2897 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

လက်ရန်းနှင့်လှေကားထစ်များကိုအလှဆင်ရန်နည်းလမ်းကောင်းများ

[Unicode]

နေအိမ်ကိုပြုပြင်မွမ်းမံရာမှာ လှေကားထစ်တွေက အရေးကြီးတဲ့အပိုင်းကပါဝင်ပါတယ်။ အထူးသဖြင့်အထပ်များတဲ့အိမ်တွေမှာ လှေကားတွေက စဉ်းစားစရာတစ်ခုပါ။ လှေကားထစ်တွေကို ပြန်ဆောက်ဖို့ဒါမှမဟုတ် အချောကိုင်ဖို့ပိုက်ဆံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လှေကားတွေဆိုတာ လျစ်လျူရှုမထားသင့်တဲ့နေရာတွေပါ။ လှေကားတွေကိုအလှဆင်နိုင်မယ့်စိတ်ကူးလေးတွေကို ဖော်ပြပေး ချင်ပါတယ်။


၁။ အစားမထိုးပါနဲ့။ ပြန်အချောကိုင်ပါ။

လက်ရန်းနှင့်လှေကားထစ်များကိုအလှဆင်ရန်နည်းလမ်းကောင်းများ

လှေကားအဟောင်းကိုအလှဆင်ဖို့ ငွေကြေးအကုန်အကျအသက်သာဆုံးနည်းလမ်းက ပြန်အချောကိုင်ဖို့ပါ။ လှေကားထစ်တွေရဲ့ဒေါင်လိုက်အပိုင်းတွေကို အရောင်တစ်မျိုးတည်းလိုက်သုတ်ပြီး အလျားလိုက် အပိုင်းတွေကို ပြန်အချောကိုင်ခြင်းဖြင့်လှေကားကို အသွင်ပြောင်းလဲပစ်လို့ရပါတယ်။

လက်ရန်းနှင့်လှေကားထစ်များကိုအလှဆင်ရန်နည်းလမ်းကောင်းများ

လက်ရန်းတိုင်တွေကို ဆေးသုတ်ပြီး လက်ရန်းတွေကို ပြန်အချောကိုင်ဖို့မမေ့ပါနဲ့။ ပိုပြီးသမားရိုးကျ ပုံစံမျိုးဖြစ်နေပေမယ့် စတိုင်လ်ကျတဲ့ ကော်ဇောတစ်ခုခင်းပြီး ခေတ်မီတဲ့ အပြင်အဆင်ဖြစ်အောင် အလွယ်တူဖန်တီးလို့ရပါတယ်။

၂။ ချွေတာခြင်း

အသစ်ဖြစ်ဖြစ်၊ အဟောင်းဖြစ်ဖြစ် လှေကားကိုအလှဆင်ဖို့ကုန်ကျစရိတ်အသက်သာဆုံးနည်းလမ်းက ဒေါင်လိုက်မျက်နှာပြင်၊ အလျားလိုက်မျက်နှာပြင်နဲ့ လက်ရန်းတွေအပါအဝင် မျက်နှာပြင်အားလုံးကို ဆေးသုတ် လိုက်ဖို့ပါပဲ။ ပုံမှာပြထားတဲ့အတိုင်း အဖြူနဲ့ အမည်းလိုဆန့်ကျင်ဘက်အရောင်တွေသုတ်ရင် တစ်မျိုး တစ်ဖုံ လှပစေပါတယ်။

လက်ရန်းနှင့်လှေကားထစ်များကိုအလှဆင်ရန်နည်းလမ်းကောင်းများ

၃။ အပေါ်တစ်ထပ်လိုက်ခြင်း

နောက်ထပ်ကုန်ကျစရိတ်သက်သာစေတဲ့နည်းလမ်းတစ်ခုက လှေကားထစ်ရဲ့ဒေါင်လိုက်နဲ့ အလျား လိုက်အပိုင်းတွေကို အပေါ်ယံ တစ်လွှာထပ်လိုက်ပေးဖို့ပါပဲ။

