564 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

အိမ်ပြင်တဲ့အခါ ဘယ်လိုငွေချွေတာနိုင်မလဲ

[Unicode]

အိမ်ပြင်ဖို့အစီအစဉ်ကလည်းရှိနေတယ်။ ပိုက်ဆံကိုလည်း ချွေတာသုံးရမယ်ဆိုရင် ကိုယ်သတိမထားမိဘဲ ပိုက်ဆံအကုန်အကျများနိုင်တဲ့နေရာတွေကို သိထားမှသာ အိမ်ပြင်တဲ့အခါ ပိုက်ဆံချွေတာနိုင်မှာဖြစ်ပါတယ်။ ဥပမာ မီးဖိုချောင်ကို ပိုကောင်းအောင်ပြင်မယ်ဆိုရင် စျေးချိုတဲ့မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ဗီရိုတွေကို ရွေးဝယ်သင့်ပါတယ်။ ၀ယ်တဲ့အခါမှာလည်း သမားရိုးကျပရိဘောဂအရောင်းဆိုင်တွေမှာထက် အရည်သွေးကောင်းပြီး စျေးသက်သာတဲ့ဗီရိုတွေကို အွန်လိုင်းမှာ ရှာဝယ်ကြည့်တာမျိုးလုပ်ပါ။ အလားတူပဲ အိမ်ပြင်တဲ့အခါ ငွေချွေတာနိုင်မယ့်တခြားနည်းလမ်းတွေကိုလည်း သိထားသင့်ပါတယ်။

၁။ အကုန်ခံမယ့်ငွေပမာဏတစ်ခုသတ်မှတ်ထားပြီး ပိုမသုံးမိပါစေနဲ့။

အိမ်ပြင်တဲ့အခါ အိမ်ပိုင်ရှင်တွေလုပ်မိတတ်တဲ့အကြီးဆုံးအမှားတွေထဲကတစ်ခုက ကိုယ်သုံးမယ့်ငွေပမာဏကို မသတ်မှတ်ထားမိတာပါပဲ။ ဒီလိုမသတ်မှတ်ထားမိတဲ့အခါ မူလကရည်ရွယ်ထားတာထက် ပိုပြီးအကုန်အကျများသွားတတ်ပါတယ်။ ကိုယ်ဘယ်လောက်တတ်နိုင်လဲဆိုတာ သေချာစဉ်းစားပြီး အိမ်ပြင်မယ့်ပရောဂျက်အတွက် ကုန်ကျစရိတ်တစ်ခုကို တိတိကျကျသတ်မှတ်လိုက်ပါ။

အိမ်ပြင်တဲ့အခါ ဘယ်လိုငွေချွေတာနိုင်မလဲ

၂။ ပစ္စည်းကုန်ကျစရိတ်တွေကို အတတ်နိုင်ဆုံးချွေတာပါ။

အိမ်ပိုင်ရှင်တွေလုပ်မိတတ်တဲ့ နောက်ထပ်အမှားတစ်ခုက ပစ္စည်းကုန်ကျစရိတ်ကို အများကြီးသုံးမိတာပါ။ ဥပမာ တစ်ခါသုံးပြီးသား ဆောက်လုပ်ရေးပစ္စည်းတွေကိုဝယ်သုံးတာက ကုန်ကျစရိတ်သက်သာစေပါတယ်။ တစ်ခါသုံးပြီးသားပစ္စည်းတွေထဲမှာလည်း အရည်အသွေးကောင်းနေသေးတာတွေရှိတာကြောင့် ပစ္စည်းကောင်းကို စျေးချိုချိုနဲ့ ရနိုင်ပါလိမ့်မယ်။

