1269 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

သားသားမီးမီးတွေအတွက် ချစ်စဖွယ်အိပ်ခန်း အပြင်အဆင်

[Unicode]


မိသားစုတစ်ခု၊ နေအိမ်တစ်လုံး သာယာပျော်ရွှင်နိုင်ဖို့ဆိုတာလည်း မိဘတွေရဲ့ရတနာ သားသားမီးမီးလေးတွေလိုအပ်ပါတယ်။ ကလေးတွေရှိတဲ့ နေအိမ်တိုင်းမှာဆိုရင် တီတီတာတာနဲ့ ချစ်စရာအသံလေး တွေ ချစ်စရာအပြုအမူလေးတွေကြောင့် နေအိမ်လေးကသာယာ ပျော်ရွှင်လာကြတာပါပဲ။ ဒီလိုမျိုးချစ်စရာကောင်းတဲ့သားသားမီးမီးလေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်ကစားကြဖို့ သင်တို့ရဲ့အိမ်ကလေးကိုလည်း လုံလုံခြုံခြုံနဲ့နေချင်စဖွယ်ဖြစ်အောင် ဖန်တီးပေးဖို့လိုအပ်ပါသေးတယ်။ဒီတော့ သင့်တို့ရဲ့ရင်သွေးငယ်လေးတွေရဲ့ နေချင်စရာအိပ်ခန်းလေးတွေကို ဘယ်လိုဖန်တီးပေးရမလဲဆိုတာ လေ့လာကြည့်လိုက်ကြရအောင်…

၁။ ကလေးတစ်ယောက်တည်းမဟုတ်ပဲ ဘုစုကရုလေးတွေ အများကြီးရှိတဲ့နေအိမ်မှာဆိုရင်တော့ သူတိုရဲ့အိပ်ခန်းမှာအပေါ်ထပ် အောက်ထပ်နှစ်ထပ်ကုတင်၊ အဆင့်လေးတွေနဲ့တက်ရတဲ့ ကုတင် လေးတွေကို တည်ဆောက်ပေးလိုက်ပါ။ ကလေးတို့သဘာဝတက်ရ၊ ဆင်းရဆော့ကစားတတ်ကြတာမို့ ဒီလို ကုတင်မျိုးလေးတွေကို နှစ်သက်သဘောကျမှာပါ။ အခန်းထဲ သီးသန့်ကြီးဆောက်တာမျိုး မဟုတ်ပဲ နံရံမှာကပ်ပြီးဆောက်လိုက်တာက အခန်းထဲဆော့ကစားဖို့ နေရာလွတ်ပိုရသွားမှာပါ။

သားသားမီးမီးတွေအတွက် ချစ်စဖွယ်အိပ်ခန်း အပြင်အဆင်၂။ ကစားကွင်းနဲ့ ကလေးငယ်တို့ရဲ့အိပ်ခန်းကို တစ်ခန်းတည်းဖွဲ့ လိုက်ပါ။ သူတို့လေးတွေ ဆော့ကစားချင်တိုင်း ကစားလို့ရတဲ့ နေရာမို့လို့ ဒီနေရာကို သူတို့သဘောကျနှစ်သက်ကြမှာပါ။ ကစားစရာ အများကြီး စုပြုံနေတာမျိုးမဟုတ်ပဲ သူ့နေရာနဲ့ သူသပ်သပ်ရပ်ရပ် သိမ်းဆည်းလို့ရတဲ့ နေရာဖန်တီးပေးရမှာပါ။ကစားတွေနဲ့ဆော့ ကစားလို့ပြီးပြီဆိုတာနဲ့ အိပ်ဖို့အရေးကို ခက်ခက်ခဲခဲတိုက်တွန်း ထိန်းကျောင်းပေးစရာ မလိုလောက်အောင် မောမောနဲ့ပဲ အိပ်ယာထက်မှာ အိပ်ပျော်သွားစေမှာဖြစ်ပါတယ်။