လက်ရန်းနှင့်လှေကားထစ်များကိုအလှဆင်ရန်နည်းလမ်းကောင်းများ

လှေကားကို ဖြိုချဖို့၊ပြန်ဆောက်ဖို့ အကုန်အကျ ခံစရာမလိုဘဲ ရှိနေတဲ့လှေကားထစ်တွေပေါ်မှာပဲ တစ်လွှာ ထပ်အုပ်လို့ရပါတယ်။ ဒါကလည်း ရိုးရှင်းတဲ့ပုံစံကနေ ခေတ်မီတဲ့ပုံစံကို ပြောင်းလဲပစ်နိုင်မယ့်အခွင့်အရေးတစ်ခုပါ။

၄။ ပစ္စည်းပြဿနာ

လက်ရန်းနှင့်လှေကားထစ်များကိုအလှဆင်ရန်နည်းလမ်းကောင်းများ

ရိုးရိုးလှေကားဖြစ်ဖြစ်၊ ခေတ်မီလှေကားဖြစ်ဖြစ် အလှဆင်ဖို့နောက်ထပ်နည်းလမ်းတစ်ခုကတော့ လက်ရန်းတိုင်တွေ အတွက် အသုံးပြုထားတဲ့ပစ္စည်းတွေကို ပြောင်းလဲပစ်ခြင်းပါပဲ။ လက်ရန်းမှာ သံ သို့မဟုတ် သံမဏိ ပေါင်းထည့်ခြင်းက လှေကားပုံစံတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်ပါတယ်။

၅။ မှန်ထည့်ခြင်း

မှန်လက်ရန်းတွေကို လူတိုင်းကြိုက်နှစ်သက်ကြပေမယ့် လှေကားက ဘယ်ကိုဦးတည်နေလဲဆိုတာ ထည့်စဉ်းစားရပါမယ်။ အရင်ဆုံးမှန်လက်ရန်းမှာ လက်ဗွေရာတွေထင်တော့မှာဖြစ်တဲ့အတွက် သန့်ရှင်း သပ်ရပ်မှု ကိုနှစ်သက်သူဆိုရင် မှန်ကိုပုံမှန်သန့်ရှင်းရေး လုပ်ပေးဖို့လိုလာပါပြီ။

လက်ရန်းနှင့်လှေကားထစ်များကိုအလှဆင်ရန်နည်းလမ်းကောင်းများ

နောက်ပြီး မှန်လက်ရန်းရှိရုံနဲ့တင် မလုံလောက်ပါဘူး။ မှန်လက်ရန်းအပေါ်မှာ လက်ရန်းတစ်ခုထပ်ဖို့လိုအပ်ပါသေးတယ်။ ဒါကြောင့် ဘယ်လိုပုံစံလိုချင်တယ် ဆိုတဲ့အချက်အလက်တွေကို သေချာစဉ်းစားပါ။

၆။ အလျားလိုက်လက်ရန်း

ခေတ်ပေါ်လှေကားတွေအတွက် လူကြိုက်များတဲ့ပုံစံပါ။ ဒါပေမယ့်တချို့ဒေသတွေမှာ ဒီလိုလက်ရန်းမျိုးက ဆောက်လုပ်ရေး စည်းမျဉ်းတွေကိုဖောက်ဖျက်ရာရောက်တယ်လို့ ယူဆကြပါတယ်။

လက်ရန်းနှင့်လှေကားထစ်များကိုအလှဆင်ရန်နည်းလမ်းကောင်းများ

ဒီလှေကားလက်ရန်းကို ရွေးချယ်လိုက်ပြီဆိုရင် ကလေးတွေ တွယ်တက်နိုင်တာကြောင့် အန္တရာယ်ရှိနိုင်ပါတယ်။ ကလေး ငယ်ငယ်လေးတွေရှိရင် တခြားတစ်ခုကိုပဲရွေးချယ်ပါ။

၇။ ပိုမိုစိတ်ချရသောအလျားလိုက်လက်ရန်း

အလျားလိုက်လက်ရန်းက အန္တရာယ်ရှိတယ်ဆိုပေမယ့်ကြမ်းပြင်ကနေ မျက်နှာကြက်အထိ လက်ရန်း ဘေးမှာ သစ်သားချောင်း တွေနဲ့အပိတ်ကာရံလိုက်မယ်ဆိုရင် ဘယ်သူမှတွယ်တက်နိုင်တော့မှာမဟုတ်ပါဘူး။ဘေးကပ်လျက်အခန်းအတွက်လည်း လှပတဲ့နောက် ခံတစ်ခုကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။

