589 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

မှားယွင်းလေ့ရှိသည့်အိမ်အလှဆင်နည်းများ

 

[Unicode]

ကိုယ်တိုင်ကိုယ်ကျအိမ်တွင်းအလှဆင်မှုပြုလုပ်လိုပေမယ့် ကိုယ့်စိတ်ကူးအတိုင်း လက်တွေ့မှာအနီးစပ်ဆုံးပြင်ဆင်ပုံဖော်နိုင်ခြင်းမရှိတာတွေ၊ စိတ်တိုင်းကျဖြစ်ပေမယ့် မှန်းထားတာထက် ကုန်ကျစရိတ်ပိုများသွားတာတွေ စသဖြင့် အိမ်အလှဆင်ခြင်းမှာ အခက်အခဲလေးတွေ၊ အမှားအယွင်းလေးတွေကြုံတွေ့ရတတ်ပါတယ်။ စိတ်ကူးအိပ်မက်ထဲကအတိုင်း ယုံကြည်ချက်ရှိရှိစတင်နိုင်ဖို့၊ ပထမဆုံးအကြိမ်ကြိုးစားလုပ်ဆောင်သူတွေအတွက် နည်းမှန်လမ်းမှန်ဖြစ်အောင်ကူညီပေးနိုင်ဖို့ အိမ်အလှဆင်ခြင်းမှာကြုံတွေ့ရလေ့ရှိတဲ့ အဓိကမှားယွင်းမှု(၇)ချက်ကိုဖော်ပြပေးသွားမှာဖြစ်ပြီး ဒီမှားယွင်းမှုတွေကို ဘယ်လိုပြန်ပြီးမှန်ကန်အောင် ဖြည့်ဆည်းပြင်ဆင်ပေးနိုင်မလဲ ဆိုတဲ့အချက်လေးတွေပါ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။


၁။ ဆေးရောင်ကိုအဦးဆုံးရွေးချယ်ခြင်း

အခန်းမှာဆေးသုတ်တာက အခန်းအလှဆင်ခြင်းရဲ့ အကြီးမားဆုံးကဏ္ဍတစ်ခုဖြစ်တယ်ဆိုရုံနဲ့ သုတ် မယ့်ဆေးနဲ့ဆေးအရောင်ကို အရင်ဦးဆုံးဦးစားပေးရွေးချယ်ဝယ်ယူရမယ်လို့ မဆိုလိုနိုင်ပါဘူး။

မှားယွင်းလေ့ရှိသည့်အိမ်အလှဆင်နည်းများ

ဖြေရှင်းချက်- ကြမ်းခင်းကော်ဇောတွေ၊ ခေါင်းအုံးတွေ၊ ခန်းဆီးလိုက်ကာတွေ၊ ထိုင်ဖုံခင်းတွေလိုမျိုး အလှဆင်အထည် စတာတွေကို နေရာချဖို့ရွေးချယ်ပြီးပြီဆိုတာနဲ့ ဒါတွေနဲ့အလိုက်ဖက်ဆုံးဆေးအရောင်ကို အလွယ်တကူပဲ ရွေးချယ်ဝယ်ယူလိုက်ရုံပါပဲ။ ကိုယ်အသုံးပြုရမယ့်အထည်စအခင်းအကျင်းတွေနဲ့မှ ဆေးအရောင်ကို ကိုက်ညီ ရွေးချယ်တာမျိုးက ပိုမိုလွယ်ကူသလို ပိုပြီးလှပစွဲမက်ဖွယ်ဖြစ်စေပါတယ်။


၂။ တိုင်းထွာခြင်းမပြုဘဲပရိဘောဂများဝယ်ယူခြင်း

ကျယ်ဝန်းလှတဲ့အရောင်းပြခန်းထဲမှာခင်းကျင်းရောင်းချနေတဲ့ ပရိဘောဂတွေရဲ့အတိုင်းအထွာကို မှန်းဆဆုံးဖြတ်ဖို့ဆိုတာ ခက်ခဲလှပါတယ်။ အရောင်းပြခန်းထဲမှာ အရမ်းကိုလှပနေလို့ ဝယ်ချလာခဲ့တဲ့ကော်ဖီစားပွဲပု လေးက အိမ်လည်းရောက်ရော ဧည့်ခန်းရဲ့တစ်ခန်းလုံးနီးနီးလောက်နေရာယူသွားတာမျိုး လွဲမှားမှုတွေလည်း မကြာခဏကြုံတွေ့ရတတ်ပါတယ်။

