်နိုင်သည်။ ထို့နောက် သင့်အိမ်၏ကျန်နေရာများကို ပို၍သေးငယ်ကာ ငွေကြေးတတ်နိုင်လောက်သော အရာများဖြင့် အလှဆင်နိုင်ပါသည်။

၅။ နံရံကပ်နောက်ခံပုံအသစ် (သို့မဟုတ် ဖယ်ရှားနိုင်သော နံရံကပ်နောက်ခံပုံ) ကို စမ်းသုံးကြည့်ပါ

သင့်အိမ်အား အသစ်တစ်ဖန်ခံစားရစေရန် လွယ်ကူသော အိမ်အလှဆင်စိတ်ကူးပေါင်း ၂၀ (အပိုင်း-၁)

ထင်ရှားပေါ်လွင်သောနံရံတစ်ခု ဖန်တီးလိုသည်ဖြစ်စေ သင့်အိမ်အပေါ် ခံစားချက်ကို လုံးလုံးလျားလျား ပြောင်းလဲလိုသည်ဖြစ်စေ (ဖယ်ရှားနိုင်သော နှင့် အမြဲတမ်း) နံရံကပ်နောက်ခံပုံများကို လွဲချော်၍ မရပါ။ သင်လိုချင်သောအရာကို အတိအကျသိပါက (စိတ်ပြောင်းမည်ဟုမထင်ပါက) ဂန္တဝင်ပုံစံဖြင့် အမြဲတမ်းနောက်ခံပုံတစ်ခုကို သုံးပါ။ ခေတ်မီဆန်းသစ်သော ရွေးချယ်စရာများကို အမျိုးမျိုးပြောင်းကပ်ရန် နှစ်သက်သူများအတွက်မူ ကပ်ခွာ နံရံကပ်နောက်ခံပုံများကို ရွေးချယ်နိုင်ပါသည်။


၆။ အလှဆင်ရာလည်းရောက်သော သိုလှောင်မှုပစ္စည်းများကို အသုံးပြုပါ

သင့်အိမ်အား အသစ်တစ်ဖန်ခံစားရစေရန် လွယ်ကူသော အိမ်အလှဆင်စိတ်ကူးပေါင်း ၂၀ (အပိုင်း-၁)

မီးဖိုခုံများနှင့် ကြမ်းပြင်တို့မှ ရှောင်ရှား၍ သိမ်းဆည်းထားရန် လိုအပ်သောပစ္စည်းများ လူတိုင်းတွင်ရှိကြပါသည်—သို့သော် ပလတ်စတစ်ပုံးများကို အသုံးပြုမည့်အစား အသုံးဝင်ပြီး စတိုင်ကျသော သိုလှောင်မှုကို စမ်းကြည့်ပါ။ ကြိုးဖြင့်ရက်လုပ်ထားသော ခြင်းတောင်းများ၊ ချစ်စရာပုံးများနှင့် အပိုသိုလှောင်မှုပါရှိသော ဖုံကွပ်သေတ္တာများသည် အရာဝတ္ထုများကို တစ်ချိန်တည်းတွင် သပ်လည်းသပ်ရပ်စေပြီး လှလည်း လှပတင့်တယ်စေမည့် ထိန်းသိမ်းရန် အံ့သြဖွယ်ရွေးချယ်စရာများဖြစ်ပါသည်။


၇။ နံရံများတွင် မှန်များဖြည့်စွက်ပါ

သင့်အိမ်အား အသစ်တစ်ဖန်ခံစားရစေရန် လွယ်ကူသော အိမ်အလှဆင်စိတ်ကူးပေါင်း ၂၀ (အပိုင်း-၁)