လက်ရန်းနှင့်လှေကားထစ်များကိုအလှဆင်ရန်နည်းလမ်းကောင်းများ

၈။ ဒေါင်လိုက်အပိုင်းတွေကို အပွင့်ထားပါ

ဒီပုံစံက ငွေကြေးအကုန်အကျများပါတယ်။ အပွင့်ပုံစံလွင့်မျောနေတဲ့ဟန်နဲ့ လှေကားထစ်တွေမှာ ထောက်ပံ့ပေးဖို့သံမဏိကိုယ်ထည်ကောင်းကောင်းလိုအပ်ပါတယ်။ သံမဏိကဈေးကြီးပါတယ်။

လက်ရန်းနှင့်လှေကားထစ်များကိုအလှဆင်ရန်နည်းလမ်းကောင်းများ

လက်ဖက်ထောက် ကလေးငယ်လေးက ဧည့်ခန်းထဲမှာလျှောက်သွား နေတတ်တယ် ဆိုရင်အလျားလိုက် လှေကားနေရာ တစ်ခုချင်းစီကြားမှာ လေးလက်မထက်မကျော်ပါစေနဲ့။ ဒါဆို ကလေးကျွံမဝင်သွားနိုင်တော့ပါဘူး။

၉။ တီထွင်ဖန်တီးခြင်း

လှေကားလက်ရန်းတွေအတွက် စည်းမျဉ်းသတ်မှတ်ချက်တွေရှိတဲ့နေရာမှာနေထိုင်တယ်ဆိုရင် မူလလှေကားပုံစံရရှိဖို့ လိမ္မာပါးနပ်တဲ့နည်းတွေကို အသုံးပြုရပါမယ်။

လက်ရန်းနှင့်လှေကားထစ်များကိုအလှဆင်ရန်နည်းလမ်းကောင်းများ

ဒီနေရာမှာ ဒေါင်လိုက်လှေကားထစ်နေရာကို ကျဉ်းသွားစေဖို့ အလျားလိုက်လှေကားထစ်နေရာကို ထုထည်အရွယ်အစားကြီးမားအောင် လုပ်ဆောင် ထားပါတယ်။ ခပ်ကျဉ်းကျဉ်းနဲ့စိပ်တဲ့ပုံစံပေါက်အောင် လက်ရန်းတိုင်တွေကို သံမဏိအသုံးပြုထားပါတယ်။

 

၁၀။ စိတ်ကြိုက်ရွေးချယ်ပါ

သမားရိုးကျလက်ရန်းတစ်ခုကိုပဲ ဖက်တွယ်မထားရဘဲ ဆောက်လုပ်ရေးစည်းမျဉ်းတွေနဲ့လည်း ကိုက်ညီနိုင်တဲ့ နည်းလမ်းကောင်းတွေ ရှိပါတယ်။

လက်ရန်းနှင့်လှေကားထစ်များကိုအလှဆင်ရန်နည်းလမ်းကောင်းများ

စိတ်ကြိုက်ဒီဇိုင်းရွေးချယ်ထားတဲ့သံမဏိ သို့မဟုတ် သစ်သားလက်ရန်းတွေက ဘယ်လိုအိမ်မျိုးအတွက်မဆို စိတ်ဝင် စားဖွယ်ရာကောင်းအောင် ဖန်တီးပေးနိုင်ပါတယ်။

၁၁။ နံရံအပိတ်

လှေကားဘေးက ငြီးငွေ့စရာကောင်းတဲ့လက်ရန်းပုံစံနဲ့အဆောက်အအုံတွေအတွက် လက်ရန်းနံရံ အပိတ်ကိုအသုံးပြုခဲ့တဲ့အချိန်တွေလည်းရှိခဲ့ပါတယ်။

