470 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ကိုယ့်အိမ်မှာပဲ ကိုယ်ပိုင်အားကစားခန်းမလေး ဖန်တီးကြမယ်......

[Unicode]

လူတိုင်းလူတိုင်းအတွက် ကျန်းမာလှပဖို့က အရေးကြီးဆုံးပါ။ တစ်နေ့တာလုံး အလုပ်တွေချည်းပဲ လုပ်ကိုင်ရင်း ကိုယ့်ရဲ့ကျန်းမာရေးနဲ့အလှအပအတွက် အချိန်မပေးဘဲနေတာမျိုးက ကိုယ့်ကိုယ်ကိုပဲ ထိခိုက်စေတာမဟုတ်ဘဲ ကိုယ်တိုင်အပါအဝင် မိသားစုတစ်ခုလုံးရဲ့ ပျော်ရွှင်မှုကိုပါ တစ်ချိန်မှာ အနှောက်အယှက်ဖြစ်သွားစေနိုင်ပါတယ်။ ကိုယ်တိုင်လည်း ကျန်းမာရွှင်လန်းပြီး ကိုယ့်ရဲ့မိသားစုနဲ့အတူ အသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင် သက်ဆုံးတိုင်နေထိုင်သွားကြဖို့အတွက် ကျန်းမာရေးက အဓိက မခန်းကဏ္ဍမှာ ပါပါတယ်။

ကိုယ့်အိမ်မှာပဲ ကိုယ်ပိုင်အားကစားခန်းမလေး ဖန်တီးကြမယ်......

ကျန်းမာဖို့အတွက် ကိုယ်ပိုင် အားကစားခန်းမ ဖန်တီးဖို့ အိမ်ရဲ့ ဘယ်နေရာမှာ ဒီကိရိယာတွေနဲ့ ဘယ်လိုထိရောက်အောင် လေ့ကျင့်မလဲဆိုပြီး အခက်အခဲဖြစ်နေစရာမလိုအောင် ဒီကဏ္ဍလေးမှာ အားကစားခန်းမကို ကိုယ်ပိုင် ရည်ရွယ်ချက်အမျိုးမျိုးပေါ်မူတည်ပြီး အိမ်ထဲမှာ နေရာတကျ သပ်သပ်ရပ်ရပ်ထားရှိဖန်တီးနိုင်စေမယ့် အချက် ၁၀ ချက်ကို အကြံပြုဖော်ပြပေးလိုက်ပါတယ်။

 

၁။ တက်ကြွနိုးကြားစေရန် လှုံ့ဆော်ပေးရာ အားကစာခန်းမ။


အားကစားခန်းမ ဖန်တီးတဲ့ခါ တက်ကြွနိုးကြားမှုကို အကောင်းဆုံးပံ့ပိုးပေးနိုင်တဲ့ ပုံစံမျိုးဖြစ်အောင် ဘယ်လိုဖန်တီးလဲဆိုတာ ဦးစာပေးစဉ်းစာရမယ့်ထိပ်ဆုံးက အချက်ပါပဲ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ့်ကိုယ်အကောင်းဆုံး တက်ကြွနိုးကြားစေတာက ကိုယ့်ရဲ့ ဘဝတစ်လျှောက်လုံးမှာ အချစ်ရဆုံး မိသားစုဝင်တွေ၊ အခင်မင်ရဆုံး မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ရွှင်ဖူးခဲ့ဖူးတဲ့ အတိတ်တွေပဲဖြစ်ပါတယ်။ ဒီလို အတိတ်အချိန်ကာလတစ်ခုက ပျှော်ရွှင်ဖွယ်အခိုက်အတန့်လေးတွေကို ဓာတ်ပုံနဲ့ မှတ်တမ်းတင်ထားတာမျိုးရှိရင် ဓာတ်ပုံတွေကို အကြီးချဲ့ကူးပြီး မှန်ဘောင်တွေနဲ့ အားကစားခန်းမရဲ့ နံရံမှာ ချိတ်ဆွဲပေးပါ။ ကိုယ်အနှစ်သက်ဆုံး စံပြအားကစား အကျော်အမော်တွေရဲ့ ပိုစတာဓာတ်ပုံတွေလည်း နံရံမှာ ကပ်ထားပြီး အားကစားလုပ်နေရင်း မြင်နေရတဲ့အခါ သင့်ကိုအကောင်းဆုံးနိုးကြား သွက်လက်မှုကို ဖြစ်ပေါ်စေပြီး လေ့ကျင့်ခန်းတွေကို ပိုပြီးထိရောက်သွားစေမှာ ဖြစ်ပါတယ်။

ကိုယ့်အိမ်မှာပဲ ကိုယ်ပိုင်အားကစားခန်းမလေး ဖန်တီးကြမယ်......


၂။ အားကစားခန်းမကို ဧည့်ခန်းထဲမှာ သက်သောင့်သက်သာထားရှိပါ။

သင့်အနေနဲ့ အားကစားခန်းမကို ဘယ်လိုပြင်ဆင်မလဲဆိုတာ မေးစရာဖြစ်နေရင် သက်သောင့် သက်သာရှိစေဖို့ ဦးစားပေးပါလို့ အကြံပြုပါရစေ။ ပင်ပန်းနွမ်းလျမှုတွေကို ပပျောက်သွားအောင် သင့်ကို ဖျော်ဖြေမှုပေးနေတဲ့နေရာက ဧည့်ခန်းပါဆိုရင် လေ့ကျင့်ခန်းလုပ်မယ့် အားကစားခန်းမနေရာမှာလည်း ပင်ပန်းမှုတွေကို အလျော့ပါးဆုံးဖြစ်အောင် ဧည့်ခန်းလိုမျိုးကျကျနန ဖန်တီးပေးပါ။

ကိုယ့်အိမ်မှာပဲ ကိုယ်ပိုင်အားကစားခန်းမလေး ဖန်တီးကြမယ်......

