521 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ကလေးအခန်းဖန်တီးတဲ့အခါ ..........

[Unicode]


ကလေးအခန်းတွေကို အလှဆင်တဲ့အခါမှာ ပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်တွေကို ထည့်သွင်းစဉ်းစားပြီး ပြင်ဆင်သင့်ပါတယ်။ ကလေးတွေရဲ့ ကာယ၊ ဉာဏဖွင့်ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေဖို့ ကလေးအခန်းတွေဖန်တီးတဲ့အခါ ဘယ်အရာတွေက အရေးပါသလဲဆိုတာကို လေ့လာကြည့်နိုင်ဖို့ Myanmar Home & Décor က တင်ပြပေးထားပါတယ်။

ကလေးအခန်းဖန်တီးတဲ့အခါ ..........

နယ်ပယ်လေးများ ကန့်သတ်ပေးပါ။ (စာဖတ်ရန်။ ကစားရန်၊ အိပ်ရန်)

အိပ်ရာသည် ကောင်းမွန်စွာ အိပ်စက်အနားယူဖို့အတွက် သီးသန့်ပြုလုပ်ထားတယ်ဆိုတာကို ကလေးတို့ရဲ့ ငယ်စဉ်ဘဝမှာကတည်းက နှလုံးသွင်းပေးထားရမှာဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်ဖို့စာကြည့်စားပွဲကို အိပ်ရာရဲ့ဘေး (ဒါမှမဟုတ်) အခန်းရဲ့ ထောင့်တစ်နေရာမှာ စီစဉ်ပေးထားရပါမယ်။ ဒါမှသာ မိမိရဲ့ ကလေးငယ်က ကုတင်ပေါ်မှာ စာကြည့်ရင်း အိပ်ပျော်ခြင်းကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ ကစားဖို့ နေရာလပ်ကလေးလည်း လိုအပ်ပါသေးတယ်။ ဒါမှလည်း ကလေးရဲ့ စိတ်ကူးစိတ်သန်းများကို လွတ်လပ်စွာ ပျံသန်းခွင့်၊ တီထွင်ခွင့်တွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

ကလေးအခန်းဖန်တီးတဲ့အခါ ..........

ဘေးအန္တရာယ်ကင်းပြီး လုံခြုံမှုရှိအောင် ဖန်တီးပါ။

ရှာဖွေစူးစမ်းလိုစိတ် ပြင်းပြခြင်းက ကလေးငယ်တို့ရဲ့ ထုံးစံပါ။ အခန်းတွင်းမှာ ပရိဘောဂပစ္စည်းများကို နေရာချရာမှာ ပြတင်းပေါက်နားမှာ မထားမိပါစေနဲ့။ ပရိဘောဂများရဲ့ အစွန်းများက ချွန်ထွက်နေတာမျိုးမပါဝင်အောင် သတိထားပါ။ ဖြစ်နိုင်မယ်ဆိုရင် ကလေးများအတွက် သီးသန့်ဒီဇိုင်းထွင်ထုတ်လုပ်ထားတဲ့ ပရိဘောဂများကို ရွေးချယ်ဝယ်ယူပါ။ အခန်းထဲမှာ ကွဲရှလွယ်တဲ့ အသုံးအဆောင်ပစ္စည်းများကို မထားမိဖို့ သတိပြုပါ။

ကလေးအခန်းဖန်တီးတဲ့အခါ ..........

အခန်းမှာရှိတဲ့ ဗီရိုတံခါး၊ ပြတင်းပေါက်တံခါးများမှာလည်း အဖွင့်အပိတ်ပြုလုပ်တဲ့အခါမှာ အရှိန်ကို ထိန်ပေးထားတဲ့ ကြားခံပစ္စည်းများကို ထည့်သွင်းအသုံးပြုပါ။ ကလေးများရဲ့ လက်ချောင်းကလေးများက သေးငယ်တဲ့အတွက် မတော်တဆ ကစားရင်း လက်ညပ်ခြင်းမှ ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။