အိမ်ပြင်တဲ့အခါ ဘယ်လိုငွေချွေတာနိုင်မလဲ

၃။ မဖြစ်မနေသုံးရမယ့်ပစ္စည်းတွေအတွက် စျေးလျှော့တဲ့အချိန်ကိုစောင့်ပါ။

အိမ်ပြင်တဲ့အခါ မဖြစ်မနေသုံးရမယ့်ပစ္စည်းတွေဟာ အမြဲစျေးကြီးနေမှာ မဟုတ်ပါဘူး။ နှမ်းဖတ်ကျောက်မီးဖိုချောင်စားပွဲမျက်နှာပြင်ကို စျေးပေါလို့ဝယ်သုံးလိုက်မယ့်အစား အရည်အသွေးကောင်းတဲ့ပစ္စည်းတွေ စျေးချရောင်းတဲ့အချိန်ကို စောင့်လိုက်ပါ။ တခြားမီးဖိုချောင်သုံးပစ္စည်းတွေ၊ ပြတင်းပေါက်ဘောင်တွေနဲ့ အိမ်ပြင်ရာမှာ အသစ်လဲဖို့လိုတဲ့အရာမှန်သမျှကိုလည်း အလားတူပဲ စိတ်ရှည်ရှည်စောင့်ဆိုင်းဝယ်ယူပါ။

အိမ်ပြင်တဲ့အခါ ဘယ်လိုငွေချွေတာနိုင်မလဲ

၄။ စရိတ်မှန်သမျှကို ငွေသားနဲ့ချေပါ။

အိမ်ပြင်တဲ့အချိန်မှာ စရိတ်ချွေတာချင်ရင် စရိတ်မှန်သမျှကို ငွေသားနဲ့ချေတဲ့နည်းက လက်တွေ့မှာ တကယ်အသုံးတည့်တာကို တွေ့ရပါလိမ့်မယ်။ ပစ္စည်းစရိတ်တွေကိုရော လက်သမားခတွေကိုပါ ငွေသားနဲ့ပေးချေသင့်တဲ့ အကြောင်းရင်းနှစ်ခုရှိပါတယ်။

အိမ်ပြင်တဲ့အခါ ဘယ်လိုငွေချွေတာနိုင်မလဲ

ပထမတစ်ခုက အကြွေးဝယ်ကတ်နဲ့ဝယ်တာမဟုတ်လို့ အတိုးငွေထပ်ကုန်တော့မှာ မဟုတ်ပါဘူး။ နောက်တစ်ခုကတော့ လက်ငင်းငွေချေတဲ့အတွက် လက်သမားနဲ့ကန်ထရိုက်က ကျသင့်တာထက် လျှော့ပေးသွားတာမျိုးလည်း ရှိတတ်ပါတယ်။

၅။ ပြီးမယ့်ရက်ကို အလျင်မလိုပါနဲ့။

တစ်ခါတလေ အိမ်ပြင်တာကို မြန်မြန်ပြီးချင်စိတ်ဖြစ်မိတတ်ကြပါတယ်။ ဒီလိုစိတ်မရှည်တာဟာ အမှားကြီးတစ်ခုပါပဲ။ အလျင်လိုပြီး အကြွေးဝယ်ကတ်နဲ့ငွေချေလိုက်တာမျိုးလုပ်မယ့်အစား စိတ်ရှည်ရှည်ထားပါ။ စိတ်ရှည်ရှည်စောင့်ဆိုင်းရင် အကုန်အကျနည်းရမယ့်အစား စိတ်လောမိရင် ပစ္စည်းတွေအတွက်ရော၊ ကန်ထရိုက်ဖိုးတွေပါ မကုန်သင့်ဘဲ အများကြီးအကုန်ခံနေရပါလိမ့်မယ်။

အိမ်ပြင်တဲ့အခါ ဘယ်လိုငွေချွေတာနိုင်မလဲ

၆။ ကိုယ်တိုင်လုပ်ကြည့်ပါ။

အကြီးစားအိမ်ပြင်ဆင်မှုတွေကို မတတ်နိုင်ပေမယ့် အမျိုးသားအများစုက တချို့အသေးစားပြင်ဆင်မှုလေးတွေကိုတော့ လုပ်တတ်ကြပါတယ်။ လွယ်တဲ့အလုပ်လေးတွေကို သူများကို ပိုက်ဆံပေးပြီး လုပ်ခိုင်းနေမယ့်အစား ကိုယ်တိုင်လုပ်ကြည့်လိုက်ရင် ငွေချွေတာနိုင်ပါလိမ့်မယ်။