အိမ်တစ်အိမ်တွင် မှန်များထပ်ထည့်ခြင်းက အလင်းရောင်နှင့် နေရာပိုကျယ်သွားသယောင် ထင်ယောင်ထင်မှားဖြစ်စေသည့် အသွင်အပြင်ကို ဖန်တီးပေးရာရောက်ပါသည်။ သင့်အိမ်တွင် ပြခန်းနံရံတစ်ခုဖန်တီးရန် စဉ်းစားနေပါက ပန်းချီပုံများ သို့မဟုတ် ဓာတ်ပုံများအပြင် မှန်သေးသေးလေးများလည်း ချိတ်ကြည့်ပါ။ နောက်တစ်နည်းအားဖြင့် သင့်နေထိုင်ရာနေရာသို့ အလင်းရောင်ပိုမိုရရှိစေရန် သင့်ဆိုဖာအထက်တွင် နံရံကပ်မှန်နှစ်ချပ်ထည့်ပါ။

၈။ သင့်အိမ်ပတ်ပတ်လည်တွင် အပင်များ ထားပါ။

သင့်အိမ်အား အသစ်တစ်ဖန်ခံစားရစေရန် လွယ်ကူသော အိမ်အလှဆင်စိတ်ကူးပေါင်း ၂၀ (အပိုင်း-၁)

နေရာတစ်ခုကို လန်းဆန်းတောက်ပစေရန်အတွက် စိမ်းလန်းစိုပြေသော အပင်ငယ်လေးများထက် စွမ်းတာဘာမှမရှိပါဘူး။ အကယ်၍ သင်သည် အပင်အနည်းငယ်ကို ဂရုစိုက်နိုင်လျှင် လန်းဆန်းသော ခံစားမှုရရှိစေရန် ၎င်းတို့ကို သင့်အိမ်အနီးတစ်ဝိုက်တွင် စိုက်ပျိုးထားရှိပါ။

 

၉။ အရာဝတ္ထုများကို နံရံပန်းချီဖြင့် တောက်ပအောင်လုပ်ပါ

သင့်အိမ်အား အသစ်တစ်ဖန်ခံစားရစေရန် လွယ်ကူသော အိမ်အလှဆင်စိတ်ကူးပေါင်း ၂၀ (အပိုင်း-၁)

သင့်အိမ်နံရံများက ငြီးငွေ့ဖွယ်မွဲခြောက်ခြောက်ဖြစ်နေသည်ဟု ခံစားရပါလျှင် တောက်ပသော အနုပညာပန်းချီလက်ရာများကို ဖြည့်စွက်လိုက်ပါ။ အထူးသဖြင့် ရာသီဥတုအေးသော အရပ်တွင် နေထိုင်လျှင် အိမ်အတွင်းထဲမှာ ရောင်စုံနှင့် နွေးထွေးသော အရောင်များ ရှိသည်ကို ကျေးဇူးတင်ရမှာပါ။ ပြခန်းနံရံတစ်ခုပေါ်တွင် မတူညီသောပုံများကို ရောယှက်ကြည့်ပြီး စမ်းသပ်ယှဉ်တွဲကြည့်ပါ သို့မဟုတ် သင်အများဆုံးနေရာယူထားသော နေရာတစ်ခုတွင် ကြီးမားသောပန်းချီပုံကို ချိတ်ဆွဲထားလိုက်ပါ။

၁၀။ နံရံကပ်စင်များကို ရွေးချယ်ပါ

သင့်အိမ်အား အသစ်တစ်ဖန်ခံစားရစေရန် လွယ်ကူသော အိမ်အလှဆင်စိတ်ကူးပေါင်း ၂၀ (အပိုင်း-၁)