 

အခန်းသီးသန့်ဖန်တီးနေရမှာ မလိုချင်ဘူးဆိုရင်လည်း သင့်ရဲ့ မူလဧည့်ခန်းမှာပဲ ထောင့်တစ်နေရာမှာ အားကစားစက်ပစ္စည်းတွေနဲ့ အလေးတစ်ချို့ကို ချထားပြီး ဧည့်ခန်းလည်း ဖြစ်၊ အားကစားခန်းမလည်းဖြစ်အောင် ဖန်တီးနိုင်ပါသေးတယ်။ အနည်းဆုံးသင့်အိမ်ကို အလည်လာတဲ့ ဧည့်သသည်တွေကတော့ ဧည့်ခန်းထဲက အားကစားပစ္စည်းတွေကို မြင်ရုံနဲ့ သင်က ကျန်းမာရေးကို အချိန်ပေးလိုက်စားတတ်သူအဖြစ် တမင်ထုတ်ပြောစရာမလိုဘဲ သူတို့ဘာသာ သူတို့ အလိုလိုမြင်တွေ့ လေးစားသွားကြမှာဖြစ်ပါတယ်။

ကိုယ့်အိမ်မှာပဲ ကိုယ်ပိုင်အားကစားခန်းမလေး ဖန်တီးကြမယ်......

၃။ အမြင်လှည့်ဖျားမှုဖြင့် အားကစားခန်းမကို ပိုကျယ်ဝန်းပါစေ။

သင့်အိမ်မှာ အားကစားခန်းမအတွက် နေရာအကျယ်ကြီး မပေးနိုင်ဘူးဆိုပေမယ့် အမြင်လှည့်ဖျားရုံနဲ့ပဲ အားကစားခန်းမကို နဂိုရှိရင်းစွဲထက် ပိုကျယ်သွားအောင် ပြုပြင်ဖန်တီးလိုက်လို့ ရပါတယ်။ မျက်နှာကြက်ကနေ ကြမ်းပြင်အထိ နံရံအပြည့် ကြေးမုံမှန်ချပ် တပ်ဆင်ဖို့ပဲ လိုအပ်တာပါ။ ကြေးမုံပြင်တွေက ကျဉ်းနေတဲ့ အိပ်ခန်းနေရာတွေကို အမြင်အာရုံလှည့်ဖျားပြီး နဂိုထက်ပိုကျယ်သွားစေတယ်လို့ ထင်ရအောင် ကောင်းကောင်းကြီး ပံ့ပိုးပေးနိုင်ပါတယ်။ ပိုကျယ်တဲ့အခန်းလို့ ထင်မြင်ရပြီး အားကစားလေ့ကျင့်ခန်းလုပ်သူကလည်း ကိုယ်ကိုယ်တိုင်ရဲ့လေ့ကျင့်စွမ်းဆောင်မှုတိုင်းကို ဒီကြေးမုံပြင်ကနေ ပြန်မြင်နေရမှာဖြစ်တဲ့အတွက် တက်ကြွမှုတွေ ဆထက်ထမ်းပိုးတိုးသွားစေပြီး လေ့ကျင့်မှုတွေကိုပါ ပိုပြီးထိထိရောက်ရောက်ဖြစ်သွားစေမှာပါ။

ကိုယ့်အိမ်မှာပဲ ကိုယ်ပိုင်အားကစားခန်းမလေး ဖန်တီးကြမယ်......

၄။ ယောဂစတူဒီယို။

အကုန်အကျသက်သာဆုံးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တဲ့ လေ့ကျင့်ခန်းအမျိုးအစားကတော့ ယောဂပါ။ စိတ်ရှည်ရှည်နဲ့ အချိန်အတိုင်းအတာတစ်ခုပေးပြီး ပြင်းထန်တဲ့ ခန္ဓာကိုယ်တွင်းတင်းအားတွေကို ဖြေလျှော့ပေးရတဲ့ ကျန်းမာရေးလေ့ကျင့်ခန်းဖြစ်တာမို့ အကြောအခြင်တွေ၊ ကြွက်သားတင်းအားတွေကို ပျော့ပျောင်းသွားစေလောက်အောင် လေ့ကျင့်မှုအပါးမဝသေးခင်အထိ ယောဂက အမြင်အရ သက်သာလွယ်ကူပေမယ့် တကယ်တမ်းလုပ်ကြည့်တော့ ပြင်းထန်ခက်ခဲတဲ့ လေ့ကျင့်မှုမျိုးဖြစ်ပါတယ်။ တကယ်လည်း ကျန်းမာရေးအတွက် အကျိုးများစေတာမို့ အချိန်အတိုင်းအတာတစ်ခု ကျော်လွန်နိုင်တဲ့အထိ မပျက်မကွက် လေ့ကျင့်ပေးသွားရင် နောက်ပိုင်းအဆင်ပြေသွားမှာ ဖြစ်ပါတယ်။ ယောဂစတူဒီယို အတွက်ကိုတော့ ယောဂကျင့်တဲ့ ဖျာပိုင်းလေးရယ်၊ ကြေးမုံချပ်ရယ်၊ စိတ်ဖျော့မှုပေးမယ့် အလင်းအမှိန်အဖျော့ မီးလုံးပြင်ဆင်မှုတွေလောက်နဲ့ ပြည့်စုံလုံလောက်သွားပါပြီ။

ကိုယ့်အိမ်မှာပဲ ကိုယ်ပိုင်အားကစားခန်းမလေး ဖန်တီးကြမယ်......

