2479 ကြိမ် ကြည့်ရှု့ ပြီး
အိမ်နောက်ဖေးဘက်က အေးအေးချမ်းချမ်းနားနေလို့ရမယ့် နေရာအပြင်အဆင်
[Unicode]
အိမ်ပိုင်ရှင်တွေအများစုက သူတို့အိမ်တွေရဲ့ အိမ်ရှေ့လူမြင်သာမယ့် နေရာတွေကိုလောက်ပဲ အလှဆင်ပြင်ဆင်တတ်ကြပါတယ်။ စိမ်း လန်းပြီး အပွင့်ရောင်စုံဖူးပွင့်နေတဲ့ ပန်းပင်လေးတွေ၊ မြက်ခင်းစိမ်းစို စိုလေးတွေ၊ ရေပန်းဥယျာဉ်လေးတွေ၊ ခုံတန်းလျားလေးတွေ စသ ဖြင့် အလှပြင်ဆင်တည်ဆောက်ထားကြပါတယ်။ ဒီလိုအိမ်ရဲ့ ခြံဝင်း နေရာလေးကို အိမ်နောက်ဖေးဘက်မှာလည်း အလှဆင်လို့ရနိုင်ပါ သေးတယ်။
အိမ်နောက်ဖေးဘက်က အေးအေးချမ်းချမ်းနားနေလို့ရမယ့် နေရာအပြင်အဆင်
တချို့သောနေအိမ်တွေမှာဆိုရင် အိမ်နောက်ဖေးဘက် ခြံကျယ်နေ ရာလွတ်တွေကို အိမ်ရှေ့ထက်ပိုပြီးကျယ်ကျယ်ဝန်းဝန်းထားကြပါ သေးတယ်။ ဥယျာဉ်ခြံမျိုးလေးမဟုတ်ပဲ သစ်သားတွေကိုအသုံးပြု ကာ အေးအေးချမ်းချမ်းလေး နားနေလို့ရမယ့် အဆောင်လေးသဖွယ် ပြုလုပ်ပြီး အလှဆင်လို့ရတဲ့နည်းလမ်းလေးတွေဖော်ပြချင်ပါတယ်။
အိမ်နောက်ဖေးဘက်က အေးအေးချမ်းချမ်းနားနေလို့ရမယ့် နေရာအပြင်အဆင်
အိမ်နောက်ဖေးဘက်ကနေ အိမ်နဲ့တွဲရက်ဆောက်လုပ်ထားတဲ့ နေရာလေးက တကယ့်ကိုနားနေထိုင်ချင်စရာနေရာလေးပါပဲ။ သစ် သားနဲ့လုပ်ထားတဲ့ အတက်အဆင်းလှေကား၊ ခုံတန်းလျားလေးတွေ ရဲ့ ဒီဇိုင်းတည်ဆောက်ပုံက ဆန်းပြားပြီး ချစ်စရာကောင်းပါတယ်။
အိမ်နောက်ဖေးဘက်က အေးအေးချမ်းချမ်းနားနေလို့ရမယ့် နေရာအပြင်အဆင်
အနားယူ အပန်းဖြေဖို့တည်ဆောက်ထားတဲ့ ဒီနေရာလေးတစ်ခုလုံး ကို သစ်သားတွေနဲ့ချည်းပြုလုပ်ထားတာကြောင့် ကုန်ကျစရိတ် လည်း သက်သာပြီးဆောက်လုပ်ရတာလည်း လွယ်ကူနိုင်မှာပါ။
အိမ်နောက်ဖေးဘက်က အေးအေးချမ်းချမ်းနားနေလို့ရမယ့် နေရာအပြင်အဆင်
အိမ်နောက်ဖေးဘက်က သစ်တောလေးထဲ ကိုယ်ပိုင်ကမာ္ဘလေး တည်ဆောက်ထားသလို ဖြစ်နေတဲ့ နောက်ဖေးဘက်အဆောင် လေးကတော့ တကယ့်ကိုထူးခြားပါတယ်။ စိမ်းစိမ်းစိုစို သစ်တော အုပ်ကလေးထဲ အဆောင်လေးထုတ်ပြီး လူနေထိုင်လို့ရနိုင်တဲ့ နေရာ လေး တည်ဆောက်ထားခြင်းပဲ ဖြစ်ပါတယ်။ အတက်အဆင်းလှေ ကားထစ်လေးတွေပါမယ်။
အိမ်နောက်ဖေးဘက်က အေးအေးချမ်းချမ်းနားနေလို့ရမယ့် နေရာအပြင်အဆင်
နောက် ကော်ဖီဆက်တီခုံတစ်ဝိုင်းစာ၊ ထောင့်ချိုးဝရန်တာလိုနေရာလေးတွေမှာ ထိုင်ခုံလေးတွေ၊ ပန်းပင် လေးတွေ၊ စသဖြင့်ပြင်ဆင်ပြီး အိမ်နောက်ဖေးဘက် ကမာ္ဘငယ်လေးတည်ဆောက်လို့ရနိုင်ပါတယ်။
အိမ်နောက်ဖေးဘက်က အေးအေးချမ်းချမ်းနားနေလို့ရမယ့် နေရာအပြင်အဆင်
အိမ်နောက်ဖေးဘက် မြက်ခင်းပြင်စိမ်းလေးကလည်း အေးအေး ဆေးဆေးနားနေလို့ရနိုင်မယ့် နေရာလေးတစ်ခုအဖြစ် တည် ဆောက်လို့ရနိုင်ပါတယ်။ ဘာအဆောင်အယောင်တွေမှ မဟုတ်ပဲ အကာအရံနဲ့ ကာရံထားတဲ့ ကြမ်းခင်းပြင်သီးသန့် တည်ဆောက် ထားတဲ့ နေရာလေးမှာ ထိုင်စရာခုံလေးတွေ၊ ကော်ဖီဆက်တီခုံလေး တွေ ထည့်သွင်းတည်ဆောက်ပေးလိုက်မယ်ဆိုရင်လည်း အိမ် နောက်ဖေးဘက်မျာ စိတ်အေးလက်အေးအနားယူလို့ ရနိုင်သွားပြီ ပဲ ဖြစ်ပါတယ်။
အိမ်နောက်ဖေးဘက်က အေးအေးချမ်းချမ်းနားနေလို့ရမယ့် နေရာအပြင်အဆင်
အိမ်နောက်ဖေးဘက်က အေးအေးချမ်းချမ်းနားနေလို့ရမယ့် နေရာအပြင်အဆင်
အိမ်နောက်ဖေးဘက်က အေးအေးချမ်းချမ်းနားနေလို့ရမယ့် နေရာအပြင်အဆင်
အိမ်နောက်ဖေးဘက်က အေးအေးချမ်းချမ်းနားနေလို့ရမယ့် နေရာအပြင်အဆင်
အိမ်နောက်ဖေးဘက်က အေးအေးချမ်းချမ်းနားနေလို့ရမယ့် နေရာအပြင်အဆင်
အိမ်နောက်ဖေးဘက်က အေးအေးချမ်းချမ်းနားနေလို့ရမယ့် နေရာအပြင်အဆင်
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက် ကော်ဖီဆက်တီခုံတစ်ဝိုင်းစာ၊ ထောင့်ချိုးဝရန်တာလိုနေရာလေးတွေမှာ ထိုင်ခုံလေးတွေ၊ ပန်းပင် လေးတွေ၊ စသဖြင့်ပြင်ဆင်ပြီး အိမ်နောက်ဖေးဘက် ကမ္ဘာငယ်လေးတည်ဆောက်လို့ရနိုင်ပါတယ်။
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)