အိမ်ပြင်တဲ့အခါ ဘယ်လိုငွေချွေတာနိုင်မလဲ

၇။ အတတ်နိုင်ဆုံးပြန်သုံးပါ။

ပြန်သုံးလို့ရမယ့်ပစ္စည်းတွေကို အလဟဿအဖြစ်မခံဘဲ သုံးလို့ရတာတွေကို အတတ်နိုင်ဆုံးပြန်သုံးပါ။ သတ်မှတ်ထားတဲ့ကုန်ကျစရိတ်ကို မကျော်ချင်ဘူး ဒါမှမဟုတ် ဘဏ်ထဲကထပ်မထုတ်ချင်ဘူးဆိုရင်တော့ နည်းလမ်းကောင်းတစ်ခုပါပဲ။ ဗီရိုနဲ့တချို့အသုံးအဆောင်ပစ္စည်းတွေက အသစ်ဝယ်စရာမလိုဘဲ ပြန်သုံးလို့ရကောင်းရနိုင်ပါတယ်။

၈။ ပစ္စည်းတွေစျေးမချခင်မှာ ကြီးကြီးမားမားမဝယ်မိပါစေနဲ့။

ပြင်ဆင်မွမ်းမံထားတဲ့မီးဖိုချောင်ထဲမှာ တန်ဖိုးကြီးပစ္စည်းတွေကို အသစ်ဝယ်ထည့်မယ်ဆိုရင် စျေးချတဲ့အချိန်ကို စောင့်ဆိုင်းသင့်ပါတယ်။ အချိန်ပေးရမယ်ဆိုတာမှန်ပေမယ့် ချက်ချင်းကြီးတွေ့ကရာတော့ ကောက်မဝယ်သင့်ပါဘူး။ ရက်ကြီးအခါကြီးမှာ လျှော့စျေးပေးတဲ့အချိန်ကိုတော့ တွက်ကြည့်လို့ရပါတယ်။ ဒီနည်းက ပိုက်ဆံအကုန်အကျအများကြီး သက်သာစေနိုင်ပါတယ်။

အိမ်ပြင်တဲ့အခါ ဘယ်လိုငွေချွေတာနိုင်မလဲ

၉။ ကန်ထရိုက်ကောင်းကို သေချာစုံစမ်းပါ။

အိမ်ပြင်တယ်ဆိုကတည်းက အိမ်ကိုအလှဆုံးဖြစ်စေချင်မှာ အသေအချာပါပဲ။ ဒါနဲ့ပဲ စျေးအကြီးဆုံးနဲ့ အကောင်းဆုံးကန်ထရိုက်ကို ပိုက်ဆံအများကြီးအကုန်အကျခံငှားစရာမလိုပါဘူး။ ဘယ်ကန်ထရိုက်က ဘယ်လိုကောင်းတယ်ဆိုတာ လိုက်စုံစမ်းကြည့်ပါ။ ဒါမှသာ လက်ရာလည်းကောင်းပြီး စျေးလည်းမကြီးတဲ့ ကန်ထရိုက်ကို ရနိုင်မှာပါ။