ယေဘူယျအားဖြင့် စင်များအားလုံးသည် အသုံးဝင်သော်လည်း နံရံကပ်စင်များသည် သင့်နံရံများပေါ်တွင် နေရာပိုရလာစေရန် ဖန်တီးပေးသည့် အလွယ်ကူဆုံး အိမ်အလှဆင်အိုင်ဒီယာများထဲမှ တစ်ခုဖြစ်ပြီး သင်နှစ်သက်သော စာအုပ်များ၊ အပင်များနှင့် အလှဆင်ပစ္စည်းများကို ပြသရန် လွယ်ကူသောနည်းလမ်းများအဖြစ် ဆောင်ရွက်ပါသည်။ ဤစင်ပုံစံသည် စွယ်စုံရဖြစ်သောကြောင့် သင့်နံရံများရှိ ကွက်လပ်များကိုဖြည့်နိုင်ပါသည် သို့မဟုတ် အနုပညာနှင့် စာအုပ်ပြခန်းနံရံတစ်ခုကို ဖန်တီးပေးနိုင်ပါသည်။


ကျန် ၁၀ မျိုးအား အပိုင်း-၂ တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

သင့္အိမ္အား အသစ္တစ္ဖန္ခံစားရေစရန္ လြယ္ကူေသာ အိမ္အလွဆင္စိတ္ကူးေပါင္း ၂၀ (အပိုင္း-၁)

 

သင့္တြင္ အိမ္ႀကီးသည္ျဖစ္ေစ ေသးသည္ျဖစ္ေစ ေငြအမ်ားႀကီးသုံးသည္ျဖစ္ေစ မ႐ွိသည္ျဖစ္ေစ သို႔မဟုတ္ သင္ျပန္လည္အလွဆင္လိုေသာ အခန္းတစ္ခု႐ွိသည္ျဖစ္ေစ သင့္ေနရာအား ေျပာင္းလဲရန္ လြယ္ကူေသာနည္းလမ္းမ်ားစြာ႐ွိပါသည္။ အသစ္အဆန္းျဖစ္ေစမည့္ အေျပာင္းအလဲအနည္းငယ္ကို လိုခ်င္သူမ်ားအတြက္ အိမ္အလွဆင္စိတ္ကူးေပါင္း ၂၀ ႐ွိသည့္အနက္ ၁၀ မ်ိဳးကို ေအာက္မွာ ဖတ္႐ႈၿပီး လိုက္ပါလုပ္ေဆာင္ႏိုင္ပါသည္။

၁။ သင့္ထိုင္ခုံမ်ားကို အားျဖည့္ရန္ ေနာက္မွီေခါင္းအုံးမ်ား သုံးပါ

ေနာက္မွီေခါင္းအုံးေကာင္းတစ္လုံး၏ စြမ္းအားကို ဘယ္ေတာ့မွ ေလွ်ာ့မတြက္လိုက္ပါႏွင့္။ သင့္ပရိေဘာဂအပိုင္းအစေတြကို မေျပာင္းခ်င္ဘူး (ဒါမွမဟုတ္ ႐ွင္း႐ွင္းေျပာရရင္ မတတ္ႏိုင္ဘူး) ဆိုလွ်င္ေတာင္ ခ်စ္စရာေကာင္းသည့္ ေခါင္းအုံးမ်ားကို ေရာစပ္ထည့္လိုက္ျခင္းက ဘယ္အခန္းကိုမဆို အလြယ္တကူ ျပန္လည္ဆန္းသစ္ေစႏိုင္ပါသည္။ မတူညီေသာအေရာင္မ်ား၊ ပုံစံမ်ားျဖင့္ စမ္းသပ္ၾကည့္ပါ—ၿပီးေတာ့ ေပၚလြင္ထင္႐ွားထင္းေနေသာ ေခါင္းအုံးမ်ိဳးကို ထား႐ွိရန္ မေၾကာက္ပါႏွင့္။