အခန်းဖွဲ့စည်းမှုမှ ကလေးအတွက် သင့်တော်တဲ့ ဗီရိုများပါဝင်ပါစေ။

ကလေးတွေရဲ့ အခန်းထဲမှာ ရှုတ်ပွမနေဖို့အတွက် အလိုအပ်ဆုံးအရာကတော့ ဗီရိုများပဲဖြစ်ပါတယ်။ ပစ္စည်းများသိမ်းဆည်းတတ်တဲ့ အလေ့အကျင့်ကို ငယ်စဉ်ကတည်းက လေ့ကျင့်ပြီးသားဖြစ်စေပါတယ်။ အနည်းဆုံးကလေးတို့ရဲ့ ကစားစရာအရုပ်များ၊ ရောင်စုံခဲတံနဲ့ ပန်းချီစာအုပ် အစရှိတဲ့ ကလေးအသုံးအဆောင်ပစ္စည်းများကို ထည့်သွင်းနိုင်မယ့် ဗီရိုများကို ကလေးတို့ရဲ့ အရပ်နဲ့ မီအောင် ပြင်ဆင်ပေးထားသင့်ပါတယ်။

ကလေးအခန်းဖန်တီးတဲ့အခါ ..........

 

အဲဒီအပြင်စာအုပ်စင်များကိုလည်း ထည့်သွင်းပေးထားရင် စာဖတ်တတ်တဲ့ အလေ့အကျင့်ကိုလည်း မွေးမြူပေးနိုင်ပါတယ်။ စာအုပ်စင်ကိုတော့ ကလေးအရပ်နဲ့ လိုက်လျောညီထွေရှိစေဖို့ သတိပြုရပါမယ်။ စာအုပ်စင်ပေါ်မှာလည်း စာအုပ်အထူများ၊ အလေးချိန်ရှိတဲ့ ပစ္စည်းများ မထားမိစေဖို့ အထူးသတိပြုရပါမယ်။

အရောင်လှလှ တန်ဆာဆင်ပါ။

ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက် အရောင်များက အထောက်အကူဖြစ်စေတယ်လို့ ဆရာဝန်များရဲ့ လေ့လာမှုများအရ သိရပါတယ်။ အပြာရောင်၊ အစိမ်းရောင်နုတို့ကတော့ ကလေးများအတွက် သင့်တော်တဲ့ အခန်းအရောင်များဖြစ်ပါတယ်။

ကလေးအခန်းဖန်တီးတဲ့အခါ ..........

အရောင်စုံလေးများခြယ်သထားရင်လည်း ကလေးတို့အတွက် ဉာဏ်ရည်တိုးတက်မှုအတွက် အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။ ဆေးရောင်များကို လှပစွာခြယ်သထားခြင်းဖြင့် ကလေးငယ်တို့ရဲ့ စိတ်ကို ရွှင်လန်းစေပါတယ်။

ကလေးအခန်းဖန်တီးတဲ့အခါ ..........

မှန်ကန်တဲ့ အလင်းရောင်ကို ပေးစွမ်းပါ။

အခုခေတ်ကလေးတော်တော်များများက ငယ်ငယ်ကတည်းက တီဗီကြည့်၊ ဂိမ်းဆော့နဲ့ အတော်ကို မျက်စိပျက်စီးကြပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းက ကလေးရဲ့ အိပ်ခန်းမှာ အဓိကအားဖြင့် စာကြည့််ဖို့၊ ပန်းချီဆွဲဖို့၊ ကွန်ပျူတာသုံးဖို့ လုံလောက်ပြည့်စုံတဲ့ အလင်းရောင်ရရှိဖို့လိုပါတယ်။ ဒါမှသာ အဝေးမှုန်ခြင်းနဲ့ မျက်စေ့စုံချက်မညီခြင်း အစရှိတဲ့ ဝေဒနာတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

ကလေးအခန်းဖန်တီးတဲ့အခါ ..........

နေ့လည်ခင်းမှာ သဘာဝအလင်းရောင်ကို ရရှိစေနိုင်ဖို့ဖန်တီးပေးပါ။ သဘာဝနေရောင်ခြည်ဟာ ကလေးငယ်တို့အတွက် နှာစေးခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်စီဓာတ်ပါဝင်ပါတယ်။ ဒါပေမယ့်လည်း ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့အတွက်တော့ ပြန်လည်စဉ်းစားရင်း ခန်းဆီးလိုက်ကာများနဲ့ ဝန်းရံပေးလိုက်ပါ။ နေဝင်လို့ ကလေးအများစု စာကြည့်ချိန်ကို ရောက်လာတဲ့အခါ အလင်းရောင်အပြည့်အဝပေးစွမ်းနိုင်မယ့် စာကြည့်မီးအိမ် (သို့) မီးချောင်းကို တပ်ဆင်ပေးပါ။

ကလေးအခန်းဖန်တီးတဲ့အခါ ..........

