690 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

[Unicode]


ကွန်ဒိုအခန်းကျဉ်းလေးတွေမှာ နေတာပဲ ဖြစ်ဖြစ် တိုက်ခန်းကျဉ်းမှာနေတာပဲ ဖြစ်ဖြစ် စိတ်မွန်းကျပ်မှုမရှိစေဖို့အတွက် ကိုယ့်ရဲ့အခန်းကို အမြင်ပြောင်းလဲပစ်နိုင်ဖို့က အရေးကြီးပါတယ်။ အခန်းလေးကို နေချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထားတယ်ဆိုရင် စိတ်ချမ်းသာရပါတယ်။ ကျဉ်းတဲ့အခန်းကို ကျယ်လာအောင် အမြင်အာရုံကို လှည့်စားမှုပြုလုပ်ရပါမယ်၊ အခုပြောပြမယ့် အချက်အလက်လေးတွေက အခန်းငယ်လေးတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ အလှဆင်ရင် ကျယ်သယောင်ဖြစ်မလဲဆိုတာပါပဲ… အတူတူလေ့လာကြရအောင်နော်….

၁။ မှန်တွေကို အသုံးချပါ။

စွယ်စုံသုံးလို့ရတဲ့ပစ္စည်းတွေအကြောင်းပြောရင် မှန်တွေကို ချန်ထားခဲ့လို့မရပါဘူး။ မှန်တွေက သဘာဝအလင်းရော၊ မီးချောင်းအခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်းအလင်းတွေကိုပါ အလင်းပြန်ပေးနိုင်လို့ အိမ်ကိုပိုကျယ်သွားသယောင် ဖန်တီးပေးနိုင်ပါတယ်။ အခန်းတစ်ခုစီမှာ မှန်အကြီးတစ်ချပ်စီထားကြည့်ပါ။ မဟုတ်ရင်လည်း မှန်အသေးလေးတွေ နေရာအနှံ့ထားပေးပါ။ အနုပညာဝါသနာပါရင် မှန်ပြခန်းတစ်ခုတောင် ဖန်တီးထားလို့ရပါတယ်။

 

၂။ အရောင်တွေကို အသုံးချပါ။

ပုံမှန်အားဖြင့် အိမ်ကျဉ်းကျဉ်းလေးတွေက အရောင်ရင့်တွေ၊ အဆင်ဒီဇိုင်းဆန်းတွေနဲ့ လိုက်ဖက်လေ့ရှိပါတယ်။ အိမ်ထဲမှာ မျက်စိမရှုပ်ချင်ရင်တော့ အရောင်ဖျော့လေးတွေနဲ့ တွဲသုံးပါ။

အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

နံရံတွေမှာ အရောင်ရင့်တွေသုံးရတာ အရဲစွန့်လွန်းရာကျတယ်ထင်ရင် နောက်မှီတဲ့ခေါင်းအုံးတွေ၊ ဓာတ်ပုံဘောင်တွေနဲ့နံရံအောက်ခြေတွေမှာ သုံးကြည့်ပါ။ ဒါမှမဟုတ်ရင်လည်း အရောင်တောက်တဲ့နံရံကပ်စက္ကူပဲဖြစ်ဖြစ်၊ အပြာရောင်ဆိုဖာပဲဖြစ်ဖြစ် အသုံးပြုကြည့်လိုက်ပါ။ အိမ်ထဲမှာ အရောင်တွေကို မျှမျှတတအသုံးပြုနိုင်မယ်ဆိုရင် အရောင်ရင့်တွေ၊အဆင်ဆန်းတွေသုံးလည်း ကိစ္စမရှိတော့ပါဘူး။

၃။ ကော်ဇောအကြီးတွေသုံးပါ။

အိမ်ကျဉ်းကျဉ်းလေးကိုအလှဆင်တယ်ဆိုတာ မျက်လုံးကိုလှည့်စားရတာပါပဲ။ နေရာကျဉ်းကျဉ်းလေးမှာ ကော်ဇောသေးသေးလေးတွေထားတာဟာ ကျဉ်းတယ်ဆိုတာကို လူမြင်အောင်ပြလိုက်တာပါပဲ။

အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

ဒါပေမဲ့ အရွယ်အစားကြီးမားတဲ့ကော်ဇောကို ရွေးသုံးမယ်ဆိုရင်တော့ ရင်သပ်ရှုမောဖွယ်ရာခံစားချက်ပေးနိုင်တာကြောင့် အခန်းကိုပိုကျယ်သွားသယောင်ဖြစ်စေပါတယ်။ အခန်းရဲ့ပုံသဏ္ဍာန်နဲ့ပရိဘောဂတွေကိုကြည့်ပြီး ကော်ဇောအရွယ်အစားကို ရွေးချယ်ဝယ်ယူပါ။ ကြီးနိုင်သမျှကြီးတဲ့ကော်ဇောကိုဝယ်တာတော့ အကောင်းဆုံးပါပဲ။