မှားယွင်းလေ့ရှိသည့်အိမ်အလှဆင်နည်းများ

ဖြေရှင်းချက်- ဝယ်ယူချင်တဲ့ပရိဘောဂကိုတွေ့ပြီဆိုတာနဲ့ အတိုင်းအထွာကိစ္စကိုအရင်ဦးဆုံးချင့်တွက်ကြည့်ပါ။ အိမ်ကထွက်မလာခင်ကတည်းက ကိုယ့်ဧည့်ခန်း သို့မဟုတ် အိပ်ခန်းတွင်းမှာ အကျယ်ဆုံးဝင်ဆံ့နိုင်မယ့်ပမာဏ ကို တိုင်းထွာမှတ်သားလာခဲ့ပါ။ ကိုယ်ကြိုက်လို့ဝယ်မယ့်ပရိဘောဂရဲ့အတိုင်းအထွာကို မေးမြန်းစုံစမ်းကြည့်ပြီး ကိုယ့်အခန်းမှာဝင်ဆံ့နိုင်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယုံကြည်ချက်အပြည့်နဲ့ မျက်စိမှိတ်ဝယ်ချလာလို့ရပါပြီ။


၃။ တစ်ဆိုင်တည်းတွင်သာဝယ်ယူခြင်း

ဒီနေ့ခေတ်မှာ တစ်ဆိုင်တည်းမှာပဲအစအဆုံးအပြည့်အဝဝန်ဆောင်မှုပေးတဲ့ One-Stop တွေများလာခဲ့ ပြီး ဝယ်ယူသူတွေအနေနဲ့လည်း တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်လိုက်ဝယ်နေရတာမျိုးထက် တစ်ဆိုင်တည်းမှာပဲ အေးအေးလူလူဝယ်ယူရတာကို ပိုပြီးအကြိုက်တွေ့လာကြပါတယ်။ တစ်ဆိုင်တည်းကနေပဲဝယ်လာတဲ့အရာတွေ နဲ့ တစ်အိမ်လုံးကိုအလှဆင်တဲ့အခါ စိတ်ဝင်စားမှုလျော့ကျစေတဲ့ အပြင်အဆင်မျိုးဖြစ်သွားစေပါတယ်။

မှားယွင်းလေ့ရှိသည့်အိမ်အလှဆင်နည်းများ

ဖြေရှင်းချက်- မတူကွဲပြားတဲ့ဒီဇိုင်းပစ္စည်းအမျိုးမျိုးကိုတင်ရောင်းနေတဲ့ဆိုင်နဲ့ အွန်လိုင်းစတိုးတွေမျိုးမှာ ကုန်အမှတ်တံဆိပ်အမျိုးမျိုး၊ စက်ရုံအမျိုးမျိုးကနေထုတ်လုပ်တဲ့ပစ္စည်းတွေကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူပါ။ အိမ်မှာ စတိုင်လ်တစ်မျိုးတည်းနဲ့ ပြင်ဆင်မွမ်းမံသွားမယ်ဆိုရင်တောင် ပုံစံခွက်ထဲကနေထွက်လာတာမျိုး မဖြစ်စေတော့ ပါဘူး။


၄။ ပစ္စည်းအစုံလိုက်ဝယ်ယူခြင်း

တစ်ဆိုင်တည်းမှာ ဝယ်ယူတဲ့ One-Stop Shopping ပြီးတော့ နောက်ထပ်တစ်မျိုးက ပရိဘောဂတွေကို တစ်ခုနဲ့တစ်ခုလိုက်ဖက်အောင် ဘာမဆိုအစုံလိုက်ဝယ်ယူခြင်းကလည်း လွဲမှားမှုတစ်မျိုးပါပဲ။ အိပ်ခန်းပရိဘောဂအစုံ၊ စားပွဲနဲ့ဆိုဖာခုံအစုံ စသဖြင့် အစုံလိုက်တွေရောင်းချတာမျိုးဘက်ကို ဝယ်သူတွေစိတ်ယိုင်တတ်ကြပါတယ်။ တော်ရုံလေးပဲသပ်သပ်ရပ်ရပ်ဖြစ်ရင်ရပြီဆိုတဲ့သူတွေအတွက်ကတော့ ဒီလိုအစုံလိုက်ဝယ်ယူမှုမျိုးက များများစားစားစဉ်းစားနေစရာမလိုဘဲ လွယ်ကူတဲ့နည်းလမ်းဖြစ်ပေမယ့် အစုံလိုက်မဟုတ်ဘဲ တစ်ခုနဲ့တစ်ခုမတူကွဲ ပြားပေမယ့် လိုက်ဖက်နေတဲ့အပြင်အဆင်မျိုးလေးကို စိတ်ရှည်စွာနဲ့ တစ်မျိုးချင်းစီတွဲဖက်ရောယှက်ပြီးဆင်ယင် ပေးတဲ့အခါမှာတော့ ပိုပြီးစွဲလမ်းနှစ်သက်ဖွယ်အပြင်အဆင်မျိုးလေးကို ရရှိစေနိုင်ပါတယ်။

မှားယွင်းလေ့ရှိသည့်အိမ်အလှဆင်နည်းများ

 