လက်ရန်းနှင့်လှေကားထစ်များကိုအလှဆင်ရန်နည်းလမ်းကောင်းများ

ဒီနေ့ခေတ်မှာဆိုရင် တခြားပစ္စည်းတွေနဲ့ရောနှောလို့မရတဲ့ ကြောင်လိမ်လှေကားတွေမှာ ဖဲပြားပုံစံတောင် ဖန်တီးလို့ရပါတယ်။

လက်ရန်းနှင့်လှေကားထစ်များကိုအလှဆင်ရန်နည်းလမ်းကောင်းများ

၁၂။ သိုလှောင်သိမ်းဆည်းခြင်း

ပစ္စည်းထည့်တဲ့နေရာက လက်ရန်းတွေ၊ လှေကားထစ်အလျားနေရာ၊ ဒေါင်လိုက်နေရာတွေနဲ့ မဆိုင်ပေမယ့်လှေကားထစ်တွေ အကြောင်းပြောရင် ထည့်မပြောရမနေနိုင်ပါဘူး။

လက်ရန်းနှင့်လှေကားထစ်များကိုအလှဆင်ရန်နည်းလမ်းကောင်းများလွင့်မျောနေတဲ့ပုံစံနဲ့ လှေကားဆိုရင်တောင် လှေကားဒီဇိုင်းနဲ့ ပတ်သက်လို့ တီထွင်ဆန်း သစ်မှုရှိတယ်ဆိုရင် လှေကားအောက်က ပစ္စည်းထည့်ဖို့နေရာရှိတယ်ဆိုတာမမေ့သင့်ပါဘူး။

၁၃။ ပျော်ရွှင်စရာလေးတွေလုပ်ပါ

လက်ရန်းနှင့်လှေကားထစ်များကိုအလှဆင်ရန်နည်းလမ်းကောင်းများ

စိတ်ဝင်စားစရာအကောင်းဆုံးလှေကားတွေက အနုပညာလက်ရာတွေပေါင်းစပ်ပါဝင်ဖွဲ့စည်းထားတဲ့ လှေကားတွေပါ။ အတွန့်အလိမ်လှေကားဖြစ်ဖြစ်၊ စိတ်ကူးဉာဏ်ကွန့်မြူးထားတဲ့လှေကား ဒါမှမဟုတ် သမားရိုးကျလှေကားပဲဖြစ်ဖြစ် လှေကားကိုထူးထူးခြားခြား အလှဆင်ဖို့ ကြောက်ရွံ့မနေပါနဲ့။


Credit: mm Home Decor

 

[Zawgyi]

လက္ရန္းႏွင့္ေလွကားထစ္မ်ားကိုအလွဆင္ရန္နည္းလမ္းေကာင္းမ်ား

ေနအိမ္ကိုျပဳျပင္မြမ္းမံရာမွာ ေလွကားထစ္ေတြက အေရးႀကီးတဲ့အပိုင္းကပါဝင္ပါတယ္။ အထူးသျဖင့္အထပ္မ်ားတဲ့အိမ္ေတြမွာ ေလွကားေတြက စဥ္းစားစရာတစ္ခုပါ။ ေလွကားထစ္ေတြကို ျပန္ေဆာက္ဖို႔ဒါမွမဟုတ္ အေခ်ာကိုင္ဖို႔ပိုက္ဆံ႐ွိသည္ျဖစ္ေစ၊ မ႐ွိသည္ျဖစ္ေစ ေလွကားေတြဆိုတာ လ်စ္လ်ဴ႐ႈမထားသင့္တဲ့ေနရာေတြပါ။ ေလွကားေတြကိုအလွဆင္ႏိုင္မယ့္စိတ္ကူးေလးေတြကို ေဖာ္ျပေပး ခ်င္ပါတယ္။