၄။ နံရံတွေကိုအသုံးချပါ။

နံရံတွေကို လျစ်လျူရှု့မထားပါနဲ့။ ကြမ်းပြင်မှာနေရာမရှိပေမယ့် နံရံပေါ်မှာ စင်တွေနဲ့ပန်းချီကားလို အရာမျိုးတွေထားပြီး ရှိတဲ့နေရာကို အကျိုးရှိရှိအသုံးချပါ။ ဥပမာ အရမ်းကြိုက်တဲ့ပန်းအိုးလေးရှိပေမယ့် ထားစရာနေရာမရှိဖြစ်နေရင် နံရံမှာ စင်လေးတစ်ခုလုပ်ပြီး တင်ထားလိုက်ပါ။ ခန်းဆီးလုပ်တဲ့အခါ သံချောင်းကို မျက်နှာကြက်နဲ့နှစ်လက်မလောက်ပဲခွာထားမယ်ဆိုရင် ပိုမြင့်သွားသယောင်ဖြစ်နေပါလိမ့်မယ်။

အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

၅။ ပန်းအိုးတွေထားပါ။

အိမ်ကျဉ်းကျဉ်းလေးထဲမှာ ပန်းပင်တွေ၊ပန်းအိုးတွေထားတာဟာ လှပသလို အသက်ရှူပါချောင်စေတယ်ဆိုပေမယ့် ပြည့်ကြပ်မသွားစေဖို့တော့ ဂရုစိုက်ဖို့လိုပါတယ်။ အိမ်ထဲမှာ အပင်တွေသေနေတာကို သတိမထားမိဘူးဆိုရင်လည်း ဆိုးကျိုးတွေဖြစ်စေနိုင်တာ သိထားဖို့လိုပါတယ်။

အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

ဒါကြောင့် အပင်တွေကိုထိန်းသိမ်းဖို့ တာဝန်မယူနိုင်ဘူးဆိုရင် ပန်းပင်အတုနဲ့ပန်းအတုတွေထားတာ ပိုကောင်းပါတယ်။

၆။ ခေါက်ချိုးညီခြင်းနိယာမကိုသုံးပါ။

လူတွေရဲ့မျက်နှာ၊ သဘာဝတရားကြီးနဲ့ နေအိမ်တွေမှာ ခေါက်ချိုးညီခြင်းနိယာမဆိုတာ ရှိပါတယ်။ ဧည့်ခန်းကျဉ်းကျဉ်းလေးထဲမှာ ထိုင်ခုံတွေအများကြီးထားချင်တယ် ဒါမှမဟုတ် ဗီရိုအကြီးကြီးတွေ မသုံးရမနေနိုင်ဘူးဆိုရင် အခန်းထဲမှာ ပစ္စည်းတွေကို ခေါက်ချိုးညီအောင် မျှမျှတတထားပေးလိုက်ပါ။ အခန်းထဲမှာ ပိုပြီးသန့်ရှင်းသပ်ရပ်သွားသလို မျက်စိပဒါဿလည်းဖြစ်စေပါတယ်။

အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

၇။ ထောင့်တွေကိုအသုံးချပါ။

အိမ်ကျယ်တဲ့အခါ ချောင်ကြိုချောင်ကြားနေရာတွေကို ဒီအတိုင်းထားလို့လည်းရပေမယ့် အိမ်ကျဉ်းတဲ့အခါမှာ အကျိုးရှိရှိအသုံးချတတ်ဖို့လိုပါတယ်။ ဥပမာ ဒီလိုနေရာတွေမှာ စားပွဲလေးတွေလုပ်ပြီး ထားလို့ရပါတယ်။ ချောင်ကြိုချောင်ကြားနေရာတွေက အခန်းထဲမှာ ပစ္စည်းတွေရှုပ်ပွတာကို သက်သာစေနိုင်တာကြောင့် အလဟဿအဖြစ်မခံဘဲ လက်တွေ့အသုံးကြည့်လိုက်ပါ။

Credit: Myanmar Home & Decor

 

[Zawgyi]