ဖြေရှင်းချက်- စိတ်ကြိုက်အဖြစ်ဆုံးအဓိကအစိတ်အပိုင်းတစ်ခုကို အရင်ဆုံးနေရာချလိုက်ပြီး ကျန်တာတွေကို တော့ စက်ရုံမတူတာတွေ၊ အမှတ်တံဆိပ်မတူတာတွေမျိုးတွေနဲ့ ဝန်းရံနေရာချလိုက်ပါ။ ပုံမှာဆိုရင် ပုံစံမတူ၊ အ ရောင်မတူတဲ့စားပွဲခုံနှစ်မျိုးကိုတွဲဖက်ပြီး နေရာချလိုက်တဲ့အခါ Catalogထဲမှာရှာမတွေ့နိုင်တဲ့ အထူးခြားဆုံးကိုယ် ပိုင်ဟန်အပြင်အဆင်လေးဖြစ်သွားစေပါတယ်။


၅။ မထင်မရှား အရောင်များကိုသာ ရွေးချယ်ခြင်း

မှားယွင်းတဲ့အလှဆင်နည်းတွေမှာ ဒါကလည်းသတိချပ်ဖွယ်ရာပါပဲ။ အရောင်ထင်းတာကိုသုံးရင် တော ဆန်တယ်လို့ထင်နေကြတာပါ။ အမှန်က အရောင်ထင်းတာချည်းကိုပဲ တစ်ရောင်တည်းသုံးမှ အမြင်ဆိုးစေတာ ဖြစ်ပါတယ်။ အရောင်ထင်းတာပဲဖြစ်ဖြစ်၊ အရောင်ဖျော့တာပဲဖြစ်ဖြစ်၊ တစ်ရောင်တည်းကိုတစ်မျိုးတည်းသုံးတာ မျိုးမလုပ်သင့်ပါဘူး။ ဆွဲဆောင်မှုအားနည်းသွားစေနိုင်တာကြောင့် တစ်ရောင်တည်းသုံးတာထက် အရောင်အနု အရင့်ကို တွဲဖက်ပြင်ဆင်ပေးသင့်ပါတယ်။

မှားယွင်းလေ့ရှိသည့်အိမ်အလှဆင်နည်းများ

ဖြေရှင်းချက်- နံရံမှာ အရောင်အနုအရင့်နှစ်မျိုးကို ထင်ရှားစေမယ့်ဒီဇိုင်းပုံစံမျိုးနဲ့ အလှဆင်သင့်ပါတယ်။ နံရံကို တစ်ရောင်တည်းသုံးပြီးသားဖြစ်နေခဲ့ရင်တောင် နံရံအရောင်ကရင့်နေခဲ့ရင် အဖြူရောင် သို့မဟုတ် နုတဲ့အရောင်ပါတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ရောစပ်အလှဆင်ပေးနိုင်ပါတယ်။ နံရံအရောင်က အဖြူ သို့မဟုတ် အနုဖြစ် နေခဲ့ရင်တော့ အလှဆင်ပစ္စည်းတွေကို အရောင်ရင့်တာမျိုးတွေနဲ့ တွဲစပ်ပေးနိုင်ပါတယ်။


၆။ ထင်ရှားလွန်းသည့်ပစ္စည်းများကိုသာရွေးချယ်အသုံးပြုခြင်း

ခုနကအချက်နဲ့ဆန့်ကျင်ဘက်အနေနဲ့ ဒီတစ်ခါမှာတော့ ထင်ရှားလွန်းတဲ့ပစ္စည်းတွေချည်းသာ အသုံးပြုမိနေတဲ့ လွဲမှားချက်ပဲဖြစ်ပါတယ်။ ကဗျာဆန်ဆန်လှပတဲ့အပြင်အဆင်မျိုးမှာ အရာအားလုံးက ထင်ရှားတောက်ပလွန်းနေတာမျိုးမဖြစ်စေသင့်ပါဘူး။ အားလုံးက ထင်ရှားလွန်းနေတဲ့အခါ ဘယ်အရာကိုအဓိကဦးစားပေးခံစား မြင်တွေ့စေလိုတယ်ဆိုတာတောင် မသိတော့ပဲဖြစ်သွားတတ်ပါတယ်။ ကိုယ်ကထင်ရှားစေလိုတဲ့အရာကိုအသား ပေးပြီး ကျန်တဲ့အလှဆင်ပစ္စည်းတွေကို အမြင်ငြိမ်တာမျိုးလေးတွေပဲရွေးသုံးပေးသင့်ပါတယ်။

ဖြေရှင်းချက်- သင့်မှာ ထင်ရှားပေါ်လွင်တဲ့အနုပညာပစ္စည်း၊ လှပတဲ့ခန်းဆီးလိုက်ကာစ၊ အရောင်သက်ဝင်လှပတဲ့အထည်စတွေရှိတယ်ဆိုရင် အခြားအရာတွေ (ဥပမာ-ထိုင်ဖုံခင်း၊ ကော်ဇောစသည်)တို့ကို ရိုးရှင်းလှပတာမျိုး လေးပဲရွေးပေးပါ။