ကလေးငယ်ကို သီးသန့်အခန်းနဲ့ ခွဲထုတ်ပေးလိုက်တဲ့အခါမှာ စိတ်ပိုင်းအပြောင်းအလဲများ၊ စိုးရိမ်ကြောက်လန့်မှုများ ရှိတတ်ပါတယ်။ အလင်းရောင်က အဲ့ဒီစိုးရိမ်ကြောက်လန့်မှုအတွက် ခွန်အားတစ်ခုအသွင် ခြေဖျက်ပေးနိုင်ပါတယ်။ သာမန်မီးအလင်းရောင်က ညအိပ်တဲ့အခါမှာ မျက်စေ့ကြောင်နေတတ်ပါတယ်။ ညအိပ်တဲ့အခါမှာ ညထွန်းမီးလုံးလေးကို တပ်ဆင်ပေးဖို့ မမေ့ပါနဲ့။ တစ်ယောက်တည်းနေလို့ နေသားတကျဖြစ်လာတဲ့အခါမှာတော့ အိပ်ခါနီးမှာ မီးလုံးတွေကို အလွယ်တကူပိတ်နိုင်အောင် အိပ်ယာနဲ့ လက်တစ်ကမ်းအလိုမှာ ညထွန်းမီးလုံးများထားရှိပေးပါ။

ကလေးအခန်းဖန်တီးတဲ့အခါ ..........


Credit: Myanmar Home & Decor

 

 

[Zawgyi]

ကေလးအခန္းဖန္တီးတဲ့အခါ ..........


ကေလးအခန္းေတြကို အလွဆင္တဲ့အခါမွာ ပညာ႐ွင္မ်ားရဲ႕ ေလ့လာေတြ႕႐ွိခ်က္ေတြကို ထည့္သြင္းစဥ္းစားၿပီး ျပင္ဆင္သင့္ပါတယ္။ ကေလးေတြရဲ႕ ကာယ၊ ဉာဏဖြင့္ၿဖိဳးတိုးတက္မႈအတြက္ အေထာက္အကူျဖစ္ေစဖို႔ ကေလးအခန္းေတြဖန္တီးတဲ့အခါ ဘယ္အရာေတြက အေရးပါသလဲဆိုတာကို ေလ့လာၾကည့္ႏိုင္ဖို႔ Myanmar Home & Décor က တင္ျပေပးထားပါတယ္။

နယ္ပယ္ေလးမ်ား ကန္႔သတ္ေပးပါ။ (စာဖတ္ရန္။ ကစားရန္၊ အိပ္ရန္)

အိပ္ရာသည္ ေကာင္းမြန္စြာ အိပ္စက္အနားယူဖို႔အတြက္ သီးသန္႔ျပဳလုပ္ထားတယ္ဆိုတာကို ကေလးတို႔ရဲ႕ ငယ္စဥ္ဘဝမွာကတည္းက ႏွလုံးသြင္းေပးထားရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ စာဖတ္ဖို႔စာၾကည့္စားပြဲကို အိပ္ရာရဲ႕ေဘး (ဒါမွမဟုတ္) အခန္းရဲ႕ ေထာင့္တစ္ေနရာမွာ စီစဥ္ေပးထားရပါမယ္။ ဒါမွသာ မိမိရဲ႕ ကေလးငယ္က ကုတင္ေပၚမွာ စာၾကည့္ရင္း အိပ္ေပ်ာ္ျခင္းကို ေ႐ွာင္႐ွားႏိုင္မွာျဖစ္ပါတယ္။ ကစားဖို႔ ေနရာလပ္ကေလးလည္း လိုအပ္ပါေသးတယ္။ ဒါမွလည္း ကေလးရဲ႕ စိတ္ကူးစိတ္သန္းမ်ားကို လြတ္လပ္စြာ ပ်ံသန္းခြင့္၊ တီထြင္ခြင့္ေတြကို ဖန္တီးေပးႏိုင္မွာျဖစ္ပါတယ္။