အခန္းက်ဥ္းမွ အခန္းက်ယ္သေယာင္ အလွဆင္နည္း


ကြန္ဒိုအခန္းက်ဥ္းေလးေတြမွာ ေနတာပဲ ျဖစ္ျဖစ္ တိုက္ခန္းက်ဥ္းမွာေနတာပဲ ျဖစ္ျဖစ္ စိတ္မြန္းက်ပ္မႈမ႐ွိေစဖို႔အတြက္ ကိုယ့္ရဲ႕အခန္းကို အျမင္ေျပာင္းလဲပစ္ႏိုင္ဖို႔က အေရးႀကီးပါတယ္။ အခန္းေလးကို ေနခ်င္စဖြယ္ျဖစ္ေအာင္ ျပင္ဆင္ထားတယ္ဆိုရင္ စိတ္ခ်မ္းသာရပါတယ္။ က်ဥ္းတဲ့အခန္းကို က်ယ္လာေအာင္ အျမင္အာ႐ုံကို လွည့္စားမႈျပဳလုပ္ရပါမယ္၊ အခုေျပာျပမယ့္ အခ်က္အလက္ေလးေတြက အခန္းငယ္ေလးေတြကို ဘယ္လိုနည္းလမ္းေတြနဲ႔ အလွဆင္ရင္ က်ယ္သေယာင္ျဖစ္မလဲဆိုတာပါပဲ… အတူတူေလ့လာၾကရေအာင္ေနာ္….

၁။ မွန္ေတြကို အသုံးခ်ပါ။

စြယ္စုံသုံးလို႔ရတဲ့ပစၥည္းေတြအေၾကာင္းေျပာရင္ မွန္ေတြကို ခ်န္ထားခဲ့လို႔မရပါဘူး။ မွန္ေတြက သဘာဝအလင္းေရာ၊ မီးေခ်ာင္းအလင္းေတြကိုပါ အလင္းျပန္ေပးႏိုင္လို႔ အိမ္ကိုပိုက်ယ္သြားသေယာင္ ဖန္တီးေပးႏိုင္ပါတယ္။ အခန္းတစ္ခုစီမွာ မွန္အႀကီးတစ္ခ်ပ္စီထားၾကည့္ပါ။ မဟုတ္ရင္လည္း မွန္အေသးေလးေတြ ေနရာအႏွံ႔ထားေပးပါ။ အႏုပညာဝါသနာပါရင္ မွန္ျပခန္းတစ္ခုေတာင္ ဖန္တီးထားလို႔ရပါတယ္။

၂။ အေရာင္ေတြကို အသုံးခ်ပါ။

ပုံမွန္အားျဖင့္ အိမ္က်ဥ္းက်ဥ္းေလးေတြက အေရာင္ရင့္ေတြ၊ အဆင္ဒီဇိုင္းဆန္းေတြနဲ႔ လိုက္ဖက္ေလ့႐ွိပါတယ္။ အိမ္ထဲမွာ မ်က္စိမ႐ႈပ္ခ်င္ရင္ေတာ့ အေရာင္ေဖ်ာ့ေလးေတြနဲ႔ တြဲသုံးပါ။ နံရံေတြမွာ အေရာင္ရင့္ေတြသုံးရတာ အရဲစြန္႔လြန္းရာက်တယ္ထင္ရင္ ေနာက္မွီတဲ့ေခါင္းအုံးေတြ၊ ဓာတ္ပုံေဘာင္ေတြနဲ႔နံရံေအာက္ေျခေတြမွာ သုံးၾကည့္ပါ။ ဒါမွမဟုတ္ရင္လည္း အေရာင္ေတာက္တဲ့နံရံကပ္စကၠဴပဲျဖစ္ျဖစ္၊ အျပာေရာင္ဆိုဖာပဲျဖစ္ျဖစ္ အသုံးျပဳၾကည့္လိုက္ပါ။ အိမ္ထဲမွာ အေရာင္ေတြကို မွ်မွ်တတအသုံးျပဳႏိုင္မယ္ဆိုရင္ အေရာင္ရင့္ေတြ၊အဆင္ဆန္းေတြသုံးလည္း ကိစၥမ႐ွိေတာ့ပါဘူး။

၃။ ေကာ္ေဇာအႀကီးေတြသုံးပါ။

အိမ္က်ဥ္းက်ဥ္းေလးကိုအလွဆင္တယ္ဆိုတာ မ်က္လုံးကိုလွည့္စားရတာပါပဲ။ ေနရာက်ဥ္းက်ဥ္းေလးမွာ ေကာ္ေဇာေသးေသးေလးေတြထားတာဟာ က်ဥ္းတယ္ဆိုတာကို လူျမင္ေအာင္ျပလိုက္တာပါပဲ။ ဒါေပမဲ့ အ႐ြယ္အစားႀကီးမားတဲ့ေကာ္ေဇာကို ေ႐ြးသုံးမယ္ဆိုရင္ေတာ့ ရင္သပ္႐ႈေမာဖြယ္ရာခံစားခ်က္ေပးႏိုင္တာေၾကာင့္ အခန္းကိုပိုက်ယ္သြားသေယာင္ျဖစ္ေစပါတယ္။ အခန္းရဲ႕ပုံသ႑ာန္နဲ႔ပရိေဘာဂေတြကိုၾကည့္ၿပီး ေကာ္ေဇာအ႐ြယ္အစားကို ေ႐ြးခ်ယ္ဝယ္ယူပါ။ ႀကီးႏိုင္သမွ်ႀကီးတဲ့ေကာ္ေဇာကိုဝယ္တာေတာ့ အေကာင္းဆုံးပါပဲ။