၂။ သင့္ဘားလွည္းကို ေျပာင္းလဲပါ

သင့္ဘားလွည္းကို အလွဆင္ရန္ အဆုံးမ႐ွိေသာနည္းလမ္းမ်ား ႐ွိေသာ္လည္း ၎သည္ သင့္အိမ္အလွဆင္ရန္အတြက္ ႐ိုး႐ွင္းေသာနည္းလမ္းျဖစ္ပါသည္။ သင္၏ အမိုက္ဆုံး ဖန္ထည္မ်ားကို သိမ္းဆည္းရန္၊ ေရာင္စုံပန္းပြင့္ေလးမ်ား ထည့္ရန္ ဒါမွမဟုတ္ သင္၏ အရက္ႏွင့္ ဝိုင္ပုလင္းမ်ားႏွင့္အတူ အလွဆင္ပစၥည္း ေသးေသးေလးမ်ားကို ထည့္ရန္ အသုံးျပဳႏိုင္ပါသည္။ သင့္ကိုယ္ပိုင္စတိုင္ႏွင့္ လိုက္ဖက္ေသာ အသြင္အျပင္ကို ေ႐ြးခ်ယ္လိုက္ပါ၊ ၾကည္ႏူးဖြယ္ေကာင္းေနပါလိမ့္မည္။

၃။ ထင္႐ွားေပၚလြင္ေသာ နံရံတစ္ဖက္ ဖန္တီးပါ

အကယ္၍ သင္က အိမ္မွာ ပစၥည္းပစၥယမ်ားမ်ား႐ွိသည္ကို ႀကိဳက္သူတစ္ဦး သိပ္မဟုတ္သည့္တိုင္ သင့္အိမ္႐ွိ နံရံတိုင္းကို နံရံကပ္ေနာက္ခံပုံ သို႔မဟုတ္ ပန္းခ်ီအႏုပညာျဖင့္ ဖုံးအုပ္၍လည္းမထားလိုပါက ထင္႐ွားေပၚလြင္ေသာ နံရံတစ္ဖက္ ဖန္တီးၾကည့္ပါ။

၄။ ပရိေဘာဂ အခ်က္အခ်ာေနရာတစ္ခုတြင္ ရင္းႏွီးျမႇဳပ္ႏွံပါ

သူတို႔၏အိမ္တြင္ အခ်က္အျခာေနရာအသစ္ကို လုံးလုံးထည့္ခ်င္ေသာ္လည္း လုံးလုံးလ်ားလ်ားျပန္လည္မြမ္းမံရန္ မတတ္ႏိုင္ (သို႔မဟုတ္) လုံးလုံးလ်ားလ်ားျပန္လည္မမြမ္းမံခ်င္သူမ်ားအတြက္ အမွန္တကယ္ႏွစ္သက္ေသာ ပရိေဘာဂတစ္ခုတြင္ ရင္းႏွီးျမႇဳပ္ႏွံၾကည့္ရန္ (အခရာက်ေသာ ပရိေဘာဂတစ္ခုထား႐ွိရန္/ထို႔အတြက္ ေငြသုံးရန္) အၾကံေပးပါရေစ။ ၎သည္ Instagram တြင္ သင္ျမင္ဖူးသည့္ ရင္သပ္႐ႈေမာဖြယ္ရာ အိပ္ရာတစ္ခု၊ အျမင့္ဆုံးေသာ လက္တင္ကုလားထိုင္ သို႔မဟုတ္ သင္လိုခ်င္ေနေသာ မီးဖိုေခ်ာင္စားပြဲပင္ ျဖစ္ႏိုင္သည္။ ထို႔ေနာက္ သင့္အိမ္၏က်န္ေနရာမ်ားကို ပို၍ေသးငယ္ကာ ေငြေၾကးတတ္ႏိုင္ေလာက္ေသာ အရာမ်ားျဖင့္ အလွဆင္ႏိုင္ပါသည္။

၅။ နံရံကပ္ေနာက္ခံပုံအသစ္ (သို႔မဟုတ္ ဖယ္႐ွားႏိုင္ေသာ နံရံကပ္ေနာက္ခံပုံ) ကို စမ္းသုံးၾကည့္ပါ