၅။ လှေကားခွင် အောက်က အားကစားခန်းမ။

သင့်အိမ်မှာ အပေါ်အောက် အတက်အဆင်းလုပ်တဲ့ လှေကားမှာ လှေကားခွင်လို နေရာမျိုးပါရှိတယ်ဆိုရင် အားကစားခန်းမ ဖန်တီးဖို့အတွက် အရွေးချယ် သင့်ဆုံးနေရာလေးပဲ ဖြစ်ပါတယ်။ သင်အကြိုက်ဆုံး အတက်ကြွဆုံးနဲ့ အလုပ်ချင်ဆုံးစက်ကိရိယာကို လှေကားခွင်ခန်းရဲ့ အတွင်းဆုံးနေရာမှာသာ ထားလိုက်ပါ။ ဒီလိုထားခြင်းဖြင့် လှေကားခွင်မှာ ခပ်ကျဉ်းကျဉ်းလေးဖြစ်နေပေမယ့် အားကစားလုပ်ချင်စိတ် မရှိတော့မှာကို စိုးရိမ်နေစရာ လုံးဝမရှိတော့ပါ။

 

၆။ အကြောဖြေလျှော့ဖို့အတွက် နေရာဖန်တီးပေးပါ။

အားကစား လုပ်တဲ့နေရာမှာ လေ့ကျင့်ခန်းတွေကို ချွေးတင်မက အသက်ပင် ထွက်လုနီးပါး လုပ်နေရုံနဲ့ မလုံလောက်ဖူးဆိုတာ အားကစားလုပ်တဲ့လူတိုင်း သိထားပြီးသားဖြစ်မှာပါ။ အားကစားလေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်သလို လေ့ကျင့်ခန်းတွေ ပြီးသွားရင်လည်း အကြောဖြေလျှော့တာတွေနဲ့ အနားယူဖို့နေရာကို အလေးပေးလုပ်ဆောင်ကြရပါတယ်။ အားကစားခန်းမမှာပဲ သေတ္တာရှည်ပေါ်ဆိုဖာနဲ့ အံဖုံးအုပ်ထားတဲ့ ပုံစံမျိုး ခုံတန်းရှည်တွေက ဒီနေရာမှာ အကောင်းဆုံးပါပဲ။ လေ့ကျင့်ခန်းတွေ ပြီးသွားတဲ့အခါ အလေးတုံးတွေနဲ့ လေ့ကျင့်ခန်းသုံး ပစ္စည်း အတိုအထွာတွေကို သေတ္တာပုံးထဲမှာ ထည့်သိမ်းပြီး အခန်းကို တစ်ခါတည်း အလွယ်တကူ ရှင်းလင်းလိုက်လို့ ရပါတယ်။ အကြောလျှော့ လေ့ကျင့်ခန်းပြီးတာနဲ့ ခြေဆန့်လက်ဆန့် သက်သောင့်သက်သာ ခုံပေါ်မှာ ထိုင်ပြီး အနားယူလို့ရပါတယ်။

ကိုယ့်အိမ်မှာပဲ ကိုယ်ပိုင်အားကစားခန်းမလေး ဖန်တီးကြမယ်......

၇။ မိသားစုလေ့ကျင့်ခန်း အားကစားခန်းမ။

ကလေးတွေရှိတဲ့ မိသားစုတွေမှာဆိုရင် ပိုသိသာပါတယ်။ မြင်မြင်သမျှ၊ တွေ့တွေ့သမျှကို မကြောက်၊ မရွှံ့ ကိုင်တွယ်ဆော့ကစားကြတဲ့ ကလေးတွေအတွက် မိဘတွေက အရိပ်တကြည့်ကြည့် ကာကွယ်ပေးနေရပါတယ်။ ကလေးတွေကို မျက်စိအောက်မှာ ထားမှအဆင်ပြေတဲ့အတွက် လူကြီးတွေက အိမ်အလုပ်လည်း လုပ်ရ၊ အပြင်စီးပွားရေးအတွက်လည်း အချိန်ပေးရနဲ့ ကျန်းမာရေးအတွက် အားကစားလေ့ကျင့်ခန်း ဆိုတာ ဘယ်နားနေလို့ နေရမှန်းတောင် မသိရတော့တဲ့အထိ ဖြစ်နေသူတွေအတွက် ဒီမိသားစုအားကစားခန်းမလေးက အခြေအနေတွေ အားလုံးကို ပြေလည်သွားစေမှာဖြစ်ပါတယ်။ အားကစားခန်းမမှာပဲ ကလေးတွေ အတွက် ပန်းချီခန်းနဲ့ ပုံပြရုပ်စုံခန်းငယ်လေးမျိုးကို ဖန်တီးကြည့်လိုက်ပါ။ ကိုယ်ကိုယ်တိုင်လည်း ကလေးတွေ ဆော့ကစားတာကို ကြည့်နေရုံနဲ့ပဲ အားကစားလေ့ကျင့်တာပါ တခါတည်း တွဲပြီးလုပ်ဆောင်နေလို့ ရပါတယ်။ မျက်နှာသုတ်ပုဝါတွေ အားကစားပစ္စည်းတွေ ထည့်သိမ်းတဲ့ သော့ပါတဲ့ locker ဗီရိုတွေရဲ့ မျက်နှာပြင်မှာလည်း ကျောက်သင်ပုန်းချပ်တွေနဲ့ ကလေးတွေ စိတ်ကြိုက် ရေးခြစ်၊ ရေးဆွဲလို့ရအောင် ဖန်တီးပေးထားလိုက်ပါ။ လေ့ကျင့်ခန်းလုပ်ရင်း၊ ကလေးတွေရဲ့ လက်စွမ်းပြ ပုံဆွဲရေးခြစ်မှုတွေကို ချီမွမ်းပြောဆိုပေးရင်း ကလေးတွေနဲ့ မိဘတွေကြား အချစ်တွေ တိုးပွားလာစေမှာဖြစ်ပါတယ်။

ကိုယ့်အိမ်မှာပဲ ကိုယ်ပိုင်အားကစားခန်းမလေး ဖန်တီးကြမယ်......