အိမ်ပြင်တဲ့အခါ ဘယ်လိုငွေချွေတာနိုင်မလဲ

၁၀။ အဟောင်းတွေကို ပြန်ရောင်းပါ။

ပစ္စည်းတွေ အသစ်လဲမယ်ဆိုရင် သုံးလို့ရသေးတဲ့ပစ္စည်းအဟောင်းတွေကို ပြန်ရောင်းကြည့်ပါ။ ရေခဲသေတ္တာနဲ့ မီးဖိုလိုပစ္စည်းတွေကို အသစ်ဝယ်ဖို့စိတ်ကူးရှိတယ်ဆိုရင် တစ်ခါသုံးပြီးသားပစ္စည်းတွေရောင်းတဲ့ အွန်လိုင်းဝက်ဆိုက်ဒ်တွေမှာ ပြန်ရောင်းပါ။ ၀ယ်ချင်တဲ့လူရှိရင်လည်း ရှိနေမှာပါ။ အဟောင်းပြန်ရောင်းတယ်ဆိုပေမယ့် သုံးလို့ရနေသေးတဲ့ပစ္စည်းတွေဖြစ်တာကြောင့် ရောင်းထွက်သွားတယ်ဆိုရင် တစ်ဖက်မှာကုန်ကျနေတဲ့အိမ်ပြင်စရိတ်လည်း သက်သာသွားနိုင်ပါတယ်။

အခုဖော်ပြသွားတဲ့အချက် ၁၀ ချက်ဟာ လက်ရှိမဟုတ်ရင်တောင် နောက်အိမ်ပြင်ဖို့ရှိလာခဲ့ရင် အသုံးတည့်နိုင်ပါတယ်။ တကယ်အသုံးချချင်စိတ်ရှိဖို့နဲ့ တိတိကျကျလိုက်နာနိုင်ဖို့တော့လိုပါတယ်။ လျှော့စျေးချရောင်းတဲ့အချိန်တွေကို ကောင်းကောင်းအသုံးချပါ။ လက်ရာကောင်းပြီး စျေးမကြီးတဲ့ကန်ထရိုက်ကို ငှားပါ။ အိမ်ပြင်တဲ့နေရာမှာ ပိုက်ဆံချွေတာနိုင်ဖို့အတွက် တခြားအချက်တွေကိုလည်း နည်းနည်းမှန်မှန်အသုံးပြုကြည့်သင့်ပါတယ်။


Credit: Myanmar Home & Decor

 

[Zawgyi]

အိမ္ျပင္တဲ့အခါ ဘယ္လိုေငြေခြၽတာႏိုင္မလဲ


အိမ္ျပင္ဖို႔အစီအစဥ္ကလည္း႐ွိေနတယ္။ ပိုက္ဆံကိုလည္း ေခြၽတာသုံးရမယ္ဆိုရင္ ကိုယ္သတိမထားမိဘဲ ပိုက္ဆံအကုန္အက်မ်ားႏိုင္တဲ့ေနရာေတြကို သိထားမွသာ အိမ္ျပင္တဲ့အခါ ပိုက္ဆံေခြၽတာႏိုင္မွာျဖစ္ပါတယ္။ ဥပမာ မီးဖိုေခ်ာင္ကို ပိုေကာင္းေအာင္ျပင္မယ္ဆိုရင္ ေစ်းခ်ိဳတဲ့မီးဖိုေခ်ာင္သုံးပစၥည္းေတြနဲ႔ဗီ႐ိုေတြကို ေ႐ြးဝယ္သင့္ပါတယ္။ ၀ယ္တဲ့အခါမွာလည္း သမား႐ိုးက်ပရိေဘာဂအေရာင္းဆိုင္ေတြမွာထက္ အရည္ေသြးေကာင္းၿပီး ေစ်းသက္သာတဲ့ဗီ႐ိုေတြကို အြန္လိုင္းမွာ ႐ွာဝယ္ၾကည့္တာမ်ိဳးလုပ္ပါ။ အလားတူပဲ အိမ္ျပင္တဲ့အခါ ေငြေခြၽတာႏိုင္မယ့္တျခားနည္းလမ္းေတြကိုလည္း သိထားသင့္ပါတယ္။