မှားယွင်းလေ့ရှိသည့်အိမ်အလှဆင်နည်းများ

ပစ္စည်းအမျိုးအစားသစ်တွေရွေးချယ်တဲ့အခါမှာ သူ့မှာရှိနေတဲ့အမြင်ပိုင်းဆိုင်ရာတန်ဖိုးထက် ထည့်သွင်း အသုံးပြုမယ့်နေရာမှာ အံဝင်ခွင်ကျဖြစ်မဖြစ်စဉ်းစားပေးရမှာဖြစ်ပါတယ်။ ဈေးဝယ်ထွက်တဲ့အခါမှာ အရောင်ပိတ် ခေါင်းအုံးတွေ၊ မီးခိုးရောင်စောင်ခင်းတွေက ထင်ရှားပေါ်လွင်နေမှာမဟုတ်ပေမယ့် တကယ်တမ်းကိုယ့်နေရာလေးမှာအံဝင်ခွင်ကျလှပတဲ့ရွေးချယ်မှုမျိုးလေး ဖြစ်သွားနိုင်ပါတယ်။


၇။ အတိတ်ဟောင်းအပြင်အဆင်များကိုမစွန့်လွှတ်နိုင်ခြင်း

ရက်တွေလတွေကြာညောင်းလာတာနဲ့အမျှ သံယောဇဉ်ဖြစ်လာတဲ့အစုအပုံလိုက်တွေကို စွန့်လွှတ်ရ ခက်ခဲလာတတ်စေပါတယ်။ အရင်ကအသုံးပြုခဲ့တဲ့ ဒီဇိုင်းပြင်ဆင်မှုအဟောင်းကို အလုံးစုံမပြင်ဆင်နိုင်ရင်တောင် ခေတ်မီတဲ့အပြင်အဆင်တချို့ပေါင်းစပ်ပေးရုံနဲ့ ဟောင်းနွမ်းတဲ့အပြင်အဆင်ကို ပြောင်းလဲပစ်လိုက်နိုင်စွမ်းရှိပါ တယ်။ ဥပမာ- လွန်ခဲ့တဲ့နှစ်တွေမှာ ရွှေရောင်တောက်တောက်အသုံးအဆောင်တွေအသုံးများခဲ့ပေမယ့် ယနေ့ ခေတ်စားနေတာကတော့ မှုန်ညက်နေတဲ့ရွှေရောင်အပြင်အဆင်တွေပဲဖြစ်ပါတယ်။

မှားယွင်းလေ့ရှိသည့်အိမ်အလှဆင်နည်းများ

ဖြေရှင်းချက်- လိမ္မော်ရောင်ထနေအောင်စုတ်နေတဲ့အိမ်နံရံတွေ၊ နံရံကပ်စက္ကူတွေကြောင့် အိမ်ခန်းအပြင်အဆင် ဟောင်းနွမ်းသွားပြီဆိုလို့ လှပခေတ်မီတဲ့အပြင်အဆင်နဲ့ ဘယ်တော့မှမနေရတော့ဘူးလို့မတွေးလိုက်ပါနဲ့။ ယနေ့ ခေတ်တိုးတက်လာတဲ့နည်းပညာတွေအရ ဟောင်းနွမ်းမှုတွေကနေအကောင်းဆုံးပြန်လည်ပြောင်းလဲနိုင်စေဖို့ အကြံဉာဏ်ကောင်းတွေရယူနိုင်ပါတယ်။ မှားယွင်းနေတဲ့အိမ်ခန်းအလှဆင်နည်းတွေကို နားလည်သိရှိပြီးတဲ့နောက် ဘယ်လိုရှောင်ကြဉ်လုပ်ဆောင်ရမလဲဆိုတဲ့အကြံပြုချက်တွေကနေ ကိုယ်နဲ့အလျဉ်းသင့်ဆုံးအပြင်အဆင်အတွက် ဂရုတစိုက်လိုက်နာဆောင်ရွက်ရုံနဲ့ သင့်စိတ်တိုင်းကျလှပတဲ့အပြင်အဆင်လေးကို ပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။


Credit: Myanmar Home & Decor

 

 

[Zawgyi]

မွားယြင္းေလ့႐ွိသည့္အိမ္အလွဆင္နည္းမ်ား

 