၈။ အခန်းကျဉ်း အားကစားခန်းမ။

အားကစားခန်းမ ဖန်တီးဖို့အတွက် နေရာကျယ်ကျယ်ဝန်းဝန်း မပေးနိုင်လည်း စိတ်ပူနေစရာ မလိုပါဘူး။ လမ်းလျှောက်စက် တစ်လုံးသာသာပဲ ဝင်ဆံ့တဲ့ အခန်းလေးဆိုရင်တောင် ဒါက အားကစားခန်းမလို့ ဆိုနိုင်ပါပြီ။ ကိုယ်လက်လှုပ်ရှားမှုတိုင်းက အားကစားလေ့ကျင့်မှုတွေပဲ ဖြစ်တာမို့ အရမ်းကျဉ်းနေတဲ့အခန်းမှာဆိုရင် လမ်းလျှော်စက်ကိုထားပြီး အခန်းနံရံမှာ တီဗီနဲ့ ကြေးမုံချပ်တွေ ချိတ်ဆွဲလိုက်ရင် ရပါပြီ။ တီဗီဆင် ရတဲ့ အကြောင်းကတော့ တီဗီကြည့်ရင်း လမ်းလျှောက်စက်ပေါ်ပြေးတာမျိုးက အခန်းအကျဉ်းအကျယ်ကို အာရုံမရောက်စေဘဲ လမ်းလျှောက်လေ့ကျင့်ခန်းကို ပြီးမြောက်အောင်မြင်စေတာမို့ပါ။

ကိုယ့်အိမ်မှာပဲ ကိုယ်ပိုင်အားကစားခန်းမလေး ဖန်တီးကြမယ်......

၉။ ထပ်ခိုးပေါ်က အားကစားခန်းမ။

အားကစားလေ့ကျင့်ဖို့အတွက် ခန်းမဖန်တီးဖို့ နေရာကြပ်တည်းနေသူများအတွက် နောက်ထပ်အကောင်းဆုံး ထပ်ခိုးပေါ်မှာ အားကစားခန်းမ ဖန်တီးထည့်သွင်းတာမျိုးပါ။ ထပ်ခိုးပေါ် ထားရှိမှာဖြစ်တဲ့ အရမ်းလေးလံတဲ့ လေ့ကျင့်ခန်း စက်ကိရိယာမျိုးတွေ များများစားစား မထားရှိဘဲ အလေးတုံးတွေနဲ့ စက်ကိရိယာလွတ် လေ့ကျင့်တာမျိုးတွေနဲ့၊ ယောဂလေ့ကျင့်တာမျိုးတွေပဲ လုပ်တဲ့ အားကစားခန်းမအဖြစ် အသုံးပြုတာက ပိုအဆင်ပြေပါတယ်။

ကိုယ့်အိမ်မှာပဲ ကိုယ်ပိုင်အားကစားခန်းမလေး ဖန်တီးကြမယ်......


၁၀။ ကိုယ်ပိုင် ရုံးခန်းထဲက အားကစားခန်းမ။

အားကစားခန်းမ ဖန်တီးဖို့အတွက် လုံးဝနေရာမပေးနိုင်ဘူး ဆိုသူတွေအတွက်လည်း နောက်ဆုံးနည်းလမ်း တစ်ခုရှိပါသေးတယ်။ အိမ်မှာထားရှိတဲ့ စာကြည့်ခန်းပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ရုံးခန်းထဲမှာပဲဖြစ်ဖြစ် ကိုယ်အကြိုက်နှစ်သက်ဆုံး အားကစားစက်ကိရိယာတစ်ခုကို ထည့်ထားပြီး အားတဲ့အချိန်တိုင်း လေ့ကျင့်ခန်း အလွယ်လေး သွားပြီး လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ အလုပ်လုပ်ရင်း၊ စာဖတ်ရင်း ညောင်းချိလာတဲ့အချိန်မျိုးမှာ အနီးနား ထားထားတဲ့ လေ့ကျင့်ခန်း စက်ကိရိယာကို မြင်တွေ့ပြီး ကိုယ့်ကိုယ့်ကို ကျန်းမာရေး ဂရုစိုက်ဖြစ်စေဖို့ သတိဝင်လာစေမှာဖြစ်ပါတယ်။ အလုပ်တွေ ဖိစီးပြီး အာရုံနောက်ကျိလာတဲ့ အခါမျိုးမှာ လေ့ကျင့်ခန်းလေး အချိန်ခဏပေးထားလုပ်လိုက်တာမျိုးကြောင့် စိတ်ဓာတ်ကျမယ့်အချိန် လုံးဝမရှိတော့ပဲ လန်းဆန်းတက်ကြွမှုကို ပြန်လည်ရယူနိုင်ပြီး ဒီလိုလုပ်ဆောင်ခြင်းက စိတ်ကျဝေဒနာမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးတဲ့ အမူအကျင့်ကောင်း တစ်ရပ်လည်း ဖြစ်ပါတယ်။

ကိုယ့်အိမ်မှာပဲ ကိုယ်ပိုင်အားကစားခန်းမလေး ဖန်တီးကြမယ်......

 

Credit: mm-homedecor

 

 

 

[Zawgyi]


ကိုယ့္အိမ္မွာပဲ ကိုယ္ပိုင္အားကစားခန္းမေလး ဖန္တီးၾကမယ္......