၁။ အကုန္ခံမယ့္ေငြပမာဏတစ္ခုသတ္မွတ္ထားၿပီး ပိုမသုံးမိပါေစနဲ႔။

အိမ္ျပင္တဲ့အခါ အိမ္ပိုင္႐ွင္ေတြလုပ္မိတတ္တဲ့အႀကီးဆုံးအမွားေတြထဲကတစ္ခုက ကိုယ္သုံးမယ့္ေငြပမာဏကို မသတ္မွတ္ထားမိတာပါပဲ။ ဒီလိုမသတ္မွတ္ထားမိတဲ့အခါ မူလကရည္႐ြယ္ထားတာထက္ ပိုၿပီးအကုန္အက်မ်ားသြားတတ္ပါတယ္။ ကိုယ္ဘယ္ေလာက္တတ္ႏိုင္လဲဆိုတာ ေသခ်ာစဥ္းစားၿပီး အိမ္ျပင္မယ့္ပေရာဂ်က္အတြက္ ကုန္က်စရိတ္တစ္ခုကို တိတိက်က်သတ္မွတ္လိုက္ပါ။

၂။ ပစၥည္းကုန္က်စရိတ္ေတြကို အတတ္ႏိုင္ဆုံးေခြၽတာပါ။

အိမ္ပိုင္႐ွင္ေတြလုပ္မိတတ္တဲ့ ေနာက္ထပ္အမွားတစ္ခုက ပစၥည္းကုန္က်စရိတ္ကို အမ်ားႀကီးသုံးမိတာပါ။ ဥပမာ တစ္ခါသုံးၿပီးသား ေဆာက္လုပ္ေရးပစၥည္းေတြကိုဝယ္သုံးတာက ကုန္က်စရိတ္သက္သာေစပါတယ္။ တစ္ခါသုံးၿပီးသားပစၥည္းေတြထဲမွာလည္း အရည္အေသြးေကာင္းေနေသးတာေတြ႐ွိတာေၾကာင့္ ပစၥည္းေကာင္းကို ေစ်းခ်ိဳခ်ိဳနဲ႔ ရႏိုင္ပါလိမ့္မယ္။

၃။ မျဖစ္မေနသုံးရမယ့္ပစၥည္းေတြအတြက္ ေစ်းေလွ်ာ့တဲ့အခ်ိန္ကိုေစာင့္ပါ။

အိမ္ျပင္တဲ့အခါ မျဖစ္မေနသုံးရမယ့္ပစၥည္းေတြဟာ အၿမဲေစ်းႀကီးေနမွာ မဟုတ္ပါဘူး။ ႏွမ္းဖတ္ေက်ာက္မီးဖိုေခ်ာင္စားပြဲမ်က္ႏွာျပင္ကို ေစ်းေပါလို႔ဝယ္သုံးလိုက္မယ့္အစား အရည္အေသြးေကာင္းတဲ့ပစၥည္းေတြ ေစ်းခ်ေရာင္းတဲ့အခ်ိန္ကို ေစာင့္လိုက္ပါ။ တျခားမီးဖိုေခ်ာင္သုံးပစၥည္းေတြ၊ ျပတင္းေပါက္ေဘာင္ေတြနဲ႔ အိမ္ျပင္ရာမွာ အသစ္လဲဖို႔လိုတဲ့အရာမွန္သမွ်ကိုလည္း အလားတူပဲ စိတ္႐ွည္႐ွည္ေစာင့္ဆိုင္းဝယ္ယူပါ။

၄။ စရိတ္မွန္သမွ်ကို ေငြသားနဲ႔ေခ်ပါ။

အိမ္ျပင္တဲ့အခ်ိန္မွာ စရိတ္ေခြၽတာခ်င္ရင္ စရိတ္မွန္သမွ်ကို ေငြသားနဲ႔ေခ်တဲ့နည္းက လက္ေတြ႕မွာ တကယ္အသုံးတည့္တာကို ေတြ႕ရပါလိမ့္မယ္။ ပစၥည္းစရိတ္ေတြကိုေရာ လက္သမားခေတြကိုပါ ေငြသားနဲ႔ေပးေခ်သင့္တဲ့ အေၾကာင္းရင္းႏွစ္ခု႐ွိပါတယ္။ ပထမတစ္ခုက အေႂကြးဝယ္ကတ္နဲ႔ဝယ္တာမဟုတ္လို႔ အတိုးေငြထပ္ကုန္ေတာ့မွာ မဟုတ္ပါဘူး။ ေနာက္တစ္ခုကေတာ့ လက္ငင္းေငြေခ်တဲ့အတြက္ လက္သမားနဲ႔ကန္ထ႐ိုက္က က်သင့္တာထက္ ေလွ်ာ့ေပးသြားတာမ်ိဳးလည္း ႐ွိတတ္ပါတယ္။