ကိုယ္တိုင္ကိုယ္က်အိမ္တြင္းအလွဆင္မႈျပဳလုပ္လိုေပမယ့္ ကိုယ့္စိတ္ကူးအတိုင္း လက္ေတြ႕မွာအနီးစပ္ ဆုံးျပင္ဆင္ပုံေဖာ္ႏိုင္ျခင္းမ႐ွိတာေတြ၊ စိတ္တိုင္းက်ျဖစ္ေပမယ့္ မွန္းထားတာထက္ ကုန္က်စရိတ္ပိုမ်ားသြားတာ ေတြ စသျဖင့္ အိမ္အလွဆင္ျခင္းမွာ အခက္အခဲေလးေတြ၊ အမွားအယြင္းေလးေတြၾကဳံေတြ႕ရတတ္ပါတယ္။ စိတ္ ကူးအိပ္မက္ထဲကအတိုင္း ယုံၾကည္ခ်က္႐ွိ႐ွိစတင္ႏိုင္ဖို႔၊ ပထမဆုံးအႀကိမ္ႀကိဳးစားလုပ္ေဆာင္သူေတြအတြက္ နည္းမွန္လမ္းမွန္ျဖစ္ေအာင္ကူညီေပးႏိုင္ဖို႔ အိမ္အလွဆင္ျခင္းမွာၾကဳံေတြ႕ရေလ့႐ွိတဲ့ အဓိကမွားယြင္းမႈ(၇)ခ်က္ ကိုေဖာ္ျပေပးသြားမွာျဖစ္ၿပီး ဒီမွားယြင္းမႈေတြကို ဘယ္လိုျပန္ၿပီးမွန္ကန္ေအာင္ ျဖည့္ဆည္းျပင္ဆင္ေပးႏိုင္မလဲ ဆိုတဲ့အခ်က္ေလးေတြပါ ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။


၁။ ေဆးေရာင္ကိုအဦးဆုံးေ႐ြးခ်ယ္ျခင္း

အခန္းမွာေဆးသုတ္တာက အခန္းအလွဆင္ျခင္းရဲ႕ အႀကီးမားဆုံးက႑တစ္ခုျဖစ္တယ္ဆို႐ုံနဲ႔ သုတ္ မယ့္ေဆးနဲ႔ေဆးအေရာင္ကို အရင္ဦးဆုံးဦးစားေပးေ႐ြးခ်ယ္ဝယ္ယူရမယ္လို႔ မဆိုလိုႏိုင္ပါဘူး။

ေျဖ႐ွင္းခ်က္- ၾကမ္းခင္းေကာ္ေဇာေတြ၊ ေခါင္းအုံးေတြ၊ ခန္းဆီးလိုက္ကာေတြ၊ ထိုင္ဖုံခင္းေတြလိုမ်ိဳး အလွဆင္အထည္ စတာေတြကို ေနရာခ်ဖို႔ေ႐ြးခ်ယ္ၿပီးၿပီဆိုတာနဲ႔ ဒါေတြနဲ႔အလိုက္ဖက္ဆုံးေဆးအေရာင္ကို အလြယ္တကူပဲ ေ႐ြးခ်ယ္ဝယ္ယူလိုက္႐ုံပါပဲ။ ကိုယ္အသုံးျပဳရမယ့္အထည္စအခင္းအက်င္းေတြနဲ႔မွ ေဆးအေရာင္ကို ကိုက္ညီ ေ႐ြးခ်ယ္တာမ်ိဳးက ပိုမိုလြယ္ကူသလို ပိုၿပီးလွပစြဲမက္ဖြယ္ျဖစ္ေစပါတယ္။


၂။ တိုင္းထြာျခင္းမျပဳဘဲပရိေဘာဂမ်ားဝယ္ယူျခင္း

က်ယ္ဝန္းလွတဲ့အေရာင္းျပခန္းထဲမွာခင္းက်င္းေရာင္းခ်ေနတဲ့ ပရိေဘာဂေတြရဲ႕အတိုင္းအထြာကို မွန္းဆဆုံးျဖတ္ဖို႔ဆိုတာ ခက္ခဲလွပါတယ္။ အေရာင္းျပခန္းထဲမွာ အရမ္းကိုလွပေနလို႔ ဝယ္ခ်လာခဲ့တဲ့ေကာ္ဖီစားပြဲပု ေလးက အိမ္လည္းေရာက္ေရာ ဧည့္ခန္းရဲ႕တစ္ခန္းလုံးနီးနီးေလာက္ေနရာယူသြားတာမ်ိဳး လြဲမွားမႈေတြလည္း မၾကာခဏၾကဳံေတြ႕ရတတ္ပါတယ္။

ေျဖ႐ွင္းခ်က္- ဝယ္ယူခ်င္တဲ့ပရိေဘာဂကိုေတြ႕ၿပီဆိုတာနဲ႔ အတိုင္းအထြာကိစၥကိုအရင္ဦးဆုံးခ်င့္တြက္ၾကည့္ပါ။ အိမ္ကထြက္မလာခင္ကတည္းက ကိုယ့္ဧည့္ခန္း သို႔မဟုတ္ အိပ္ခန္းတြင္းမွာ အက်ယ္ဆုံးဝင္ဆံ့ႏိုင္မယ့္ပမာဏ ကို တိုင္းထြာမွတ္သားလာခဲ့ပါ။ ကိုယ္ႀကိဳက္လို႔ဝယ္မယ့္ပရိေဘာဂရဲ႕အတိုင္းအထြာကို ေမးျမန္းစုံစမ္းၾကည့္ၿပီး ကိုယ့္အခန္းမွာဝင္ဆံ့ႏိုင္တယ္ဆိုရင္ေတာ့ ကိုယ့္ကိုယ္ကိုယုံၾကည္ခ်က္အျပည့္နဲ႔ မ်က္စိမွိတ္ဝယ္ခ်လာလို႔ရပါၿပီ။