 

လူတိုင္းလူတိုင္းအတြက္ က်န္းမာလွပဖို႔က အေရးႀကီးဆုံးပါ။ တစ္ေန႔တာလုံး အလုပ္ေတြခ်ည္းပဲ လုပ္ကိုင္ရင္း ကိုယ့္ရဲ႕က်န္းမာေရးနဲ႔အလွအပအတြက္ အခ်ိန္မေပးဘဲေနတာမ်ိဳးက ကိုယ့္ကိုယ္ကိုပဲ ထိခိုက္ေစတာမဟုတ္ဘဲ ကိုယ္တိုင္အပါအဝင္ မိသားစုတစ္ခုလုံးရဲ႕ ေပ်ာ္႐ႊင္မႈကိုပါ တစ္ခ်ိန္မွာ အေႏွာက္အယွက္ျဖစ္သြားေစႏိုင္ပါတယ္။ ကိုယ္တိုင္လည္း က်န္းမာ႐ႊင္လန္းၿပီး ကိုယ့္ရဲ႕မိသားစုနဲ႔အတူ အသက္႐ွည္႐ွည္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ သက္ဆုံးတိုင္ေနထိုင္သြားၾကဖို႔အတြက္ က်န္းမာေရးက အဓိက မခန္းက႑မွာ ပါပါတယ္။

က်န္းမာဖို႔အတြက္ ကိုယ္ပိုင္ အားကစားခန္းမ ဖန္တီးဖို႔ အိမ္ရဲ႕ ဘယ္ေနရာမွာ ဒီကိရိယာေတြနဲ႔ ဘယ္လိုထိေရာက္ေအာင္ ေလ့က်င့္မလဲဆိုၿပီး အခက္အခဲျဖစ္ေနစရာမလိုေအာင္ ဒီက႑ေလးမွာ အားကစားခန္းမကို ကိုယ္ပိုင္ ရည္႐ြယ္ခ်က္အမ်ိဳးမ်ိဳးေပၚမူတည္ၿပီး အိမ္ထဲမွာ ေနရာတက် သပ္သပ္ရပ္ရပ္ထား႐ွိဖန္တီးႏိုင္ေစမယ့္ အခ်က္ ၁၀ ခ်က္ကို အၾကံျပဳေဖာ္ျပေပးလိုက္ပါတယ္။


၁။ တက္ႂကြႏိုးၾကားေစရန္ လႈံ႕ေဆာ္ေပးရာ အားကစာခန္းမ။


အားကစားခန္းမ ဖန္တီးတဲ့ခါ တက္ႂကြႏိုးၾကားမႈကို အေကာင္းဆုံးပံ့ပိုးေပးႏိုင္တဲ့ ပုံစံမ်ိဳးျဖစ္ေအာင္ ဘယ္လိုဖန္တီးလဲဆိုတာ ဦးစာေပးစဥ္းစာရမယ့္ထိပ္ဆုံးက အခ်က္ပါပဲ။ ေလ့က်င့္ခန္းလုပ္တဲ့အခါ ကိုယ့္ကိုယ္အေကာင္းဆုံး တက္ႂကြႏိုးၾကားေစတာက ကိုယ့္ရဲ႕ ဘဝတစ္ေလွ်ာက္လုံးမွာ အခ်စ္ရဆုံး မိသားစုဝင္ေတြ၊ အခင္မင္ရဆုံး မိတ္ေဆြအေပါင္းအသင္းေတြနဲ႔ ေပ်ာ္႐ႊင္ဖူးခဲ့ဖူးတဲ့ အတိတ္ေတြပဲျဖစ္ပါတယ္။ ဒီလို အတိတ္အခ်ိန္ကာလတစ္ခုက ေပွ်ာ္႐ႊင္ဖြယ္အခိုက္အတန္႔ေလးေတြကို ဓာတ္ပုံနဲ႔ မွတ္တမ္းတင္ထားတာမ်ိဳး႐ွိရင္ ဓာတ္ပုံေတြကို အႀကီးခ်ဲ႕ကူးၿပီး မွန္ေဘာင္ေတြနဲ႔ အားကစားခန္းမရဲ႕ နံရံမွာ ခ်ိတ္ဆြဲေပးပါ။ ကိုယ္အႏွစ္သက္ဆုံး စံျပအားကစား အေက်ာ္အေမာ္ေတြရဲ႕ ပိုစတာဓာတ္ပုံေတြလည္း နံရံမွာ ကပ္ထားၿပီး အားကစားလုပ္ေနရင္း ျမင္ေနရတဲ့အခါ သင့္ကိုအေကာင္းဆုံးႏိုးၾကား သြက္လက္မႈကို ျဖစ္ေပၚေစၿပီး ေလ့က်င့္ခန္းေတြကို ပိုၿပီးထိေရာက္သြားေစမွာ ျဖစ္ပါတယ္။

 