၅။ ၿပီးမယ့္ရက္ကို အလ်င္မလိုပါနဲ႔။

တစ္ခါတေလ အိမ္ျပင္တာကို ျမန္ျမန္ၿပီးခ်င္စိတ္ျဖစ္မိတတ္ၾကပါတယ္။ ဒီလိုစိတ္မ႐ွည္တာဟာ အမွားႀကီးတစ္ခုပါပဲ။ အလ်င္လိုၿပီး အေႂကြးဝယ္ကတ္နဲ႔ေငြေခ်လိုက္တာမ်ိဳးလုပ္မယ့္အစား စိတ္႐ွည္႐ွည္ထားပါ။ စိတ္႐ွည္႐ွည္ေစာင့္ဆိုင္းရင္ အကုန္အက်နည္းရမယ့္အစား စိတ္ေလာမိရင္ ပစၥည္းေတြအတြက္ေရာ၊ ကန္ထ႐ိုက္ဖိုးေတြပါ မကုန္သင့္ဘဲ အမ်ားႀကီးအကုန္ခံေနရပါလိမ့္မယ္။

၆။ ကိုယ္တိုင္လုပ္ၾကည့္ပါ။

အႀကီးစားအိမ္ျပင္ဆင္မႈေတြကို မတတ္ႏိုင္ေပမယ့္ အမ်ိဳးသားအမ်ားစုက တခ်ိဳ႕အေသးစားျပင္ဆင္မႈေလးေတြကိုေတာ့ လုပ္တတ္ၾကပါတယ္။ လြယ္တဲ့အလုပ္ေလးေတြကို သူမ်ားကို ပိုက္ဆံေပးၿပီး လုပ္ခိုင္းေနမယ့္အစား ကိုယ္တိုင္လုပ္ၾကည့္လိုက္ရင္ ေငြေခြၽတာႏိုင္ပါလိမ့္မယ္။

၇။ အတတ္ႏိုင္ဆုံးျပန္သုံးပါ။

ျပန္သုံးလို႔ရမယ့္ပစၥည္းေတြကို အလဟႆအျဖစ္မခံဘဲ သုံးလို႔ရတာေတြကို အတတ္ႏိုင္ဆုံးျပန္သုံးပါ။ သတ္မွတ္ထားတဲ့ကုန္က်စရိတ္ကို မေက်ာ္ခ်င္ဘူး ဒါမွမဟုတ္ ဘဏ္ထဲကထပ္မထုတ္ခ်င္ဘူးဆိုရင္ေတာ့ နည္းလမ္းေကာင္းတစ္ခုပါပဲ။ ဗီ႐ိုနဲ႔တခ်ိဳ႕အသုံးအေဆာင္ပစၥည္းေတြက အသစ္ဝယ္စရာမလိုဘဲ ျပန္သုံးလို႔ရေကာင္းရႏိုင္ပါတယ္။

၈။ ပစၥည္းေတြေစ်းမခ်ခင္မွာ ႀကီးႀကီးမားမားမဝယ္မိပါေစနဲ႔။

ျပင္ဆင္မြမ္းမံထားတဲ့မီးဖိုေခ်ာင္ထဲမွာ တန္ဖိုးႀကီးပစၥည္းေတြကို အသစ္ဝယ္ထည့္မယ္ဆိုရင္ ေစ်းခ်တဲ့အခ်ိန္ကို ေစာင့္ဆိုင္းသင့္ပါတယ္။ အခ်ိန္ေပးရမယ္ဆိုတာမွန္ေပမယ့္ ခ်က္ခ်င္းႀကီးေတြ႕ကရာေတာ့ ေကာက္မဝယ္သင့္ပါဘူး။ ရက္ႀကီးအခါႀကီးမွာ ေလွ်ာ့ေစ်းေပးတဲ့အခ်ိန္ကိုေတာ့ တြက္ၾကည့္လို႔ရပါတယ္။ ဒီနည္းက ပိုက္ဆံအကုန္အက်အမ်ားႀကီး သက္သာေစႏိုင္ပါတယ္။