၁။ အစားမထိုးပါနဲ႔။ ျပန္အေခ်ာကိုင္ပါ။

ေလွကားအေဟာင္းကိုအလွဆင္ဖို႔ ေငြေၾကးအကုန္အက်အသက္သာဆုံးနည္းလမ္းက ျပန္အေခ်ာကိုင္ဖို႔ပါ။ ေလွကားထစ္ေတြရဲ႕ေဒါင္လိုက္အပိုင္းေတြကို အေရာင္တစ္မ်ိဳးတည္းလိုက္သုတ္ၿပီး အလ်ားလိုက္ အပိုင္းေတြကို ျပန္အေခ်ာကိုင္ျခင္းျဖင့္ေလွကားကို အသြင္ေျပာင္းလဲပစ္လို႔ရပါတယ္။ လက္ရန္းတိုင္ေတြကို ေဆးသုတ္ၿပီး လက္ရန္းေတြကို ျပန္အေခ်ာကိုင္ဖို႔မေမ့ပါနဲ႔။ ပိုၿပီးသမား႐ိုးက် ပုံစံမ်ိဳးျဖစ္ေနေပမယ့္ စတိုင္လ္က်တဲ့ ေကာ္ေဇာတစ္ခုခင္းၿပီး ေခတ္မီတဲ့ အျပင္အဆင္ျဖစ္ေအာင္ အလြယ္တူဖန္တီးလို႔ရပါတယ္။

၂။ ေခြၽတာျခင္း

အသစ္ျဖစ္ျဖစ္၊ အေဟာင္းျဖစ္ျဖစ္ ေလွကားကိုအလွဆင္ဖို႔ကုန္က်စရိတ္အသက္သာဆုံးနည္းလမ္းက ေဒါင္လိုက္မ်က္ႏွာျပင္၊ အလ်ားလိုက္မ်က္ႏွာျပင္နဲ႔ လက္ရန္းေတြအပါအဝင္ မ်က္ႏွာျပင္အားလုံးကို ေဆးသုတ္ လိုက္ဖို႔ပါပဲ။ ပုံမွာျပထားတဲ့အတိုင္း အျဖဴနဲ႔ အမည္းလိုဆန္႔က်င္ဘက္အေရာင္ေတြသုတ္ရင္ တစ္မ်ိဳး တစ္ဖုံ လွပေစပါတယ္။

၃။ အေပၚတစ္ထပ္လိုက္ျခင္း

ေနာက္ထပ္ကုန္က်စရိတ္သက္သာေစတဲ့နည္းလမ္းတစ္ခုက ေလွကားထစ္ရဲ႕ေဒါင္လိုက္နဲ႔ အလ်ား လိုက္အပိုင္းေတြကို အေပၚယံ တစ္လႊာထပ္လိုက္ေပးဖို႔ပါပဲ။ ေလွကားကို ၿဖိဳခ်ဖို႔၊ျပန္ေဆာက္ဖို႔ အကုန္အက် ခံစရာမလိုဘဲ ႐ွိေနတဲ့ေလွကားထစ္ေတြေပၚမွာပဲ တစ္လႊာ ထပ္အုပ္လို႔ရပါတယ္။ ဒါကလည္း ႐ိုး႐ွင္းတဲ့ပုံစံကေန ေခတ္မီတဲ့ပုံစံကို ေျပာင္းလဲပစ္ႏိုင္မယ့္အခြင့္အေရးတစ္ခုပါ။

၄။ ပစၥည္းျပႆနာ

႐ိုး႐ိုးေလွကားျဖစ္ျဖစ္၊ ေခတ္မီေလွကားျဖစ္ျဖစ္ အလွဆင္ဖို႔ေနာက္ထပ္နည္းလမ္းတစ္ခုကေတာ့ လက္ရန္းတိုင္ေတြ အတြက္ အသုံးျပဳထားတဲ့ပစၥည္းေတြကို ေျပာင္းလဲပစ္ျခင္းပါပဲ။ လက္ရန္းမွာ သံ သို႔မဟုတ္ သံမဏိ ေပါင္းထည့္ျခင္းက ေလွကားပုံစံတစ္ခုလုံးကို ေျပာင္းလဲသြားေစႏိုင္ပါတယ္။