၂။ အားကစားခန္းမကို ဧည့္ခန္းထဲမွာ သက္ေသာင့္သက္သာထား႐ွိပါ။

သင့္အေနနဲ႔ အားကစားခန္းမကို ဘယ္လိုျပင္ဆင္မလဲဆိုတာ ေမးစရာျဖစ္ေနရင္ သက္ေသာင့္ သက္သာ႐ွိေစဖို႔ ဦးစားေပးပါလို႔ အၾကံျပဳပါရေစ။ ပင္ပန္းႏြမ္းလ်မႈေတြကို ပေပ်ာက္သြားေအာင္ သင့္ကို ေဖ်ာ္ေျဖမႈေပးေနတဲ့ေနရာက ဧည့္ခန္းပါဆိုရင္ ေလ့က်င့္ခန္းလုပ္မယ့္ အားကစားခန္းမေနရာမွာလည္း ပင္ပန္းမႈေတြကို အေလ်ာ့ပါးဆုံးျဖစ္ေအာင္ ဧည့္ခန္းလိုမ်ိဳးက်က်နန ဖန္တီးေပးပါ။ အခန္းသီးသန္႔ဖန္တီးေနရမွာ မလိုခ်င္ဘူးဆိုရင္လည္း သင့္ရဲ႕ မူလဧည့္ခန္းမွာပဲ ေထာင့္တစ္ေနရာမွာ အားကစားစက္ပစၥည္းေတြနဲ႔ အေလးတစ္ခ်ိဳ႕ကို ခ်ထားၿပီး ဧည့္ခန္းလည္း ျဖစ္၊ အားကစားခန္းမလည္းျဖစ္ေအာင္ ဖန္တီးႏိုင္ပါေသးတယ္။ အနည္းဆုံးသင့္အိမ္ကို အလည္လာတဲ့ ဧည့္သသည္ေတြကေတာ့ ဧည့္ခန္းထဲက အားကစားပစၥည္းေတြကို ျမင္႐ုံနဲ႔ သင္က က်န္းမာေရးကို အခ်ိန္ေပးလိုက္စားတတ္သူအျဖစ္ တမင္ထုတ္ေျပာစရာမလိုဘဲ သူတို႔ဘာသာ သူတို႔ အလိုလိုျမင္ေတြ႕ ေလးစားသြားၾကမွာျဖစ္ပါတယ္။

 

၃။ အျမင္လွည့္ဖ်ားမႈျဖင့္ အားကစားခန္းမကို ပိုက်ယ္ဝန္းပါေစ။

သင့္အိမ္မွာ အားကစားခန္းမအတြက္ ေနရာအက်ယ္ႀကီး မေပးႏိုင္ဘူးဆိုေပမယ့္ အျမင္လွည့္ဖ်ား႐ုံနဲ႔ပဲ အားကစားခန္းမကို နဂို႐ွိရင္းစြဲထက္ ပိုက်ယ္သြားေအာင္ ျပဳျပင္ဖန္တီးလိုက္လို႔ ရပါတယ္။ မ်က္ႏွာၾကက္ကေန ၾကမ္းျပင္အထိ နံရံအျပည့္ ေၾကးမုံမွန္ခ်ပ္ တပ္ဆင္ဖို႔ပဲ လိုအပ္တာပါ။ ေၾကးမုံျပင္ေတြက က်ဥ္းေနတဲ့ အိပ္ခန္းေနရာေတြကို အျမင္အာ႐ုံလွည့္ဖ်ားၿပီး နဂိုထက္ပိုက်ယ္သြားေစတယ္လို႔ ထင္ရေအာင္ ေကာင္းေကာင္းႀကီး ပံ့ပိုးေပးႏိုင္ပါတယ္။ ပိုက်ယ္တဲ့အခန္းလို႔ ထင္ျမင္ရၿပီး အားကစားေလ့က်င့္ခန္းလုပ္သူကလည္း ကိုယ္ကိုယ္တိုင္ရဲ႕ေလ့က်င့္စြမ္းေဆာင္မႈတိုင္းကို ဒီေၾကးမုံျပင္ကေန ျပန္ျမင္ေနရမွာျဖစ္တဲ့အတြက္ တက္ႂကြမႈေတြ ဆထက္ထမ္းပိုးတိုးသြားေစၿပီး ေလ့က်င့္မႈေတြကိုပါ ပိုၿပီးထိထိေရာက္ေရာက္ျဖစ္သြားေစမွာပါ။

 

၄။ ေယာဂစတူဒီယို။

အကုန္အက်သက္သာဆုံးနဲ႔ က်န္းမာေရးအတြက္ အေထာက္အကူျဖစ္တဲ့ ေလ့က်င့္ခန္းအမ်ိဳးအစားကေတာ့ ေယာဂပါ။ စိတ္႐ွည္႐ွည္နဲ႔ အခ်ိန္အတိုင္းအတာတစ္ခုေပးၿပီး ျပင္းထန္တဲ့ ခႏၶာကိုယ္တြင္းတင္းအားေတြကို ေျဖေလွ်ာ့ေပးရတဲ့ က်န္းမာေရးေလ့က်င့္ခန္းျဖစ္တာမို႔ အေၾကာအျခင္ေတြ၊ ႂကြက္သားတင္းအားေတြကို ေပ်ာ့ေပ်ာင္းသြားေစေလာက္ေအာင္ ေလ့က်င့္မႈအပါးမဝေသးခင္အထိ ေယာဂက အျမင္အရ သက္သာလြယ္ကူေပမယ့္ တကယ္တမ္းလုပ္ၾကည့္ေတာ့ ျပင္းထန္ခက္ခဲတဲ့ ေလ့က်င့္မႈမ်ိဳးျဖစ္ပါတယ္။ တကယ္လည္း က်န္းမာေရးအတြက္ အက်ိဳးမ်ားေစတာမို႔ အခ်ိန္အတိုင္းအတာတစ္ခု ေက်ာ္လြန္ႏိုင္တဲ့အထိ မပ်က္မကြက္ ေလ့က်င့္ေပးသြားရင္ ေနာက္ပိုင္းအဆင္ေျပသြားမွာ ျဖစ္ပါတယ္။ ေယာဂစတူဒီယို အတြက္ကိုေတာ့ ေယာဂက်င့္တဲ့ ဖ်ာပိုင္းေလးရယ္၊ ေၾကးမုံခ်ပ္ရယ္၊ စိတ္ေဖ်ာ့မႈေပးမယ့္ အလင္းအမွိန္အေဖ်ာ့ မီးလုံးျပင္ဆင္မႈေတြေလာက္နဲ႔ ျပည့္စုံလုံေလာက္သြားပါၿပီ။

 