၃။ တစ္ဆိုင္တည္းတြင္သာဝယ္ယူျခင္း

ဒီေန႔ေခတ္မွာ တစ္ဆိုင္တည္းမွာပဲအစအဆုံးအျပည့္အဝဝန္ေဆာင္မႈေပးတဲ့ One-Stopေတြမ်ားလာခဲ့ ၿပီး ဝယ္ယူသူေတြအေနနဲ႔လည္း တစ္ဆိုင္ဝင္တစ္ဆိုင္ထြက္လိုက္ဝယ္ေနရတာမ်ိဳးထက္ တစ္ဆိုင္တည္းမွာပဲ ေအးေအးလူလူဝယ္ယူရတာကို ပိုၿပီးအႀကိဳက္ေတြ႕လာၾကပါတယ္။ တစ္ဆိုင္တည္းကေနပဲဝယ္လာတဲ့အရာေတြ နဲ႔ တစ္အိမ္လုံးကိုအလွဆင္တဲ့အခါ စိတ္ဝင္စားမႈေလ်ာ့က်ေစတဲ့ အျပင္အဆင္မ်ိဳးျဖစ္သြားေစပါတယ္။

ေျဖ႐ွင္းခ်က္- မတူကြဲျပားတဲ့ဒီဇိုင္းပစၥည္းအမ်ိဳးမ်ိဳးကိုတင္ေရာင္းေနတဲ့ဆိုင္နဲ႔ အြန္လိုင္းစတိုးေတြမ်ိဳးမွာ ကုန္အမွတ္တံဆိပ္အမ်ိဳးမ်ိဳး၊ စက္႐ုံအမ်ိဳးမ်ိဳးကေနထုတ္လုပ္တဲ့ပစၥည္းေတြကို စိတ္ႀကိဳက္ေ႐ြးခ်ယ္ဝယ္ယူပါ။ အိမ္မွာ စတိုင္လ္တစ္မ်ိဳးတည္းနဲ႔ ျပင္ဆင္မြမ္းမံသြားမယ္ဆိုရင္ေတာင္ ပုံစံခြက္ထဲကေနထြက္လာတာမ်ိဳး မျဖစ္ေစေတာ့ ပါဘူး။


၄။ ပစၥည္းအစုံလိုက္ဝယ္ယူျခင္း

တစ္ဆိုင္တည္းမွာ ဝယ္ယူတဲ့ One-Stop Shopping ၿပီးေတာ့ ေနာက္ထပ္တစ္မ်ိဳးက ပရိေဘာဂေတြကို တစ္ခုနဲ႔တစ္ခုလိုက္ဖက္ေအာင္ ဘာမဆိုအစုံလိုက္ဝယ္ယူျခင္းကလည္း လြဲမွားမႈတစ္မ်ိဳးပါပဲ။ အိပ္ခန္းပရိေဘာ ဂအစုံ၊ စားပြဲနဲ႔ဆိုဖာခုံအစုံ စသျဖင့္ အစုံလိုက္ေတြေရာင္းခ်တာမ်ိဳးဘက္ကို ဝယ္သူေတြစိတ္ယိုင္တတ္ၾကပါ တယ္။ ေတာ္႐ုံေလးပဲသပ္သပ္ရပ္ရပ္ျဖစ္ရင္ရၿပီဆိုတဲ့သူေတြအတြက္ကေတာ့ ဒီလိုအစုံလိုက္ဝယ္ယူမႈမ်ိဳးက မ်ား မ်ားစားစားစဥ္းစားေနစရာမလိုဘဲ လြယ္ကူတဲ့နည္းလမ္းျဖစ္ေပမယ့္ အစုံလိုက္မဟုတ္ဘဲ တစ္ခုနဲ႔တစ္ခုမတူကြဲ ျပားေပမယ့္ လိုက္ဖက္ေနတဲ့အျပင္အဆင္မ်ိဳးေလးကို စိတ္႐ွည္စြာနဲ႔ တစ္မ်ိဳးခ်င္းစီတြဲဖက္ေရာယွက္ၿပီးဆင္ယင္ ေပးတဲ့အခါမွာေတာ့ ပိုၿပီးစြဲလမ္းႏွစ္သက္ဖြယ္အျပင္အဆင္မ်ိဳးေလးကို ရ႐ွိေစႏိုင္ပါတယ္။