သားသားမီးမီးတွေအတွက် ချစ်စဖွယ်အိပ်ခန်း အပြင်အဆင်

သားသားမီးမီးတွေအတွက် ချစ်စဖွယ်အိပ်ခန်း အပြင်အဆင်

၃။ အလင်းရောင်ကောင်းကောင်းနဲ့ လေကောင်းလေသန့်ရဖို့အတွက် ပြတင်းတံခါးပေါက်ကျယ်ကျယ်တွေကို ကလေးငယ်တွေ ရဲ့ အိပ်ခန်းတွေမှာ ထည့်သွင်းထားပါ။ အပြင်ဘက်ကသဘာဝကျတဲ့ ရှုခင်းတွေနဲ့ လတ်ဆတ်တဲ့ခံစားမှုတွေ ခံစားနိုင်တာကြောင့် အိပ်စက်အနားယူဖို့ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။

သားသားမီးမီးတွေအတွက် ချစ်စဖွယ်အိပ်ခန်း အပြင်အဆင်

သားသားမီးမီးတွေအတွက် ချစ်စဖွယ်အိပ်ခန်း အပြင်အဆင်

၄။ သပ်ရပ်တဲ့ ကုတင်နဲ့ အိပ်ခန်းအပြင်အဆင်ကို တည်ဆောက်လိုက်ပါ။ ကလေးငယ်လေးတွေစိတ်ဝင်စားတတ်တဲ့ အရုပ်ကလေးတွေ၊ အရောင်ကလေးတွေ၊ စာအုပ်စင်ကလေးတွေကို အိပ်ခန်းထဲ မှာ ထည့်သွင်းထားတာက သူတို့ကိုပိုပြီး စွဲဆောင်စေနိုင်မှာပါ။ ကုတင်လေးတွေကိုလည်း သူတို့စိတ်ဝင်စားတဲ့ ဒီဇိုင်းလေးတွေ၊ အရောင်စပ်ကလေးတွေ၊ အရုပ်ခေါင်းအုံးကလေးတွေ၊ စောင်ကလေး တွေနဲ့အပြင် အခြားလိုအပ်မယ့် အခန်းတွင်းပစ္စည်းလေးတွေကို ထည့်သွင်းပေးလိုက်ပါ။

သားသားမီးမီးတွေအတွက် ချစ်စဖွယ်အိပ်ခန်း အပြင်အဆင်

သားသားမီးမီးတွေအတွက် ချစ်စဖွယ်အိပ်ခန်း အပြင်အဆင်


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 


[Zawgyi]

သားသားမီးမီးေတြအတြက္ ခ်စ္စဖြယ္အိပ္ခန္း အျပင္အဆင္


မိသားစုတစ္ခု၊ ေနအိမ္တစ္လံုး သာယာေပ်ာ္ရႊင္ႏုိင္ဖုိ႔ဆုိတာလည္း မိဘေတြရဲ႕ရတနာ သားသားမီးမီးေလးေတြလုိအပ္ပါတယ္။ ကေလးေတြရွိတဲ့ ေနအိမ္တုိင္းမွာဆုိရင္ တီတီတာတာနဲ႔ ခ်စ္စရာအသံေလး ေတြ ခ်စ္စရာအျပဳအမူေလးေတြေၾကာင့္ ေနအိမ္ေလးကသာယာ ေပ်ာ္ရႊင္လာၾကတာပါပဲ။ ဒီလုိမ်ိဳးခ်စ္စရာေကာင္းတဲ့သားသားမီးမီးေလးေတြ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ေနထုိင္ကစားၾကဖုိ႕ သင္တုိ႔ရဲ႕အိမ္ကေလးကုိလည္း လံုလံုၿခံဳၿခံဳနဲ႕ေနခ်င္စဖြယ္ျဖစ္ေအာင္ ဖန္တီးေပးဖုိ႔လုိအပ္ပါေသးတယ္။ဒီေတာ့ သင့္တုိ႕ရဲ႕ရင္ေသြးငယ္ေလးေတြရဲ႕ ေနခ်င္စရာအိပ္ခန္းေလးေတြကုိ ဘယ္လုိဖန္တီးေပးရမလဲဆုိတာ ေလ့လာၾကည့္လုိက္ၾကရေအာင္…