၉။ ကန္ထ႐ိုက္ေကာင္းကို ေသခ်ာစုံစမ္းပါ။

အိမ္ျပင္တယ္ဆိုကတည္းက အိမ္ကိုအလွဆုံးျဖစ္ေစခ်င္မွာ အေသအခ်ာပါပဲ။ ဒါနဲ႔ပဲ ေစ်းအႀကီးဆုံးနဲ႔ အေကာင္းဆုံးကန္ထ႐ိုက္ကို ပိုက္ဆံအမ်ားႀကီးအကုန္အက်ခံငွားစရာမလိုပါဘူး။ ဘယ္ကန္ထ႐ိုက္က ဘယ္လိုေကာင္းတယ္ဆိုတာ လိုက္စုံစမ္းၾကည့္ပါ။ ဒါမွသာ လက္ရာလည္းေကာင္းၿပီး ေစ်းလည္းမႀကီးတဲ့ ကန္ထ႐ိုက္ကို ရႏိုင္မွာပါ။

၁၀။ အေဟာင္းေတြကို ျပန္ေရာင္းပါ။

ပစၥည္းေတြ အသစ္လဲမယ္ဆိုရင္ သုံးလို႔ရေသးတဲ့ပစၥည္းအေဟာင္းေတြကို ျပန္ေရာင္းၾကည့္ပါ။ ေရခဲေသတၱာနဲ႔ မီးဖိုလိုပစၥည္းေတြကို အသစ္ဝယ္ဖို႔စိတ္ကူး႐ွိတယ္ဆိုရင္ တစ္ခါသုံးၿပီးသားပစၥည္းေတြေရာင္းတဲ့ အြန္လိုင္းဝက္ဆိုက္ဒ္ေတြမွာ ျပန္ေရာင္းပါ။ ၀ယ္ခ်င္တဲ့လူ႐ွိရင္လည္း ႐ွိေနမွာပါ။ အေဟာင္းျပန္ေရာင္းတယ္ဆိုေပမယ့္ သုံးလို႔ရေနေသးတဲ့ပစၥည္းေတြျဖစ္တာေၾကာင့္ ေရာင္းထြက္သြားတယ္ဆိုရင္ တစ္ဖက္မွာကုန္က်ေနတဲ့အိမ္ျပင္စရိတ္လည္း သက္သာသြားႏိုင္ပါတယ္။

အခုေဖာ္ျပသြားတဲ့အခ်က္ ၁၀ ခ်က္ဟာ လက္႐ွိမဟုတ္ရင္ေတာင္ ေနာက္အိမ္ျပင္ဖို႔႐ွိလာခဲ့ရင္ အသုံးတည့္ႏိုင္ပါတယ္။ တကယ္အသုံးခ်ခ်င္စိတ္႐ွိဖို႔နဲ႔ တိတိက်က်လိုက္နာႏိုင္ဖို႔ေတာ့လိုပါတယ္။ ေလွ်ာ့ေစ်းခ်ေရာင္းတဲ့အခ်ိန္ေတြကို ေကာင္းေကာင္းအသုံးခ်ပါ။ လက္ရာေကာင္းၿပီး ေစ်းမႀကီးတဲ့ကန္ထ႐ိုက္ကို ငွားပါ။ အိမ္ျပင္တဲ့ေနရာမွာ ပိုက္ဆံေခြၽတာႏိုင္ဖို႔အတြက္ တျခားအခ်က္ေတြကိုလည္း နည္းနည္းမွန္မွန္အသုံးျပဳၾကည့္သင့္ပါတယ္။


Credit: Myanmar Home & Decor

 

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)