ေဘးအႏၲရာယ္ကင္းၿပီး လုံျခဳံမႈ႐ွိေအာင္ ဖန္တီးပါ။

႐ွာေဖြစူးစမ္းလိုစိတ္ ျပင္းျပျခင္းက ကေလးငယ္တို႔ရဲ႕ ထုံးစံပါ။ အခန္းတြင္းမွာ ပရိေဘာဂပစၥည္းမ်ားကို ေနရာခ်ရာမွာ ျပတင္းေပါက္နားမွာ မထားမိပါေစနဲ႔။ ပရိေဘာဂမ်ားရဲ႕ အစြန္းမ်ားက ခြၽန္ထြက္ေနတာမ်ိဳးမပါ၀င္ေအာင္ သတိထားပါ။ ျဖစ္ႏိုင္မယ္ဆိုရင္ ကေလးမ်ားအတြက္ သီးသန္႔ဒီဇိုင္းထြင္ထုတ္လုပ္ထားတဲ့ ပရိေဘာဂမ်ားကို ေ႐ြးခ်ယ္ဝယ္ယူပါ။ အခန္းထဲမွာ ကြဲ႐ွလြယ္တဲ့ အသုံးအေဆာင္ပစၥည္းမ်ားကို မထားမိဖို႔ သတိျပဳပါ။ အခန္းမွာ႐ွိတဲ့ ဗီ႐ိုတံခါး၊ ျပတင္းေပါက္တံခါးမ်ားမွာလည္း အဖြင့္အပိတ္ျပဳလုပ္တဲ့အခါမွာ အ႐ွိန္ကို ထိန္ေပးထားတဲ့ ၾကားခံပစၥည္းမ်ားကို ထည့္သြင္းအသုံးျပဳပါ။ ကေလးမ်ားရဲ႕ လက္ေခ်ာင္းကေလးမ်ားက ေသးငယ္တဲ့အတြက္ မေတာ္တဆ ကစားရင္း လက္ညပ္ျခင္းမွ ကာကြယ္ႏိုင္ဖို႔ ျဖစ္ပါတယ္။

အခန္းဖြဲ႕စည္းမႈမွ ကေလးအတြက္ သင့္ေတာ္တဲ့ ဗီ႐ိုမ်ားပါ၀င္ပါေစ။

ကေလးေတြရဲ႕ အခန္းထဲမွာ ႐ႈတ္ပြမေနဖို႔အတြက္ အလိုအပ္ဆုံးအရာကေတာ့ ဗီ႐ိုမ်ားပဲျဖစ္ပါတယ္။ ပစၥည္းမ်ားသိမ္းဆည္းတတ္တဲ့ အေလ့အက်င့္ကို ငယ္စဥ္ကတည္းက ေလ့က်င့္ၿပီးသားျဖစ္ေစပါတယ္။ အနည္းဆုံးကေလးတို႔ရဲ႕ ကစားစရာအ႐ုပ္မ်ား၊ ေရာင္စုံခဲတံနဲ႔ ပန္းခ်ီစာအုပ္ အစ႐ွိတဲ့ ကေလးအသုံးအေဆာင္ပစၥည္းမ်ားကို ထည့္သြင္းႏိုင္မယ့္ ဗီ႐ိုမ်ားကို ကေလးတို႔ရဲ႕ အရပ္နဲ႔ မီေအာင္ ျပင္ဆင္ေပးထားသင့္ပါတယ္။ အဲဒီအျပင္စာအုပ္စင္မ်ားကိုလည္း ထည့္သြင္းေပးထားရင္ စာဖတ္တတ္တဲ့ အေလ့အက်င့္ကိုလည္း ေမြးျမဴေပးႏိုင္ပါတယ္။ စာအုပ္စင္ကိုေတာ့ ကေလးအရပ္နဲ႔ လိုက္ေလ်ာညီေထြ႐ွိေစဖို႔ သတိျပဳရပါမယ္။ စာအုပ္စင္ေပၚမွာလည္း စာအုပ္အထူမ်ား၊ အေလးခ်ိန္႐ွိတဲ့ ပစၥည္းမ်ား မထားမိေစဖို႔ အထူးသတိျပဳရပါမယ္။

အေရာင္လွလွ တန္ဆာဆင္ပါ။

ကေလးရဲ႕ စိတ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးမႈအတြက္ အေရာင္မ်ားက အေထာက္အကူျဖစ္ေစတယ္လို႔ ဆရာဝန္မ်ားရဲ႕ ေလ့လာမႈမ်ားအရ သိရပါတယ္။ အျပာေရာင္၊ အစိမ္းေရာင္ႏုတို႔ကေတာ့ ကေလးမ်ားအတြက္ သင့္ေတာ္တဲ့ အခန္းအေရာင္မ်ားျဖစ္ပါတယ္။ အေရာင္စုံေလးမ်ားျခယ္သထားရင္လည္း ကေလးတို႔အတြက္ ဉာဏ္ရည္တိုးတက္မႈအတြက္ အေထာက္အကူျဖစ္ေစတယ္လို႔ ဆိုပါတယ္။ ေဆးေရာင္မ်ားကို လွပစြာျခယ္သထားျခင္းျဖင့္ ကေလးငယ္တို႔ရဲ႕ စိတ္ကို ႐ႊင္လန္းေစပါတယ္။