၁။ ကေလးတစ္ေယာက္တည္းမဟုတ္ပဲ ဘုစုကရုေလးေတြ အမ်ားၾကီးရွိတဲ့ေနအိမ္မွာဆုိရင္ေတာ့ သူတိုရဲ႕အိပ္ခန္းမွာအေပၚထပ္ ေအာက္ထပ္ႏွစ္ထပ္ကုတင္၊ အဆင့္ေလးေတြနဲ႔တက္ရတဲ့ ကုတင္ ေလးေတြကုိ တည္ေဆာက္ေပးလုိက္ပါ။ ကေလးတုိ႕သဘာဝတက္ရ၊ ဆင္းရေဆာ့ကစားတတ္ၾကတာမုိ႕ ဒီလုိ ကုတင္မ်ိဳးေလးေတြကုိ ႏွစ္သက္သေဘာက်မွာပါ။ အခန္းထဲ သီးသန္႔ႀကီးေဆာက္တာမ်ိဳး မဟုတ္ပဲ နံရံမွာကပ္ၿပီးေဆာက္လုိက္တာက အခန္းထဲေဆာ့ကစားဖုိ႕ ေနရာလြတ္ပုိရသြားမွာပါ။

၂။ ကစားကြင္းနဲ႔ ကေလးငယ္တုိ႔ရဲ႕အိပ္ခန္းကုိ တစ္ခန္းတည္းဖြဲ႔ လုိက္ပါ။ သူတုိ႔ေလးေတြ ေဆာ့ကစားခ်င္တုိင္း ကစားလုိ႔ရတဲ့ ေနရာမုိ႕လုိ႔ ဒီေနရာကုိ သူတို႔သေဘာက်ႏွစ္သက္ၾကမွာပါ။ ကစားစရာ အမ်ားႀကီး စုၿပံဳေနတာမ်ိဳးမဟုတ္ပဲ သူ႕ေနရာနဲ႔ သူသပ္သပ္ရပ္ရပ္ သိမ္းဆည္းလုိ႔ရတဲ့ ေနရာဖန္တီးေပးရမွာပါ။ကစားေတြနဲ႔ေဆာ့ ကစားလုိ႔ၿပီးၿပီဆုိတာနဲ႔ အိပ္ဖုိ႕အေရးကုိ ခက္ခက္ခဲခဲတုိက္တြန္း ထိန္းေက်ာင္းေပးစရာ မလုိေလာက္ေအာင္ ေမာေမာနဲ႔ပဲ အိပ္ယာထက္မွာ အိပ္ေပ်ာ္သြားေစမွာျဖစ္ပါတယ္။

၃။ အလင္းေရာင္ေကာင္းေကာင္းနဲ႔ ေလေကာင္းေလသန္႔ရဖုိ႕အတြက္ ျပတင္းတံခါးေပါက္က်ယ္က်ယ္ေတြကုိ ကေလးငယ္ေတြ ရဲ႕ အိပ္ခန္းေတြမွာ ထည့္သြင္းထားပါ။ အျပင္ဘက္ကသဘာဝက်တဲ့ ရႈခင္းေတြနဲ႔ လတ္ဆတ္တဲ့ခံစားမႈေတြ ခံစားႏုိင္တာေၾကာင့္ အိပ္စက္အနားယူဖုိ႔ အဆင္ေျပႏုိင္မွာျဖစ္ပါတယ္။

၄။ သပ္ရပ္တဲ့ ကုတင္နဲ႔ အိပ္ခန္းအျပင္အဆင္ကုိ တည္ေဆာက္လုိက္ပါ။ ကေလးငယ္ေလးေတြစိတ္ဝင္စားတတ္တဲ့ အရုပ္ကေလးေတြ၊ အေရာင္ကေလးေတြ၊ စာအုပ္စင္ကေလးေတြကို အိပ္ခန္းထဲ မွာ ထည့္သြင္းထားတာက သူတို႔ကုိပုိၿပီး စြဲေဆာင္ေစႏုိင္မွာပါ။ ကုတင္ေလးေတြကုိလည္း သူတို႔စိတ္ဝင္စားတဲ့ ဒီဇုိင္းေလးေတြ၊ အေရာင္စပ္ကေလးေတြ၊ အရုပ္ေခါင္းအံုးကေလးေတြ၊ ေစာင္ကေလး ေတြနဲ႔အျပင္ အျခားလုိအပ္မယ့္ အခန္းတြင္းပစၥည္းေလးေတြကို ထည့္သြင္းေပးလုိက္ပါ။


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)