၄။ နံရံေတြကိုအသုံးခ်ပါ။

နံရံေတြကို လ်စ္လ်ဴ႐ႈ႕မထားပါနဲ႔။ ၾကမ္းျပင္မွာေနရာမ႐ွိေပမယ့္ နံရံေပၚမွာ စင္ေတြနဲ႔ပန္းခ်ီကားလို အရာမ်ိဳးေတြထားၿပီး ႐ွိတဲ့ေနရာကို အက်ိဳး႐ွိ႐ွိအသုံးခ်ပါ။ ဥပမာ အရမ္းႀကိဳက္တဲ့ပန္းအိုးေလး႐ွိေပမယ့္ ထားစရာေနရာမ႐ွိျဖစ္ေနရင္ နံရံမွာ စင္ေလးတစ္ခုလုပ္ၿပီး တင္ထားလိုက္ပါ။ ခန္းဆီးလုပ္တဲ့အခါ သံေခ်ာင္းကို မ်က္ႏွာၾကက္နဲ႔ႏွစ္လက္မေလာက္ပဲခြာထားမယ္ဆိုရင္ ပိုျမင့္သြားသေယာင္ျဖစ္ေနပါလိမ့္မယ္။

၅။ ပန္းအိုးေတြထားပါ။

အိမ္က်ဥ္းက်ဥ္းေလးထဲမွာ ပန္းပင္ေတြ၊ပန္းအိုးေတြထားတာဟာ လွပသလို အသက္႐ွဴပါေခ်ာင္ေစတယ္ဆိုေပမယ့္ ျပည့္ၾကပ္မသြားေစဖို႔ေတာ့ ဂ႐ုစိုက္ဖို႔လိုပါတယ္။ အိမ္ထဲမွာ အပင္ေတြေသေနတာကို သတိမထားမိဘူးဆိုရင္လည္း ဆိုးက်ိဳးေတြျဖစ္ေစႏိုင္တာ သိထားဖို႔လိုပါတယ္။ ဒါေၾကာင့္ အပင္ေတြကိုထိန္းသိမ္းဖို႔ တာဝန္မယူႏိုင္ဘူးဆိုရင္ ပန္းပင္အတုနဲ႔ပန္းအတုေတြထားတာ ပိုေကာင္းပါတယ္။

၆။ ေခါက္ခ်ိဳးညီျခင္းနိယာမကိုသုံးပါ။

လူေတြရဲ႕မ်က္ႏွာ၊ သဘာဝတရားႀကီးနဲ႔ ေနအိမ္ေတြမွာ ေခါက္ခ်ိဳးညီျခင္းနိယာမဆိုတာ ႐ွိပါတယ္။ ဧည့္ခန္းက်ဥ္းက်ဥ္းေလးထဲမွာ ထိုင္ခုံေတြအမ်ားႀကီးထားခ်င္တယ္ ဒါမွမဟုတ္ ဗီ႐ိုအႀကီးႀကီးေတြ မသုံးရမေနႏိုင္ဘူးဆိုရင္ အခန္းထဲမွာ ပစၥည္းေတြကို ေခါက္ခ်ိဳးညီေအာင္ မွ်မွ်တတထားေပးလိုက္ပါ။ အခန္းထဲမွာ ပိုၿပီးသန္႔႐ွင္းသပ္ရပ္သြားသလို မ်က္စိပဒါႆလည္းျဖစ္ေစပါတယ္။

၇။ ေထာင့္ေတြကိုအသုံးခ်ပါ။

အိမ္က်ယ္တဲ့အခါ ေခ်ာင္ႀကိဳေခ်ာင္ၾကားေနရာေတြကို ဒီအတိုင္းထားလို႔လည္းရေပမယ့္ အိမ္က်ဥ္းတဲ့အခါမွာ အက်ိဳး႐ွိ႐ွိအသုံးခ်တတ္ဖို႔လိုပါတယ္။ ဥပမာ ဒီလိုေနရာေတြမွာ စားပြဲေလးေတြလုပ္ၿပီး ထားလို႔ရပါတယ္။ ေခ်ာင္ႀကိဳေခ်ာင္ၾကားေနရာေတြက အခန္းထဲမွာ ပစၥည္းေတြ႐ႈပ္ပြတာကို သက္သာေစႏိုင္တာေၾကာင့္ အလဟႆအျဖစ္မခံဘဲ လက္ေတြ႕အသုံးၾကည့္လိုက္ပါ။

Credit: Myanmar Home & Decor

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)