၅။ ေလွကားခြင္ ေအာက္က အားကစားခန္းမ။

သင့္အိမ္မွာ အေပၚေအာက္ အတက္အဆင္းလုပ္တဲ့ ေလွကားမွာ ေလွကားခြင္လို ေနရာမ်ိဳးပါ႐ွိတယ္ဆိုရင္ အားကစားခန္းမ ဖန္တီးဖို႔အတြက္ အေ႐ြးခ်ယ္ သင့္ဆုံးေနရာေလးပဲ ျဖစ္ပါတယ္။ သင္အႀကိဳက္ဆုံး အတက္ႂကြဆုံးနဲ႔ အလုပ္ခ်င္ဆုံးစက္ကိရိယာကို ေလွကားခြင္ခန္းရဲ႕ အတြင္းဆုံးေနရာမွာသာ ထားလိုက္ပါ။ ဒီလိုထားျခင္းျဖင့္ ေလွကားခြင္မွာ ခပ္က်ဥ္းက်ဥ္းေလးျဖစ္ေနေပမယ့္ အားကစားလုပ္ခ်င္စိတ္ မ႐ွိေတာ့မွာကို စိုးရိမ္ေနစရာ လုံးဝမ႐ွိေတာ့ပါ။

 

၆။ အေၾကာေျဖေလွ်ာ့ဖို႔အတြက္ ေနရာဖန္တီးေပးပါ။

အားကစား လုပ္တဲ့ေနရာမွာ ေလ့က်င့္ခန္းေတြကို ေခြၽးတင္မက အသက္ပင္ ထြက္လုနီးပါး လုပ္ေန႐ုံနဲ႔ မလုံေလာက္ဖူးဆိုတာ အားကစားလုပ္တဲ့လူတိုင္း သိထားၿပီးသားျဖစ္မွာပါ။ အားကစားေလ့က်င့္ခန္းေတြ အျပင္းအထန္လုပ္သလို ေလ့က်င့္ခန္းေတြ ၿပီးသြားရင္လည္း အေၾကာေျဖေလွ်ာ့တာေတြနဲ႔ အနားယူဖို႔ေနရာကို အေလးေပးလုပ္ေဆာင္ၾကရပါတယ္။ အားကစားခန္းမမွာပဲ ေသတၱာ႐ွည္ေပၚဆိုဖာနဲ႔ အံဖုံးအုပ္ထားတဲ့ ပုံစံမ်ိဳး ခုံတန္း႐ွည္ေတြက ဒီေနရာမွာ အေကာင္းဆုံးပါပဲ။ ေလ့က်င့္ခန္းေတြ ၿပီးသြားတဲ့အခါ အေလးတုံးေတြနဲ႔ ေလ့က်င့္ခန္းသုံး ပစၥည္း အတိုအထြာေတြကို ေသတၱာပုံးထဲမွာ ထည့္သိမ္းၿပီး အခန္းကို တစ္ခါတည္း အလြယ္တကူ ႐ွင္းလင္းလိုက္လို႔ ရပါတယ္။ အေၾကာေလွ်ာ့ ေလ့က်င့္ခန္းၿပီးတာနဲ႔ ေျခဆန္႔လက္ဆန္႔ သက္ေသာင့္သက္သာ ခုံေပၚမွာ ထိုင္ၿပီး အနားယူလို႔ရပါတယ္။

 

၇။ မိသားစုေလ့က်င့္ခန္း အားကစားခန္းမ။

ကေလးေတြ႐ွိတဲ့ မိသားစုေတြမွာဆိုရင္ ပိုသိသာပါတယ္။ ျမင္ျမင္သမွ်၊ ေတြ႕ေတြ႕သမွ်ကို မေၾကာက္၊ မ႐ႊံ႕ ကိုင္တြယ္ေဆာ့ကစားၾကတဲ့ ကေလးေတြအတြက္ မိဘေတြက အရိပ္တၾကည့္ၾကည့္ ကာကြယ္ေပးေနရပါတယ္။ ကေလးေတြကို မ်က္စိေအာက္မွာ ထားမွအဆင္ေျပတဲ့အတြက္ လူႀကီးေတြက အိမ္အလုပ္လည္း လုပ္ရ၊ အျပင္စီးပြားေရးအတြက္လည္း အခ်ိန္ေပးရနဲ႔ က်န္းမာေရးအတြက္ အားကစားေလ့က်င့္ခန္း ဆိုတာ ဘယ္နားေနလို႔ ေနရမွန္းေတာင္ မသိရေတာ့တဲ့အထိ ျဖစ္ေနသူေတြအတြက္ ဒီမိသားစုအားကစားခန္းမေလးက အေျခအေနေတြ အားလုံးကို ေျပလည္သြားေစမွာျဖစ္ပါတယ္။ အားကစားခန္းမမွာပဲ ကေလးေတြ အတြက္ ပန္းခ်ီခန္းနဲ႔ ပုံျပ႐ုပ္စုံခန္းငယ္ေလးမ်ိဳးကို ဖန္တီးၾကည့္လိုက္ပါ။ ကိုယ္ကိုယ္တိုင္လည္း ကေလးေတြ ေဆာ့ကစားတာကို ၾကည့္ေန႐ုံနဲ႔ပဲ အားကစားေလ့က်င့္တာပါ တခါတည္း တြဲၿပီးလုပ္ေဆာင္ေနလို႔ ရပါတယ္။ မ်က္ႏွာသုတ္ပုဝါေတြ အားကစားပစၥည္းေတြ ထည့္သိမ္းတဲ့ ေသာ့ပါတဲ့ locker ဗီ႐ိုေတြရဲ႕ မ်က္ႏွာျပင္မွာလည္း ေက်ာက္သင္ပုန္းခ်ပ္ေတြနဲ႔ ကေလးေတြ စိတ္ႀကိဳက္ ေရးျခစ္၊ ေရးဆြဲလို႔ရေအာင္ ဖန္တီးေပးထားလိုက္ပါ။ ေလ့က်င့္ခန္းလုပ္ရင္း၊ ကေလးေတြရဲ႕ လက္စြမ္းျပ ပုံဆြဲေရးျခစ္မႈေတြကို ခ်ီမြမ္းေျပာဆိုေပးရင္း ကေလးေတြနဲ႔ မိဘေတြၾကား အခ်စ္ေတြ တိုးပြားလာေစမွာျဖစ္ပါတယ္။