ထင္႐ွားေပၚလြင္ေသာနံရံတစ္ခု ဖန္တီးလိုသည္ျဖစ္ေစ သင့္အိမ္အေပၚ ခံစားခ်က္ကို လုံးလုံးလ်ားလ်ား ေျပာင္းလဲလိုသည္ျဖစ္ေစ (ဖယ္႐ွားႏိုင္ေသာ ႏွင့္ အၿမဲတမ္း) နံရံကပ္ေနာက္ခံပုံမ်ားကို လြဲေခ်ာ္၍ မရပါ။ သင္လိုခ်င္ေသာအရာကို အတိအက်သိပါက (စိတ္ေျပာင္းမည္ဟုမထင္ပါက) ဂႏၲဝင္ပုံစံျဖင့္ အၿမဲတမ္းေနာက္ခံပုံတစ္ခုကို သုံးပါ။ ေခတ္မီဆန္းသစ္ေသာ ေ႐ြးခ်ယ္စရာမ်ားကို အမ်ိဳးမ်ိဳးေျပာင္းကပ္ရန္ ႏွစ္သက္သူမ်ားအတြက္မူ ကပ္ခြာ နံရံကပ္ေနာက္ခံပုံမ်ားကို ေ႐ြးခ်ယ္ႏိုင္ပါသည္။


၆။ အလွဆင္ရာလည္းေရာက္ေသာ သိုေလွာင္မႈပစၥည္းမ်ားကို အသုံးျပဳပါ

မီးဖိုခုံမ်ားႏွင့္ ၾကမ္းျပင္တို႔မွ ေ႐ွာင္႐ွား၍ သိမ္းဆည္းထားရန္ လိုအပ္ေသာပစၥည္းမ်ား လူတိုင္းတြင္႐ွိၾကပါသည္—သို႔ေသာ္ ပလတ္စတစ္ပုံးမ်ားကို အသုံးျပဳမည့္အစား အသုံးဝင္ၿပီး စတိုင္က်ေသာ သိုေလွာင္မႈကို စမ္းၾကည့္ပါ။ ႀကိဳးျဖင့္ရက္လုပ္ထားေသာ ျခင္းေတာင္းမ်ား၊ ခ်စ္စရာပုံးမ်ားႏွင့္ အပိုသိုေလွာင္မႈပါ႐ွိေသာ ဖုံကြပ္ေသတၱာမ်ားသည္ အရာဝတၳဳမ်ားကို တစ္ခ်ိန္တည္းတြင္ သပ္လည္းသပ္ရပ္ေစၿပီး လွလည္း လွပတင့္တယ္ေစမည့္ ထိန္းသိမ္းရန္ အံ့ၾသဖြယ္ေ႐ြးခ်ယ္စရာမ်ားျဖစ္ပါသည္။


၇။ နံရံမ်ားတြင္ မွန္မ်ားျဖည့္စြက္ပါ

အိမ္တစ္အိမ္တြင္ မွန္မ်ားထပ္ထည့္ျခင္းက အလင္းေရာင္ႏွင့္ ေနရာပိုက်ယ္သြားသေယာင္ ထင္ေယာင္ထင္မွားျဖစ္ေစသည့္ အသြင္အျပင္ကို ဖန္တီးေပးရာေရာက္ပါသည္။ သင့္အိမ္တြင္ ျပခန္းနံရံတစ္ခုဖန္တီးရန္ စဥ္းစားေနပါက ပန္းခ်ီပုံမ်ား သို႔မဟုတ္ ဓာတ္ပုံမ်ားအျပင္ မွန္ေသးေသးေလးမ်ားလည္း ခ်ိတ္ၾကည့္ပါ။ ေနာက္တစ္နည္းအားျဖင့္ သင့္ေနထိုင္ရာေနရာသို႔ အလင္းေရာင္ပိုမိုရ႐ွိေစရန္ သင့္ဆိုဖာအထက္တြင္ နံရံကပ္မွန္ႏွစ္ခ်ပ္ထည့္ပါ။