မွန္ကန္တဲ့ အလင္းေရာင္ကို ေပးစြမ္းပါ။

အခုေခတ္ကေလးေတာ္ေတာ္မ်ားမ်ားက ငယ္ငယ္ကတည္းက တီဗီၾကည့္၊ ဂိမ္းေဆာ့နဲ႔ အေတာ္ကို မ်က္စိပ်က္စီးၾကပါတယ္။ ဒါေၾကာင့္ ငယ္စဥ္ကတည္းက ကေလးရဲ႕ အိပ္ခန္းမွာ အဓိကအားျဖင့္ စာၾကည့္္ဖို႔၊ ပန္းခ်ီဆြဲဖို႔၊ ကြန္ပ်ဴတာသုံးဖို႔ လုံေလာက္ျပည့္စုံတဲ့ အလင္းေရာင္ရ႐ွိဖို႔လိုပါတယ္။ ဒါမွသာ အေဝးမႈန္ျခင္းနဲ႔ မ်က္ေစ့စုံခ်က္မညီျခင္း အစ႐ွိတဲ့ ေဝဒနာေတြကို ေက်ာ္လႊားႏိုင္မွာျဖစ္ပါတယ္။ ေန႔လည္ခင္းမွာ သဘာဝအလင္းေရာင္ကို ရ႐ွိေစႏိုင္ဖို႔ဖန္တီးေပးပါ။ သဘာဝေနေရာင္ျခည္ဟာ ကေလးငယ္တို႔အတြက္ ႏွာေစးျခင္းကို ကာကြယ္ေပးႏိုင္တဲ့ ဗီတာမင္စီဓာတ္ပါ၀င္ပါတယ္။ ဒါေပမယ့္လည္း ခရမ္းလြန္ေရာင္ျခည္ကို ကာကြယ္ဖို႔အတြက္ေတာ့ ျပန္လည္စဥ္းစားရင္း ခန္းဆီးလိုက္ကာမ်ားနဲ႔ ၀န္းရံေပးလိုက္ပါ။ ေနဝင္လို႔ ကေလးအမ်ားစု စာၾကည့္ခ်ိန္ကို ေရာက္လာတဲ့အခါ အလင္းေရာင္အျပည့္အဝေပးစြမ္းႏိုင္မယ့္ စာၾကည့္မီးအိမ္ (သို႔) မီးေခ်ာင္းကို တပ္ဆင္ေပးပါ။

ကေလးငယ္ကို သီးသန္႔အခန္းနဲ႔ ခြဲထုတ္ေပးလိုက္တဲ့အခါမွာ စိတ္ပိုင္းအေျပာင္းအလဲမ်ား၊ စိုးရိမ္ေၾကာက္လန္႔မႈမ်ား ႐ွိတတ္ပါတယ္။ အလင္းေရာင္က အဲ့ဒီစိုးရိမ္ေၾကာက္လန္႔မႈအတြက္ ခြန္အားတစ္ခုအသြင္ ေျခဖ်က္ေပးႏိုင္ပါတယ္။ သာမန္မီးအလင္းေရာင္က ညအိပ္တဲ့အခါမွာ မ်က္ေစ့ေၾကာင္ေနတတ္ပါတယ္။ ညအိပ္တဲ့အခါမွာ ညထြန္းမီးလုံးေလးကို တပ္ဆင္ေပးဖို႔ မေမ့ပါနဲ႔။ တစ္ေယာက္တည္းေနလို႔ ေနသားတက်ျဖစ္လာတဲ့အခါမွာေတာ့ အိပ္ခါနီးမွာ မီးလုံးေတြကို အလြယ္တကူပိတ္ႏိုင္ေအာင္ အိပ္ယာနဲ႔ လက္တစ္ကမ္းအလိုမွာ ညထြန္းမီးလုံးမ်ားထား႐ွိေပးပါ။


Credit: Myanmar Home & Decor

 

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)