 

၈။ အခန္းက်ဥ္း အားကစားခန္းမ။

အားကစားခန္းမ ဖန္တီးဖို႔အတြက္ ေနရာက်ယ္က်ယ္ဝန္းဝန္း မေပးႏိုင္လည္း စိတ္ပူေနစရာ မလိုပါဘူး။ လမ္းေလွ်ာက္စက္ တစ္လုံးသာသာပဲ ဝင္ဆံ့တဲ့ အခန္းေလးဆိုရင္ေတာင္ ဒါက အားကစားခန္းမလို႔ ဆိုႏိုင္ပါၿပီ။ ကိုယ္လက္လႈပ္႐ွားမႈတိုင္းက အားကစားေလ့က်င့္မႈေတြပဲ ျဖစ္တာမို႔ အရမ္းက်ဥ္းေနတဲ့အခန္းမွာဆိုရင္ လမ္းေလွ်ာ္စက္ကိုထားၿပီး အခန္းနံရံမွာ တီဗီနဲ႔ ေၾကးမုံခ်ပ္ေတြ ခ်ိတ္ဆြဲလိုက္ရင္ ရပါၿပီ။ တီဗီဆင္ ရတဲ့ အေၾကာင္းကေတာ့ တီဗီၾကည့္ရင္း လမ္းေလွ်ာက္စက္ေပၚေျပးတာမ်ိဳးက အခန္းအက်ဥ္းအက်ယ္ကို အာ႐ုံမေရာက္ေစဘဲ လမ္းေလွ်ာက္ေလ့က်င့္ခန္းကို ၿပီးေျမာက္ေအာင္ျမင္ေစတာမို႔ပါ။

 

၉။ ထပ္ခိုးေပၚက အားကစားခန္းမ။

အားကစားေလ့က်င့္ဖို႔အတြက္ ခန္းမဖန္တီးဖို႔ ေနရာၾကပ္တည္းေနသူမ်ားအတြက္ ေနာက္ထပ္အေကာင္းဆုံး ထပ္ခိုးေပၚမွာ အားကစားခန္းမ ဖန္တီးထည့္သြင္းတာမ်ိဳးပါ။ ထပ္ခိုးေပၚ ထား႐ွိမွာျဖစ္တဲ့ အရမ္းေလးလံတဲ့ ေလ့က်င့္ခန္း စက္ကိရိယာမ်ိဳးေတြ မ်ားမ်ားစားစား မထား႐ွိဘဲ အေလးတုံးေတြနဲ႔ စက္ကိရိယာလြတ္ ေလ့က်င့္တာမ်ိဳးေတြနဲ႔၊ ေယာဂေလ့က်င့္တာမ်ိဳးေတြပဲ လုပ္တဲ့ အားကစားခန္းမအျဖစ္ အသုံးျပဳတာက ပိုအဆင္ေျပပါတယ္။

 

၁၀။ ကိုယ္ပိုင္ ႐ုံးခန္းထဲက အားကစားခန္းမ။

အားကစားခန္းမ ဖန္တီးဖို႔အတြက္ လုံးဝေနရာမေပးႏိုင္ဘူး ဆိုသူေတြအတြက္လည္း ေနာက္ဆုံးနည္းလမ္း တစ္ခု႐ွိပါေသးတယ္။ အိမ္မွာထား႐ွိတဲ့ စာၾကည့္ခန္းပဲျဖစ္ျဖစ္၊ ကိုယ္ပိုင္႐ုံးခန္းထဲမွာပဲျဖစ္ျဖစ္ ကိုယ္အႀကိဳက္ႏွစ္သက္ဆုံး အားကစားစက္ကိရိယာတစ္ခုကို ထည့္ထားၿပီး အားတဲ့အခ်ိန္တိုင္း ေလ့က်င့္ခန္း အလြယ္ေလး သြားၿပီး လုပ္ႏိုင္မွာပဲ ျဖစ္ပါတယ္။ အလုပ္လုပ္ရင္း၊ စာဖတ္ရင္း ေညာင္းခ်ိလာတဲ့အခ်ိန္မ်ိဳးမွာ အနီးနား ထားထားတဲ့ ေလ့က်င့္ခန္း စက္ကိရိယာကို ျမင္ေတြ႕ၿပီး ကိုယ့္ကိုယ့္ကို က်န္းမာေရး ဂ႐ုစိုက္ျဖစ္ေစဖို႔ သတိဝင္လာေစမွာျဖစ္ပါတယ္။ အလုပ္ေတြ ဖိစီးၿပီး အာ႐ုံေနာက္က်ိလာတဲ့ အခါမ်ိဳးမွာ ေလ့က်င့္ခန္းေလး အခ်ိန္ခဏေပးထားလုပ္လိုက္တာမ်ိဳးေၾကာင့္ စိတ္ဓာတ္က်မယ့္အခ်ိန္ လုံးဝမ႐ွိေတာ့ပဲ လန္းဆန္းတက္ႂကြမႈကို ျပန္လည္ရယူႏိုင္ၿပီး ဒီလိုလုပ္ေဆာင္ျခင္းက စိတ္က်ေဝဒနာမျဖစ္ေအာင္ အေကာင္းဆုံးကာကြယ္ေပးတဲ့ အမူအက်င့္ေကာင္း တစ္ရပ္လည္း ျဖစ္ပါတယ္။

 

 

Credit: mm-homedecor

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)