၅။ မွန္ထည့္ျခင္း

မွန္လက္ရန္းေတြကို လူတိုင္းႀကိဳက္ႏွစ္သက္ၾကေပမယ့္ ေလွကားက ဘယ္ကိုဦးတည္ေနလဲဆိုတာ ထည့္စဥ္းစားရပါမယ္။ အရင္ဆုံးမွန္လက္ရန္းမွာ လက္ေဗြရာေတြထင္ေတာ့မွာျဖစ္တဲ့အတြက္ သန္႔႐ွင္း သပ္ရပ္မႈ ကိုႏွစ္သက္သူဆိုရင္ မွန္ကိုပုံမွန္သန္႔႐ွင္းေရး လုပ္ေပးဖို႔လိုလာပါၿပီ။ ေနာက္ၿပီး မွန္လက္ရန္း႐ွိ႐ုံနဲ႔တင္ မလုံေလာက္ပါဘူး။ မွန္လက္ရန္းအေပၚမွာ လက္ရန္းတစ္ခုထပ္ဖို႔လိုအပ္ပါေသးတယ္။ ဒါေၾကာင့္ ဘယ္လိုပုံစံလိုခ်င္တယ္ ဆိုတဲ့အခ်က္အလက္ေတြကို ေသခ်ာစဥ္းစားပါ။

၆။ အလ်ားလိုက္လက္ရန္း

ေခတ္ေပၚေလွကားေတြအတြက္ လူႀကိဳက္မ်ားတဲ့ပုံစံပါ။ ဒါေပမယ့္တခ်ိဳ႕ေဒသေတြမွာ ဒီလိုလက္ရန္းမ်ိဳးက ေဆာက္လုပ္ေရး စည္းမ်ဥ္းေတြကိုေဖာက္ဖ်က္ရာေရာက္တယ္လို႔ ယူဆၾကပါတယ္။ ဒီေလွကားလက္ရန္းကို ေ႐ြးခ်ယ္လိုက္ၿပီဆိုရင္ ကေလးေတြ တြယ္တက္ႏိုင္တာေၾကာင့္ အႏၲရာယ္႐ွိႏိုင္ပါတယ္။ ကေလး ငယ္ငယ္ေလးေတြ႐ွိရင္ တျခားတစ္ခုကိုပဲေ႐ြးခ်ယ္ပါ။

၇။ ပိုမိုစိတ္ခ်ရေသာအလ်ားလိုက္လက္ရန္း

အလ်ားလိုက္လက္ရန္းက အႏၲရာယ္႐ွိတယ္ဆိုေပမယ့္ၾကမ္းျပင္ကေန မ်က္ႏွာၾကက္အထိ လက္ရန္း ေဘးမွာ သစ္သားေခ်ာင္း ေတြနဲ႔အပိတ္ကာရံလိုက္မယ္ဆိုရင္ ဘယ္သူမွတြယ္တက္ႏိုင္ေတာ့မွာမဟုတ္ပါဘူး။ ေဘးကပ္လ်က္အခန္းအတြက္လည္း လွပတဲ့ေနာက္ ခံတစ္ခုကို ဖန္တီးေပးႏိုင္ပါလိမ့္မယ္။

၈။ ေဒါင္လိုက္အပိုင္းေတြကို အပြင့္ထားပါ

ဒီပုံစံက ေငြေၾကးအကုန္အက်မ်ားပါတယ္။ အပြင့္ပုံစံလြင့္ေမ်ာေနတဲ့ဟန္နဲ႔ ေလွကားထစ္ေတြမွာ ေထာက္ပံ့ေပးဖို႔သံမဏိကိုယ္ထည္ေကာင္းေကာင္းလိုအပ္ပါတယ္။ သံမဏိကေဈးႀကီးပါတယ္။ လက္ဖက္ေထာက္ ကေလးငယ္ေလးက ဧည့္ခန္းထဲမွာေလွ်ာက္သြား ေနတတ္တယ္ ဆိုရင္အလ်ားလိုက္ ေလွကားေနရာ တစ္ခုခ်င္းစီၾကားမွာ ေလးလက္မထက္မေက်ာ္ပါေစနဲ႔။ ဒါဆို ကေလးကြၽံမဝင္သြားႏိုင္ေတာ့ပါဘူး။

