1620 ကြိမ် ကြည့်ရှု့ ပြီး
ဖန်ပုလင်းခွံလေးတွေနဲ့ ချစ်စရာကောင်းအောင် အိမ်အလှဆင်ကြမယ်
[Unicode]
သင့်ဘီဒို၊ ရှိုးကစ်နဲ့ ကြောင်အိမ်အတွင်းထဲမှာ ထည့်သိမ်းဆည်း ထားတဲ့ ဖန်ပုလင်းအဟောင်းလေးတွေ၊ ပုလင်းခွံလေးတွေက တ ကယ်တော့ သင့်အိမ်ရဲ့ အလှကိုဖန်တီးပံ့ပိုးပေးနိုင်တဲ့ တန်ဖိုးရှိတဲ့ အရာလေးတွေပါ။ အိမ်အလှပြင်ဆင်ဖို့တဲ့ ဈေးကွက်ထဲက တန်ဖိုး ကြီးကြီးပေးရတဲ့ ပစ္စည်းတွေနဲ့ အလှဆင်မှ မဟုတ်ပါဘူး။
ဖန်ပုလင်းခွံလေးတွေနဲ့ ချစ်စရာကောင်းအောင် အိမ်အလှဆင်ကြမယ်
ကိုယ့် အိမ်တွင်းမှာရှိနေတဲ့ ပစ္စည်းလေးတွေ၊ အသုံးတည့်မယ့် အသုံးအ ဆောင်လေးတွေနဲ့ပဲ စိတ်ကူးကောင်းကောင်းပုံဖော်လိုက်မယ်ဆို ရင် ချစ်စရာကောင်းပြီး လှပစွဲဆောင်မှုရှိတဲ့ အိမ်အလှဆင်ပစ္စည်းလေး တွေဖြစ်လာမှာပါ။
ဖန်ပုလင်းခွံလေးတွေနဲ့ ချစ်စရာကောင်းအောင် အိမ်အလှဆင်ကြမယ်
အခုဖော်ပြမယ့် အိမ်အလှပြင်ဆင်ခြင်းမှာလည်း ဖန်ပုလင်းအဟောင်းလေးတွေ၊ ပုလင်းအခွံလေးတွေနဲ့ ပြင်ဆင်ရမယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။
ဖန်ပုလင်းခွံလေးတွေနဲ့ ချစ်စရာကောင်းအောင် အိမ်အလှဆင်ကြမယ်
၁။ ဖုန်နဲ့ အညစ်အကြေးတွေ၊ ဟောင်းနွမ်းနေတဲ့ ပုလင်းလေးတွေ ကို အရင်ဆုံးသန့်စင်ဆေးကြောပါ။ ပြီးမှ ပုလင်းအတွင်းမှာ ချစ်စရာ ကောင်းတဲ့ ဖန်စီပစ္စည်းလေးတွေ ထည့်ပါ။
ဖန်ပုလင်းခွံလေးတွေနဲ့ ချစ်စရာကောင်းအောင် အိမ်အလှဆင်ကြမယ်
ဥပမာ - သင့်ဆီမှာ ကမ်း ခြေကကောက်လာခဲ့တဲ့ ခရုခွံလေးတွေ၊ ရေမှော်အဖတ်ကလေးတွေ ရှိခဲ့မယ်ဆိုရင် သင့်ရဲ့ဖန်ပုလင်းလေးတွေ ပင်လယ်ကြမ်းပြင်တစ်ခု ပြုလုပ်လို့ရနိုင်ပါတယ်။
ဖန်ပုလင်းခွံလေးတွေနဲ့ ချစ်စရာကောင်းအောင် အိမ်အလှဆင်ကြမယ်
သဲဖြူမှုန့်လေးတွေထည့်မယ်။ အပေါ်က ခရု ခွံ၊ ကြယ်ငါး၊ ကျောက်စရစ်လှလှကလေးတွေ၊ ရေမှော်လေးတွေ ထည့်ပေးလိုက်မယ်ဆိုရင် တကယ့်ကိုချစ်စရာကောင်းတဲ့ ဖန်ပုလင်း လှလှလေးတစ်ခုဖြစ်သွားမှာပါ။ အိမ်ရဲ့ခုံပေါ်တို့၊ လူမြင်သာတဲ့ စင် လေးတွေပေါ်မှာ အလှတင်ထားနိုင်ပါတယ်။
၂။ အိမ်ရဲ့နံရံပေါ်တွေမှာ အလှချိတ်ထားစရာအဖြစ် ထားရှိလို့ရနိုင် ပါသေးတယ်။ သန့်ရှင်းစင်ကြယ်တဲ့ ပုလင်းကြည်ကြည်လေးတွေ သုံးလေးလုံးလောက် စုထားပါ။