၈။ သင့္အိမ္ပတ္ပတ္လည္တြင္ အပင္မ်ား ထားပါ။

ေနရာတစ္ခုကို လန္းဆန္းေတာက္ပေစရန္အတြက္ စိမ္းလန္းစိုေျပေသာ အပင္ငယ္ေလးမ်ားထက္ စြမ္းတာဘာမွမ႐ွိပါဘူး။ အကယ္၍ သင္သည္ အပင္အနည္းငယ္ကို ဂ႐ုစိုက္ႏိုင္လွ်င္ လန္းဆန္းေသာ ခံစားမႈရ႐ွိေစရန္ ၎တို႔ကို သင့္အိမ္အနီးတစ္ဝိုက္တြင္ စိုက္ပ်ိဳးထား႐ွိပါ။

၉။ အရာဝတၳဳမ်ားကို နံရံပန္းခ်ီျဖင့္ ေတာက္ပေအာင္လုပ္ပါ

သင့္အိမ္နံရံမ်ားက ၿငီးေငြ႕ဖြယ္မြဲေျခာက္ေျခာက္ျဖစ္ေနသည္ဟု ခံစားရပါလွ်င္ ေတာက္ပေသာ အႏုပညာပန္းခ်ီလက္ရာမ်ားကို ျဖည့္စြက္လိုက္ပါ။ အထူးသျဖင့္ ရာသီဥတုေအးေသာ အရပ္တြင္ ေနထိုင္လွ်င္ အိမ္အတြင္းထဲမွာ ေရာင္စုံႏွင့္ ေႏြးေထြးေသာ အေရာင္မ်ား ႐ွိသည္ကို ေက်းဇူးတင္ရမွာပါ။ ျပခန္းနံရံတစ္ခုေပၚတြင္ မတူညီေသာပုံမ်ားကို ေရာယွက္ၾကည့္ၿပီး စမ္းသပ္ယွဥ္တြဲၾကည့္ပါ သို႔မဟုတ္ သင္အမ်ားဆုံးေနရာယူထားေသာ ေနရာတစ္ခုတြင္ ႀကီးမားေသာပန္းခ်ီပုံကို ခ်ိတ္ဆြဲထားလိုက္ပါ။

၁၀။ နံရံကပ္စင္မ်ားကို ေ႐ြးခ်ယ္ပါ

ေယဘူယ်အားျဖင့္ စင္မ်ားအားလုံးသည္ အသုံးဝင္ေသာ္လည္း နံရံကပ္စင္မ်ားသည္ သင့္နံရံမ်ားေပၚတြင္ ေနရာပိုရလာေစရန္ ဖန္တီးေပးသည့္ အလြယ္ကူဆုံး အိမ္အလွဆင္အိုင္ဒီယာမ်ားထဲမွ တစ္ခုျဖစ္ၿပီး သင္ႏွစ္သက္ေသာ စာအုပ္မ်ား၊ အပင္မ်ားႏွင့္ အလွဆင္ပစၥည္းမ်ားကို ျပသရန္ လြယ္ကူေသာနည္းလမ္းမ်ားအျဖစ္ ေဆာင္႐ြက္ပါသည္။ ဤစင္ပုံစံသည္ စြယ္စုံရျဖစ္ေသာေၾကာင့္ သင့္နံရံမ်ား႐ွိ ကြက္လပ္မ်ားကိုျဖည့္ႏိုင္ပါသည္ သို႔မဟုတ္ အႏုပညာႏွင့္ စာအုပ္ျပခန္းနံရံတစ္ခုကို ဖန္တီးေပးႏိုင္ပါသည္။


က်န္ ၁၀ မ်ိဳးအား အပိုင္း-၂ တြင္ ဆက္လက္ဖတ္႐ႈႏိုင္ပါသည္။


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)