၉။ တီထြင္ဖန္တီးျခင္း


ေလွကားလက္ရန္းေတြအတြက္ စည္းမ်ဥ္းသတ္မွတ္ခ်က္ေတြ႐ွိတဲ့ေနရာမွာေနထိုင္တယ္ဆိုရင္ မူလေလွကားပုံစံရ႐ွိဖို႔ လိမၼာပါးနပ္တဲ့နည္းေတြကို အသုံးျပဳရပါမယ္။ ဒီေနရာမွာ ေဒါင္လိုက္ေလွကားထစ္ေနရာကို က်ဥ္းသြားေစဖို႔ အလ်ားလိုက္ေလွကားထစ္ေနရာကို ထုထည္အ႐ြယ္အစားႀကီးမားေအာင္ လုပ္ေဆာင္ ထားပါတယ္။ ခပ္က်ဥ္းက်ဥ္းနဲ႔စိပ္တဲ့ပုံစံေပါက္ေအာင္ လက္ရန္းတိုင္ေတြကို သံမဏိအသုံးျပဳထားပါတယ္။

၁၀။ စိတ္ႀကိဳက္ေ႐ြးခ်ယ္ပါ

သမား႐ိုးက်လက္ရန္းတစ္ခုကိုပဲ ဖက္တြယ္မထားရဘဲ ေဆာက္လုပ္ေရးစည္းမ်ဥ္းေတြနဲ႔လည္း ကိုက္ညီႏိုင္တဲ့ နည္းလမ္းေကာင္းေတြ ႐ွိပါတယ္။ စိတ္ႀကိဳက္ဒီဇိုင္းေ႐ြးခ်ယ္ထားတဲ့သံမဏိ သို႔မဟုတ္ သစ္သားလက္ရန္းေတြက ဘယ္လိုအိမ္မ်ိဳးအတြက္မဆို စိတ္ဝင္ စားဖြယ္ရာေကာင္းေအာင္ ဖန္တီးေပးႏိုင္ပါတယ္။

၁၁။ နံရံအပိတ္

ေလွကားေဘးက ၿငီးေငြ႕စရာေကာင္းတဲ့လက္ရန္းပုံစံနဲ႔အေဆာက္အအုံေတြအတြက္ လက္ရန္းနံရံ အပိတ္ကိုအသုံးျပဳခဲ့တဲ့အခ်ိန္ေတြလည္း႐ွိခဲ့ပါတယ္။ ဒီေန႔ေခတ္မွာဆိုရင္ တျခားပစၥည္းေတြနဲ႔ေရာေႏွာလို႔မရတဲ့ ေၾကာင္လိမ္ေလွကားေတြမွာ ဖဲျပားပုံစံေတာင္ ဖန္တီးလို႔ရပါတယ္။

၁၂။ သိုေလွာင္သိမ္းဆည္းျခင္း

ပစၥည္းထည့္တဲ့ေနရာက လက္ရန္းေတြ၊ ေလွကားထစ္အလ်ားေနရာ၊ ေဒါင္လိုက္ေနရာေတြနဲ႔ မဆိုင္ေပမယ့္ေလွကားထစ္ေတြ အေၾကာင္းေျပာရင္ ထည့္မေျပာရမေနႏိုင္ပါဘူး။ လြင့္ေမ်ာေနတဲ့ပုံစံနဲ႔ ေလွကားဆိုရင္ေတာင္ ေလွကားဒီဇိုင္းနဲ႔ ပတ္သက္လို႔ တီထြင္ဆန္း သစ္မႈ႐ွိတယ္ဆိုရင္ ေလွကားေအာက္က ပစၥည္းထည့္ဖို႔ေနရာ႐ွိတယ္ဆိုတာမေမ့သင့္ပါဘူး။

၁၃။ ေပ်ာ္႐ႊင္စရာေလးေတြလုပ္ပါ

စိတ္ဝင္စားစရာအေကာင္းဆုံးေလွကားေတြက အႏုပညာလက္ရာေတြေပါင္းစပ္ပါဝင္ဖြဲ႕စည္းထားတဲ့ ေလွကားေတြပါ။ အတြန္႔အလိမ္ေလွကားျဖစ္ျဖစ္၊ စိတ္ကူးဉာဏ္ကြန္႔ျမဴးထားတဲ့ေလွကား ဒါမွမဟုတ္ သမား႐ိုးက်ေလွကားပဲျဖစ္ျဖစ္ ေလွကားကိုထူးထူးျခားျခား အလွဆင္ဖို႔ ေၾကာက္႐ြံ႕မေနပါနဲ႔။


Credit: mm Home Decor

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)