ေျဖ႐ွင္းခ်က္- စိတ္ႀကိဳက္အျဖစ္ဆုံးအဓိကအစိတ္အပိုင္းတစ္ခုကို အရင္ဆုံးေနရာခ်လိုက္ၿပီး က်န္တာေတြကို ေတာ့ စက္႐ုံမတူတာေတြ၊ အမွတ္တံဆိပ္မတူတာေတြမ်ိဳးေတြနဲ႔ ဝန္းရံေနရာခ်လိုက္ပါ။ ပုံမွာဆိုရင္ ပုံစံမတူ၊ အ ေရာင္မတူတဲ့စားပြဲခုံႏွစ္မ်ိဳးကိုတြဲဖက္ၿပီး ေနရာခ်လိုက္တဲ့အခါ Catalogထဲမွာ႐ွာမေတြ႕ႏိုင္တဲ့ အထူးျခားဆုံးကိုယ္ ပိုင္ဟန္အျပင္အဆင္ေလးျဖစ္သြားေစပါတယ္။


၅။ မထင္မ႐ွား အေရာင္မ်ားကိုသာ ေ႐ြးခ်ယ္ျခင္း

မွားယြင္းတဲ့အလွဆင္နည္းေတြမွာ ဒါကလည္းသတိခ်ပ္ဖြယ္ရာပါပဲ။ အေရာင္ထင္းတာကိုသုံးရင္ ေတာ ဆန္တယ္လို႔ထင္ေနၾကတာပါ။ အမွန္က အေရာင္ထင္းတာခ်ည္းကိုပဲ တစ္ေရာင္တည္းသုံးမွ အျမင္ဆိုးေစတာ ျဖစ္ပါတယ္။ အေရာင္ထင္းတာပဲျဖစ္ျဖစ္၊ အေရာင္ေဖ်ာ့တာပဲျဖစ္ျဖစ္၊ တစ္ေရာင္တည္းကိုတစ္မ်ိဳးတည္းသုံးတာ မ်ိဳးမလုပ္သင့္ပါဘူး။ ဆြဲေဆာင္မႈအားနည္းသြားေစႏိုင္တာေၾကာင့္ တစ္ေရာင္တည္းသုံးတာထက္ အေရာင္အႏု အရင့္ကို တြဲဖက္ျပင္ဆင္ေပးသင့္ပါတယ္။

ေျဖ႐ွင္းခ်က္- နံရံမွာ အေရာင္အႏုအရင့္ႏွစ္မ်ိဳးကို ထင္႐ွားေစမယ့္ဒီဇိုင္းပုံစံမ်ိဳးနဲ႔ အလွဆင္သင့္ပါတယ္။ နံရံကို တစ္ေရာင္တည္းသုံးၿပီးသားျဖစ္ေနခဲ့ရင္ေတာင္ နံရံအေရာင္ကရင့္ေနခဲ့ရင္ အျဖဴေရာင္ သို႔မဟုတ္ ႏုတဲ့အေရာင္

ပါတဲ့ အသုံးအေဆာင္ပစၥည္းေတြနဲ႔ ေရာစပ္အလွဆင္ေပးႏိုင္ပါတယ္။ နံရံအေရာင္က အျဖဴ သို႔မဟုတ္ အႏုျဖစ္ ေနခဲ့ရင္ေတာ့ အလွဆင္ပစၥည္းေတြကို အေရာင္ရင့္တာမ်ိဳးေတြနဲ႔ တြဲစပ္ေပးႏိုင္ပါတယ္။


၆။ ထင္႐ွားလြန္းသည့္ပစၥည္းမ်ားကိုသာေ႐ြးခ်ယ္အသုံးျပဳျခင္း

ခုနကအခ်က္နဲ႔ဆန္႔က်င္ဘက္အေနနဲ႔ ဒီတစ္ခါမွာေတာ့ ထင္႐ွားလြန္းတဲ့ပစၥည္းေတြခ်ည္းသာ အသုံးျပဳ မိေနတဲ့ လြဲမွားခ်က္ပဲျဖစ္ပါတယ္။ ကဗ်ာဆန္ဆန္လွပတဲ့အျပင္အဆင္မ်ိဳးမွာ အရာအားလုံးက ထင္႐ွားေတာက္ ပလြန္းေနတာမ်ိဳးမျဖစ္ေစသင့္ပါဘူး။ အားလုံးက ထင္႐ွားလြန္းေနတဲ့အခါ ဘယ္အရာကိုအဓိကဦးစားေပးခံစား ျမင္ေတြ႕ေစလိုတယ္ဆိုတာေတာင္ မသိေတာ့ပဲျဖစ္သြားတတ္ပါတယ္။ ကိုယ္ကထင္႐ွားေစလိုတဲ့အရာကိုအသား ေပးၿပီး က်န္တဲ့အလွဆင္ပစၥည္းေတြကို အျမင္ၿငိမ္တာမ်ိဳးေလးေတြပဲေ႐ြးသုံးေပးသင့္ပါတယ္။