ဖန်ပုလင်းခွံလေးတွေနဲ့ ချစ်စရာကောင်းအောင် အိမ်အလှဆင်ကြမယ်
နောက်ပြီး သူတို့ကို ဘောင်အလွတ် ကလေးတွေနဲ့ အတူတွဲပြီး နံရံပေါ်မှာ အလှချိတ်ထားနိုင်ပါတယ်။ အဲ့ဒီပုလင်းအကြည် အလွတ်လေးတွေထဲမှာလည်း ချစ်စရာကောင်း တဲ့ အလှဆင်ပန်းခတ်လေးတွေ၊ တခြားထူးထူးခြားခြားပစ္စည်းလေး တွေလည်း ထည့်ထားနိုင်ပါတယ်။
ဖန်ပုလင်းခွံလေးတွေနဲ့ ချစ်စရာကောင်းအောင် အိမ်အလှဆင်ကြမယ်
၃။ အရောင်လေးတွေရှိတဲ့ ဖန်ပုလင်းလေးတွေကလည်း တကယ့်ကို ချစ်စရာကောင်းပါတယ်။ သူတို့အရောင်ကလေးတွေအလိုက် ကိုယ့် စိတ်ကြိုက်ဖန်တီးပုံဖော်လို့ရပါတယ်။
ဖန်ပုလင်းခွံလေးတွေနဲ့ ချစ်စရာကောင်းအောင် အိမ်အလှဆင်ကြမယ်
ဖန်ပုလင်းခွံလေးတွေနဲ့ ချစ်စရာကောင်းအောင် အိမ်အလှဆင်ကြမယ်
နောက်ပြီးတော့ ကိုယ့်စိတ်ကြိုက်ဆေးရောင်လေးတွေ သုတ်ခြယ်ပြီး ပြုလုပ်နိုင်ပါတယ်။ အဲ့ဒီ စိတ်ကြိုက်အရောင်ခြယ်ထားတဲ့ ဖန်ပုလင်းလေးတွေက ချစ်စရာ ကောင်းတဲ့ ဓာတ်ပုံမှန်ဘောင်လေးတွေဖြစ်နိုင်သလို၊ အလှတင်ပန်း အိုးလေးတွေအဖြစ်လည်းထားရှိနိုင်ပါတယ်။
ဖန်ပုလင်းခွံလေးတွေနဲ့ ချစ်စရာကောင်းအောင် အိမ်အလှဆင်ကြမယ်
ဖန်ပုလင်းခွံလေးတွေနဲ့ ချစ်စရာကောင်းအောင် အိမ်အလှဆင်ကြမယ်
ဖန်ပုလင်းခွံလေးတွေနဲ့ ချစ်စရာကောင်းအောင် အိမ်အလှဆင်ကြမယ်
၄။ ထူးထူးခြားခြားဒီဇိုင်းလေးတွေ ပုံဖော်ပါ။ ပုလင်းလေးတွေရဲ့ အတွင်းပိုင်းနဲ့ အပြင်ပိုင်းတွေမှာ ထူးခြားတဲ့ ဒီဇိုင်းနဲ့ ဆေးရောင် လေးတွေ ခြယ်သတာတို့၊ ပုံလေးတွေရေးဆွဲတာတို့ ပြုလုပ်ပြီး ပြန်လည်အသုံးပြုလို့ရမယ့်နေရာလေးတွေမှာ အသုံးချပါ။
ဖန်ပုလင်းခွံလေးတွေနဲ့ ချစ်စရာကောင်းအောင် အိမ်အလှဆင်ကြမယ်
ဥပမာ - ခဲတံ၊ မှင်တံနဲ့အခြားထိုးစိုက်စရာလေးတွေ ဖြစ်အောင်ပေါ့။ နောက် ပြီးတော့ ဖန်ပုလင်းတွေကို ချစ်စရာကောင်းတဲ့ အလှဆင်တွဲလောင်း ချိတ်ဆွဲစရာအဖြစ် အလှဆင်နိုင်ပါတယ်။
ဖန်ပုလင်းခွံလေးတွေနဲ့ ချစ်စရာကောင်းအောင် အိမ်အလှဆင်ကြမယ်
ဖန်ပုလင်းခွံလေးတွေနဲ့ ချစ်စရာကောင်းအောင် အိမ်အလှဆင်ကြမယ်
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)