ေျဖ႐ွင္းခ်က္- သင့္မွာ ထင္႐ွားေပၚလြင္တဲ့အႏုပညာပစၥည္း၊ လွပတဲ့ခန္းဆီးလိုက္ကာစ၊ အေရာင္သက္ဝင္လွပ တဲ့အထည္စေတြ႐ွိတယ္ဆိုရင္ အျခားအရာေတြ (ဥပမာ-ထိုင္ဖုံခင္း၊ ေကာ္ေဇာစသည္)တို႔ကို ႐ိုး႐ွင္းလွပတာမ်ိဳး ေလးပဲေ႐ြးေပးပါ။

ပစၥည္းအမ်ိဳးအစားသစ္ေတြေ႐ြးခ်ယ္တဲ့အခါမွာ သူ႕မွာ႐ွိေနတဲ့အျမင္ပိုင္းဆိုင္ရာတန္ဖိုးထက္ ထည့္သြင္း အသုံးျပဳမယ့္ေနရာမွာ အံဝင္ခြင္က်ျဖစ္မျဖစ္စဥ္းစားေပးရမွာျဖစ္ပါတယ္။ ေဈးဝယ္ထြက္တဲ့အခါမွာ အေရာင္ပိတ္ ေခါင္းအုံးေတြ၊ မီးခိုးေရာင္ေစာင္ခင္းေတြက ထင္႐ွားေပၚလြင္ေနမွာမဟုတ္ေပမယ့္ တကယ္တမ္းကိုယ့္ေနရာ ေလးမွာအံဝင္ခြင္က်လွပတဲ့ေ႐ြးခ်ယ္မႈမ်ိဳးေလး ျဖစ္သြားႏိုင္ပါတယ္။


၇။ အတိတ္ေဟာင္းအျပင္အဆင္မ်ားကိုမစြန္႔လႊတ္ႏိုင္ျခင္း

ရက္ေတြလေတြၾကာေညာင္းလာတာနဲ႔အမွ် သံေယာဇဥ္ျဖစ္လာတဲ့အစုအပုံလိုက္ေတြကို စြန္႔လႊတ္ရ ခက္ခဲလာတတ္ေစပါတယ္။ အရင္ကအသုံးျပဳခဲ့တဲ့ ဒီဇိုင္းျပင္ဆင္မႈအေဟာင္းကို အလုံးစုံမျပင္ဆင္ႏိုင္ရင္ေတာင္ ေခတ္မီတဲ့အျပင္အဆင္တခ်ိဳ႕ေပါင္းစပ္ေပး႐ုံနဲ႔ ေဟာင္းႏြမ္းတဲ့အျပင္အဆင္ကို ေျပာင္းလဲပစ္လိုက္ႏိုင္စြမ္း႐ွိပါ တယ္။ ဥပမာ- လြန္ခဲ့တဲ့ႏွစ္ေတြမွာ ေ႐ႊေရာင္ေတာက္ေတာက္အသုံးအေဆာင္ေတြအသုံးမ်ားခဲ့ေပမယ့္ ယေန႔ ေခတ္စားေနတာကေတာ့ မႈန္ညက္ေနတဲ့ေ႐ႊေရာင္အျပင္အဆင္ေတြပဲျဖစ္ပါတယ္။

ေျဖ႐ွင္းခ်က္- လိေမၼာ္ေရာင္ထေနေအာင္စုတ္ေနတဲ့အိမ္နံရံေတြ၊ နံရံကပ္စကၠဴေတြေၾကာင့္ အိမ္ခန္းအျပင္အဆင္ ေဟာင္းႏြမ္းသြားၿပီဆိုလို႔ လွပေခတ္မီတဲ့အျပင္အဆင္နဲ႔ ဘယ္ေတာ့မွမေနရေတာ့ဘူးလို႔မေတြးလိုက္ပါနဲ႔။ ယေန႔ ေခတ္တိုးတက္လာတဲ့နည္းပညာေတြအရ ေဟာင္းႏြမ္းမႈေတြကေနအေကာင္းဆုံးျပန္လည္ေျပာင္းလဲႏိုင္ေစဖို႔ အ ၾကံဉာဏ္ေကာင္းေတြရယူႏိုင္ပါတယ္။ မွားယြင္းေနတဲ့အိမ္ခန္းအလွဆင္နည္းေတြကို နားလည္သိ႐ွိၿပီးတဲ့ေနာက္ ဘယ္လိုေ႐ွာင္ၾကဥ္လုပ္ေဆာင္ရမလဲဆိုတဲ့အၾကံျပဳခ်က္ေတြကေန ကိုယ္နဲ႔အလ်ဥ္းသင့္ဆုံးအျပင္အဆင္အ တြက္ ဂ႐ုတစိုက္လိုက္နာေဆာင္႐ြက္႐ုံနဲ႔ သင့္စိတ္တိုင္းက်လွပတဲ့အျပင္အဆင္ေလးကို ပိုင္ဆိုင္ႏိုင္ေစမွာျဖစ္ပါတယ္။


Credit: Myanmar Home & Decor

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)